Ep 8 (U)

17.9K 1.9K 386
                                    

"မနက်ဖြန် မဖြစ်နိုင်ဘူး"

မယ်တော်ကြီး၏ စကားကြောင့် သော်က စိတ်ညစ်သွားရသည်။

"ဘွားဘွား"

"မယ်တော်ကြီးလို့ ခေါ်ရပါမယ် ကြင်ရာတော်မင်းသားလေး"

ဦးဒီပက ဘေးမှနေ၍ စကားပြင်ပေးပြန်၏။ မယ်တော်ကြီးကပြုံး၍ သော်ကအားကြည့်လာသည်။

"အိမ်ရှေ့စံလက်ဆက်ပွဲဆိုတာ သာမန်ကျင်းပလို့ရတဲ့အရာမဟုတ်ပါဘူးကွယ်... မြို့ထဲမှာလည်းလှည့်လည်ပြီး လုထုတွေ့ဆုံပွဲတွေလုပ်ကြရဦးမှာ... အခု မင်းသားလေးတို့နှစ်ယောက်ရဲ့ မျက်နှာတွေကိုလည်းကြည့်ပါဦး... ဒဏ်ရာဒဏ်ချက်တွေနဲ့... ဒီပုံစံနဲ့ လူထုရှေ့ကိုဘယ်လိုများထွက်ဦးမလို့လဲ"

မယ်မယ်ကလည်း ဝင်၍ထောက်ခံသည်။

"ဟုတ်သားပဲ... အခုတောင် နန်းတွင်းထဲမှာ ဖုန်းကင်မရာတွေ တားမြစ်ထားလို့သာပေါ့... မဟုတ်ရင် ဒီမျက်နှာတွေ လူထုထဲမှာပြန့်နေလောက်ပြီ... ဒဏ်ရာတွေပျောက်အောင် အရင်ဆေးကုရမယ်... နောက်ထပ်ဒီလိုထိုးလားကျိတ်လား ရန်ဖြစ်တာတွေ မယ်မယ်တို့ထပ်ပြီး မမြင်ချင်ဘူး"

"နန်းတွင်းဆရာဝန်ရောက်ပါပြီ မယ်မယ်"

ဝန်းထမ်းတစ်ယောက်၏ အသိပေးသံနှင့်အတူ ဆရာဝန်တစ်ဦး ခန်းမဆောင်အတွင်းသို့ဝင်လာသည်။ ထို့နောက် သော်ကနှင့် ခေတ္တရာမင်းဉာဏ်တို့၏ ခန္ဓာကိုယ်အား စစ်ဆေး၍ မျက်နှာမှဒဏ်ရာများကို ဆေးထည့်ပေးသည်။

"အမာရွတ်ပျောက်ဆေးတော့ ပုံမှန်လိမ်းရပါမယ် မင်းသားလေးတို့... ဆေးတွေက အာနိသင်ကောင်းတာမို့ နှစ်ရက် သုံးရက်နေရင်ပျောက်ပါပြီ"

ဆေးထည့်ထားသဖြင့် နှုတ်ခမ်းထောင့်စွန်းဆီမှ စပ်ဖျဉ်းဖျဉ်းဝေဒနာကြောင့် သော်က မျက်မှောင်ကျုံ့လျှက် ခေတ္တရာမင်းဉာဏ်အားကြည့်လိုက်သည်။ သူကလည်း သော်ကအား ခပ်တည်တည်နှင့် မထုံတက်တေးပြန်ကြည့်နေ၏။ မယ်တော်ကြီးက သော်ကတို့နှစ်ယောက်အား သဘောတကျနှင့် တစ်ပြုံးပြုံးဖြစ်နေသည်။

"မင်းသားလေးတို့ ကိုယ့်နန်းဆောင်ကိုယ်ပြန်ပြီး နားကြပါ... နောက်သုံးရက်နေရင် လက်ဆက်ပွဲနဲ့ လူထုတွေ့ဆုံပွဲ လုပ်ပေးမှာမို့ သည်းခံကြပါဦး... ဒီကြားထဲ ထပ်ပြီးရန်မဖြစ်ဖို့ မယ်မယ်တို့ကမျှော်လင့်ပါတယ်"

Our Neverland Where stories live. Discover now