Ep 10 (U)

18K 2K 413
                                    

"ဘာဖြစ်တာလဲ ကိုစံသာ"

ခေတ္တရာ အဆောင်တော်ထဲဝင်လာတော့ ဝန်ထမ်းတွေ စုစုရုံးရုံးနှင့် ဖြစ်နေကြပြီး ကိုစံသာသည်လည်း အကြံအိုက်နေဟန်ဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ ခေတ္တရာကိုမြင်တော့ ကိုစံသာက ဝမ်းသာသွားသည့်ဟန်ဖြင့် မျက်နှာဝင်းပသွားလျှက် ပြေးလာပြီး ဦးညွှတ်အရိုအသေပေးသည်။

"ကြင်ရာတော်မင်းသားလေးက ဆံပင်ညှပ်ဖို့ကို ငြင်းဆန်နေလို့ပါ မင်းသားလေး"

ခေတ္တရာ အခန်းထဲသို့ ဝင်လိုက်တော့ Bo boy က ထိုင်ခုံပေါ်တွင်ခြေချိတ်၍ထိုင်နေပြီး မျက်နှာကတည်နေ၏။ ဝန်ထမ်းများကိုလည်း အခန်းထဲမှ မောင်းထုတ်ထားပုံရသည်။ နဖူးပေါ်ဝဲကျနေသည့် Bo boy ၏ဆံပင်များမှာ မျက်လုံးကိုပင်ဖုံးအုပ်လုနီးနေပြီဖြစ်သည်။ ခေတ္တရာက Bo boy နှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး...

"ဘာလို့လဲ Bo boy"

"ကျစ်! ခေါင်းကိုကိုင်ရင်မကြိုက်ဘူးလို့ ပြောပြီးသား"

"မင်းဆံပင်တွေရှည်နေပြီ"

"သိတယ်... ငါ အိမ်ပြန်မှ အိမ်နားက ညှပ်နေကျ အစ်မကြီးဆိုင်မှာပဲညှပ်မှာ"

ခေတ္တရာသက်ပြင်းချလိုက်ပြီး မျက်နှာချင်းဆိုင်မှထ၍ Bo boy ၏ဘေးတွင်ပြောင်းထိုင်လိုက်သည်။ 

"မင်း ပြန်ရဖို့က အဲ့ဒီလောက်မမြန်သေးဘူးလေ... ဆံပင်တွေရှည်နေရင် မင်း နေရခက်နေမှာပေါ့... နောက်ပြီး နန်းတော်ထဲမှာ ယောက်ျားလေးတွေ ဆံပင်အရှည်မထားရဘူး... စည်းကမ်းဖောက်ဖျက်ဖူးတာဆိုလို့ ငါ့အဖေ တစ်ယောက်ပဲရှိဖူးတယ်"

"ဒါဆို မင်းအဖေက ဆံပင်အရှည်နဲ့ပေါ့"

"အင်း"

"ငါလည်း အရှည်ထားမှာပေါ့"

"မရဘူး! နန်းတော်ကမင်းသားတွေ အရှည်ထားခွင့်မရှိဘူး"

"အဲ့ဒါဆိုလည်း အဲ့ဒီစည်းကမ်းချက်ကြီး ပြင်ပေးကွာ... သူများခေါင်းက ဆံပင်အထိ လိုက်ထိန်းချုပ်နေတာ အရေးမှမပါတာ"

ခေတ္တရာပြုံးလိုက်မိသည်။ ခေတ္တရာ၏ တစ်ဦးတည်းသော သူငယ်ချင်းလေးက တစ်ခါတရံထိုသို့ခေါင်းမာတတ်သေးကြောင်း သိလာရသည်။ ခေတ္တရာက လက်ဝါးတစ်ဖက်ကို Bo boy ရှေ့တွင် ဖြန့်ပေးလိုက်သည်။ Bo boy က ငုံ့ကြည့်လာပြီး...

Our Neverland Where stories live. Discover now