Ep 3 (U)

20.7K 2K 192
                                    

"ဝမ်း...တူး... ဝမ်း...တူး...ဟုတ်ပြီ... ပုခုံးကို ကျုံ့မထားနဲ့"

"ဟုတ်နေပြီဟေ့... ငါ့တူတောင် ဘော်ဒီက တော်တော်လေးတောင့်နေမှပဲ"

ခြံထဲတွင် Boxing လေ့ကျင့်သည့်ဆရာနှင့် လေ့ကျင့်နေသော သော်ကအား လေးလေးကြီးကထိုင်ကြည့်ပြီး ချီးမွမ်းခန်းဖွင့်နေသည်။ တက်သည့်အရွယ်မို့ သော်က၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုမှာလည်း တစ်ရှိန်ထိုးပင်။  ဖေဖေ့အသိ လုပ်ငန်းရှင်တွေက သော်ကအား visual ကောင်း၍ အရပ်ရှည်ကာ ခန္ဓာကိုယ်အချိုးအစားလည်းပြေပြစ်သဖြင့် Product ကြော်ငြာများရိုက်ရန် ခဏခဏလာကမ်းလှမ်းတတ်ကြသည်။ သော်က က အနုပညာအလုပ်ဆိုလျှင် ဂစ်တာတီးတာကလွဲ၍ ဘာတစ်ခုမှ ဝါသနာမပါပေ။

Boxing လေ့ကျင့်ပြီး၍ သော်ကရေချိုးသန့်စင်ကာ အိမ်အောက်ထပ်သို့ဆင်းလာစဉ် ဧည့်ခန်း၌ ဖေဖေနှင့် လေးလေးကြီးတို့ ရုပ်မြင်သံကြားမှ နိုင်ငံတကာသတင်းကြည့်နေကြသည်။

"ပြီးခဲ့တဲ့ အင်္ဂါနေ့က လူအယောက် ၂၀ လိုက်ပါစီးနင်းလာပြီး ဘဟားမားမြို့ကနေ ဖလော်ရီဒါ သို့ ထွက်ခွါခဲ့သော သင်္ဘောငယ်တစ်စီးဟာ ဖလော်ရီဒါကို ဆိုက်ရောက်လာခြင်းမရှိဘဲ ကြားထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်... အမေရိကန်နိုင်ငံမှ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရေမိုင်ပေါင်း ၁၇၀၀၀ အထိရှာဖွေခဲ့ကြပေမယ့် မတွေ့ရှိခဲ့တာကြောင့် ရှာဖွေမှုကိုရပ်ဆိုင်းလိုက်ပြီလို့ ထုတ်ပြန်ကြေငြာထားတဲ့အကြောင်း CNN သတင်းဌာနက ဖော်ပြသွားပါတယ်ရှင်"

ဤသင်္ဘောပျောက်ဆုံးသည့် သတင်းအား သော်က facebook တွင် တွေ့ခဲ့ပြီးပြီ။

"ခုတလော သင်္ဘောတွေ ပျောက်လိုက် လေယာဉ်တွေပျောက်လိုက်နဲ့ ဘာတွေဖြစ်ကုန်မှန်းကို မသိဘူး"

"လေးလေးကြီး... အဲ့ဒါ ဖလော်ရီဒါမှာဆိုတော့ ဘာမြူဒါတြိဂံ ထဲရောက်သွားတာနေမှာနော်"

လေးလေးကြီး၏ အပြောကို အိမ်ပေါ်မှ တဒုန်းဒုန်းပြေးဆင်းလာသော ညီမလေးက အားတက်သရော ဝင်ပြောလာသည်။ သော်က ရယ်လိုက်ရင်း ညီမလေး၏ခေါင်းကို လှမ်းထုလိုက်ကာ

Our Neverland Where stories live. Discover now