Extra 1 (U)

16.4K 1.6K 234
                                    

နေလုံးသည် ပင်လယ်အောက်သို့ ငုတ်လျှိုးပျောက်ကွယ်လုဆဲအချိန်တွင် ခေတ္တရာနှင့် Bo boy တို့သည် နန်းရေးရာဝန်ကြီးဟောင်း ဦးကောင်းဇံ၏ နောက်ဆုံးအချိန်ကို စိတ်မကောင်းစွာ စောင့်ပေးနေကြရ၏။

"သောမာန် နဲ့ အဂ္ဂါ"

"ငါတို့နှစ်ယောက်လုံး ဒီမှာရှိတယ် ကောင်းဇံ"

ခေတ္တရာက ဦးကောင်းဇံ၏ ကျုံလှီနေသောလက်အစုံကိုဆုပ်ကိုင်၍ အသိပေးလိုက်သည်။ ဦးကောင်းဇံကတည်ငြိမ်စွာဖြင့် ခေါင်းညိတ်သည်။ ထို့နောက် လေသံတိုးတိုးဖြင့်...

"မင်းတို့ရဲ့ နောက်ဆုံးခရီးတွေကို ငါပို့ဆောင်ပေးခဲ့ဖူးပြီ... ကံကြမ္မာတွေတကြော့ပြန်လည်တော့ အခုမင်းတို့က ငါ့ရဲ့နောက်ဆုံးခရီးကို ပို့ဆောင်ပေးကြရပြန်ဦးမယ်"

ခေတ္တရာ ရင်နင့်စွာဖြင့်ခေါင်းကို ငုံ့ချမိတော့ Bo boy က ခေတ္တရာ၏ပုခုံးအား ဆုပ်ကိုင်၍နှစ်သိမ့်ပေးသည်။

"ကောင်းဇံ... ဟိုးတုန်းကရော အခုရော မင်းကို ငါတို့သိပ်ကျေးဇူးတင်နေခဲ့တာပါ... မင်း တာဝန်တွေအများကြီးကျေခဲ့ပြီးပြီ... မင်းဟာ အက်ဒယ်လင်းတော်ဝင်နန်းတော်အတွက် ဘဝတစ်ခုလုံးကို ကိုယ်ရောစိတ်ရော မြှုတ်နှံထားပေးခဲ့ပြီး ငါတို့နှစ်ယောက်အတွက် တကယ်ကို သူငယ်ချင်းကောင်း ပီသပေးခဲ့တဲ့သူပါ"

Bo boy ၏ အပြောကြောင့် ဦးကောင်းဇံက ကျေနပ်စွာခပ်ယဲ့ယဲ့ ပြုံးသည်။

"မင်းတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတရားတွေ ခိုင်မြဲခဲ့ကြတာကို ငါ့ တစ်ဘဝထဲမှာ နှစ်ကြိမ်တောင်မြင်တွေ့ခွင့်ရခဲ့တဲ့အတွက် ငါက ပိုပြီးပီတိဖြစ်ရပါတယ်... သိပ်ကို ကျေနပ်အားရစရာကောင်းပြီး သန်မာတဲ့ချစ်ခြင်းတွေပဲ"

ကြင်ရာတော် လုပ်ကြံခံခဲ့ရစဉ်ညက အဂ္ဂါနှင့်ကောင်းဇံတို့ နန်းတော်အပြင်ဘက်သို့ လှည့်စားပထုတ်ခံထားရသည့်ကြားမှ အတူတူတိုက်ခိုက်ကာ နန်းတွင်းသို့ပြန်ဝင်ခဲ့ကြရသည်ကို ခေတ္တရာမှတ်မိနေသည်။ ကောင်းဇံသည် အသက်ကိုပင် ပဓာနမထားပဲ သူငယ်ချင်းကောင်းပီသခဲ့သူဖြစ်၏။

"သံသရာမှာ အခွင့်ရှိသေးရင် ဘယ်လိုအနေထားမျိုးနဲ့ဖြစ်ဖြစ်ထပ်တွေ့ခွင့်ရချင်ပါသေးတယ် သူငယ်ချင်းတို့"

Our Neverland Where stories live. Discover now