Ep 29 (U)

17K 1.7K 246
                                    

"Bo boy"

သော်က လက်ထဲမှဂစ်တာကိုချ၍ မေမေ့ကိုမော့ကြည့်လိုက်သည်။ ခြံစည်းရိုးအုတ်တံတိုင်းရှေ့တွင်ထိုင်၍ ဂစ်တာတီးနေသည်မှာ နာရီအတော်ကြာနေပြီဖြစ်၏။ မေမေက သော်ကအားဂရုဏာမျက်ဝန်းတို့ဖြင့်ကြည့်ကာ သက်ပြင်းချလိုက်ပြီး...

"ခဏ နားပါဦးလား Bo boy ရယ်... ညနေ ဒေးဗစ်တို့လာခေါ်ရင် အပြင်လေးဘာလေးသွားလည်ပါလား... ဟိုနေ့ကလည်း လိုက်မသွားဘူး... တစ်ခါတလေ စိတ်ပြေလက်ပျောက်ပေါ့ Bo boy ရဲ့"

မေမေ့အပြောကို သော်ကခေါင်းရမ်း၍ငြင်းလိုက်သည်။ သော်ကတွင် စိတ်ပြေလက်ပျောက်နေရန် အချိန်မရှိ။

"အသံတွေ မကြားရတော့ဘူးမေမေ... စာတွေရေးတာလည်း မပေါ်ဘူး... Connection မရှိတော့မှာ ကျွန်တော်ကြောက်နေတယ်... ဟိုဘက်က အသံတွေမကြားရမချင်း ကျွန်တော်စိတ်အေးနိုင်မှာမဟုတ်ဘူး"

သော်က မြက်ခင်းတွင်ထိုင်နေရာမှ ထလိုက်ပြီး အုတ်နံရံနားသို့ တိုးကပ်ကာ နားစွင့်နေမိပြန်သည်။ ခြံရှေ့မှဖြတ်သွားသော ကားသံမှလွဲ၍ ပကတိငြိမ်သက်နေ၏။

"အရင်ကလည်း Bo boy နေ့တိုင်းကြားနေရတာမှမဟုတ်တာ... နောက်ရက်တွေ ကြားချင်ကြားရမှာပါ သားရယ်... အခုတော့ ခဏနားပါဦး... ဟော... ဟိုမှာ အောင်စံဖြိုးလာပြီ"

"Bo boy ဘယ်မှမသွားဘူးလား"

အောင်စံဖြိုးက ခြံထဲသို့ဝင်လာရင်း သော်ကအားမေးသည်။

"အေး... မသွားဘူး... ဟိတ်ကောင် လာဦး... မင်းတို့နံရံမှာစာရေးတော့ ဘယ်သူရေးတာလဲ"

"ဦးသိင်္ဃမင်းဉာဏ် ရေးတာ"

သော်က တစ်ခုစဉ်းစားမိသွားသည်။ အက်ဒယ်လင်းဘက်ခြမ်းမှ အချိန်ကိုအသိပေးခဲ့တုန်းကလည်း ခေတ် ကိုယ်တိုင်ရေးခဲ့ခြင်းဖြစ်၏။

"ငါ စဉ်းစားမိပြီ... အောင်စံဖြိုး... စာရေးနိုင်တဲ့ connection က အက်ဒယ်လင်းက လူတွေမှာပဲရှိတာ"

"ဒါကြောင့် မင်းရေးရင်ပျက်သွားတာနေမှာ... မင်းရဲ့ connection ကရော အသံကြားရတာတစ်ခုပဲလား"

"မဟုတ်ဘူး... ငါ စကားပြောလို့ရတယ်... ငါ့ဂစ်တာသံနဲ့ သီချင်းဆိုသံကို ခေတ် က ကြားရတယ်"

Our Neverland Where stories live. Discover now