Ep 16 (U)

17.9K 1.7K 481
                                    

သော်က ရေချိုးခန်းထဲရှိ ကိုယ်လုံးပေါ်မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိသည်။ ခေတ် ပေးထားသည့်အမှတ်အသားတွေက နေရာအနှံ့။ လည်တိုင်တစ်ဖက်ခြမ်းမှာဆို ထပ်ခါထပ်ခါစုပ်ယူနမ်းရှိုက်ခံထားရသဖြင့် ညိုမဲပင်စွဲနေပြီ။ ညှပ်ရိုးတစ်လျှောက်နှင့် ရင်အုပ်တွေမှာ ခရမ်းရောင်ပင်သန်းစပြုနေသောအကွက်တွေ။ ပုခုံးထက်တွင်လည်း ကိုက်ခဲခံထားရသည့်သွားရာတွေအပြင် ကျောပြင်၌လည်း လက်သည်းရာတွေက အစင်းလိုက်။

"အဟက်... ခေတ္တရာမင်းဉာဏ်က ဆိုးလိုက်တာကွာ"

သော်ကမျက်နှာ ပြုံးနေမိသည်မှာရပ်တန့်၍မရတော့ပေ။ ညဝတ်ဘောင်းဘီတစ်ထည်သာ ကောက်ဝတ်လိုက်ပြီး ရေချိုးခန်းထဲမှထွက်ကာ ခုထိမနိုးသေးသော ခေတ်ကိုနှိုးဖို့လုပ်ရသည်။ မနက်ခင်း အစည်းအဝေးတက်စရာတွေရှိနေပြီး မမဒေဝီ၏အဖေ ဦးသိဒ္ဓိနှင့်တွေ့ရန်လည်းရှိသေးသည်။

"ခေတ်"

သော်က ခုတင်ပေါ်ပြန်တက်ပြီး စောင်ပုံထဲမှခေတ်ကိုဆွဲထုတ်၍ တွေ့ရာနေရာများကို ဆွဲနမ်းပစ်လိုက်သည်။ ခေတ်၏ ကိုယ်တွင်လည်း ညကသော်ကပြန်ဝတ်ပေးထားသော ညဝတ်ဘောင်းဘီတစ်ထည်သာရှိ၏။

"ခေတ်"

"အင်းးးး"

ခေတ်က မျက်မှောင်ကျုံ့ကာပြန်ထူးသော်လည်း မျက်လုံးများကဖွင့်မလာသေး။ သော်က စောင်ထဲသို့တိုးဝင်လိုက်ပြီး ခေတ်အပေါ်တွင်မှောက်အိပ်တော့ ပြန်ဖက်ထားပေးလာသည်။ ခေတ်အား ချစ်ရသည်ကို သော်က သဘောအကျကြီးကျနေမိသည်။ ကျောင်းတုန်းက အီစကလီရိုက်ခဲ့ဖူးသူ နူးနူးညံ့ညံ့မိန်းကလေးများထက် ကိုယ်နဲ့တန်းတူ ကြမ်းရမ်းနိုင်သည့် ခေတ်ကိုတွေ့မှ ကျန်တာတွေဘယ်အရာမှ မတိုးတော့သည့်အဖြစ်။

"ခေတ်... ရေချိုးကြမယ်... အိပ်ရာခင်းတွေ ညစ်ပတ်နေပြီ"

"အွန်း... ခဏဖက်ထားပေး... ဒီလိုလေးနေပြီး အားသွင်းဦးမယ်"

သော်က သဘောကျစွာပြုံးလိုက်ပြီး ခေတ်၏ကိုယ်ပေါ်တွင်မှောက်အိပ်နေရာမှ အထက်သို့နည်းနည်းတိုးလိုက်ပြီး လည်တိုင်တွင်မျက်နှာအပ်၍ ဖက်ထားပေးလိုက်သည်။

Our Neverland Where stories live. Discover now