Extra 2 (U)

18K 1.7K 364
                                    

နွေးထွေးတင်းကျပ်စွာ ပွေ့ဖက်ခံထားရမှုအောက်တွင် ခန္ဓာကိုယ်ကလှုပ်၍မရ။ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကြည့်မိတော့မှ ကိုယ်ရောက်နေသည့်နေရာသည် အက်ဒယ်လင်းမဟုတ်ကြောင်း ခေတ္တရာ အမှတ်ရမိသွားသည်။

"အင်း..."

ကျောပြင်နှင့်ထိကပ်နေသည့် ရင်ခွင်၏အနွေးဓာတ်ကြောင့် ခေတ္တရာ၏ကိုယ်ပေါ်တွင် အဝတ်အစားတို့ရှိမနေသည်ကို သတိထားမိရ၏။

"Bo boy"

ခေတ္တရာ ကိုယ်ကိုအနည်းငယ်စောင်းလှည့်၍ Bo boy ကို နှိုးရသည်။

"ဟင့်အင်း အိပ်ဦးမှာ"

Bo boy က ခေတ္တရာအားတိုးဖက်၍ အိပ်ချင်မူးတူးသံဖြင့် ဖြေသည်။

"Bo boy, မအိပ်နဲ့တော့... မေမေတို့ အိမ်ရောက်နေတာ"

Bo boy က ခေတ္တရာ၏လည်ကုတ်အား နောက်မှနေ၍တရွှတ်ရွှတ်နမ်းနေပြီးမှ...

"အဟင်း... သိသားပဲ... မင်းက ယောက်ျားကိုစိတ်ဆိုးပြီး ယောက္ခမအိမ်ဆင်းသွားတာလေ... ဘယ်ဆင်းသွားသွား ငါ့လက်ကလွတ်မယ်ထင်နေတာလား"

"မင်းကိုဘယ်သူက လိုက်လာခိုင်းလို့လဲ"

"အဟား... မင်းလွမ်းနေမှာစိုးလို့ လိုက်လာပေးတာ"

"မလွမ်းဘူး"

"တကယ်ကြီးပေါ့... အဲ့ဒါဆို ဘာလို့ညက အရမ်းဆိုး..."

"မပြောနဲ့!"

ခေတ္တရာ Bo boy ၏ ပါးစပ်ကိုလက်ဖြင့်ပိတ်ထားလိုက်သည်။ Bo boy ၏ လည်တိုင်နှင့် ရင်ဘတ်များတွင် နီညိုရောင်သန်းနေသောအရာများအား မြင်နေရ၏။ ကျောပြင်တွင်လည်း ကုတ်ခြစ်မိသည့်အရာတွေ သေချာပေါက်ရှိနေလိမ့်မည်။ ခေတ္တရာ၏ကိုယ်ပေါ်တွင်လည်း အလားတူအမှတ်အသားများ ရှိနေမည်ကိုငုံ့မကြည့်လည်း သိနေ၏။ လက်ကောက်ဝတ်ကို မြှောက်ကြည့်မိတော့ Bo boy ဆုပ်ကိုင်ဖိညှစ်ထားသည့် လက်ရာတွေက အထင်းသား။ ခါးစပ်နှစ်ဖက်မှာလည်း သေချာပေါက် ရှိနေလိမ့်မည်။

ခေတ္တရာရော Bo boy ရော နှစ်ဦးစလုံးက ငယ်ရွယ်ပြီးကျန်းမာသန်စွမ်းနေသူများ ဖြစ်နေကြသေး၍လား မပြောတတ် ချစ်ကြပြီဆိုလိုက်တိုင်း အချစ်ဆိပ်က အဆုံးထိတက်သည်။ တစ်ဦးကိုတစ်ဦး တက်မက်လွန်းကြ၍ထင်သည် ချစ်ပြီးတိုင်းပြန်ရသည့် စိတ်ကျေနပ်မှုကလည်း မိုင်ကုန်ဂိတ်ဆုံး။ ထိုအရာကို ပင်လယ်ရေလို ငတ်မပြေစွာဖြင့် ထပ်ခါထပ်ခါနစ်ဝင်ကြသည်ကလည်း တိုင်ပင်စရာပင်မလို။ ခေတ္တရာ၏လိုအင်တွေကိုလည်း Bo boy က ထုတ်ပြောစရာမလိုအောင်သိသည်။ Bo boy ၏ လိုအင်တိုင်းကိုလည်း ခေတ္တရာက အကန့်အသတ်မဲ့ အလိုလိုက်နိုင်၏။

Our Neverland Where stories live. Discover now