3.2 (10)

66 2 0
                                    

Soul land2 အပိုင်း ၃•၂(အပိုင်း၁၀)
" နှစ်တစ်သန်း ဝိညာဉ်စက်ကွင်း "
°°°
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သက်ပြင်းချလိုက်ပါတယ်။

" ကံမကောင်းစွာနဲ့ပဲ ဒီအစ်ကိုကြီးက ကံဆိုးမိုးမှောင်ကျသွားခဲ့သေးတယ်...နှစ်တစ်သောင်းသားရဲကောင် ဖြစ်သွားတဲ့ကိစ္စက တကယ်တော့ လူကိုထိခိုက်နိုင်တဲ့ နှစ်ဖက်သွားဓားလိုပဲ သူတို့ထိန်းချုပ်မှုအောက်ကနေ လွှတ်မြောက်နိုင်ခဲ့ပေမဲ့ သက်တမ်းက ရုတ်တရက်ဆိုသလို ကောင်းကင်ကပ်ဆိုးကြောင့် အဆုံးသတ်တော့မလို ဖြစ်သွားခဲ့ရတယ်လေ အကယ်၍ တခြားနည်းလမ်းပေါင်းစုံနဲ့ ကိုယ့်အသက်ကိုသာ မထိန်းထားနိုင်ခဲ့ဘူးဆိုရင် မောပန်းလွန်လို့ သေသွားလောက်ပြီး အဲ့ဒီအချိန်မှာပဲ ငါအစ်ကိုကြီးက မင်းနဲ့ တွေ့ဆုံရတော့တာပေါ့ မင်းက အတော်လေး အားနည်းပေမဲ့ ရွေးချယ်စရာတော့ မရှိခဲ့ဘူး...ဒါ့အပြင် တူညီတဲ့စိတ်ဝိညာဉ်အမျိုးအစား ခန္ဓာကိုယ်ကိုလဲ ပိုင်ဆိုင်ထားသေးတယ်လေ ဒီတော့ ဒီအစ်ကိုကြီးလဲ မင်းခန္ဓာကိုယ်နဲ့ပေါင်းစည်းဖို့ပဲ လုပ်ရတော့တာပေါ့ မင်းပုံစံဘယ်လိုပဲဖြစ်နေပါစေ ခွေးမသားတွေက ဒီအစ်ကိုကြီးရဲ့ တန်ဖိုးအကြီးဆုံးအရာကိုလုံး၀ မရစေရဘူး "

ဟို့ယွိဟောင်ကတော့ နောက်ဆုံးမှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ပုံပြင်ကို နားထောင်နေရင်း အကြောက်တရားတွေ ပျောက်ကွယ်သွားပါတော့တယ်။ သူ့စိတ်ထဲမှာ မကျေမနပ်ဖြစ်လာရင်း ပြောတော့တယ်။

" သူတို့က အရမ်းကို လွန်လွန်တာပဲ ဘယ်လိုလုပ်ဒီလိုပြုမှုနိုင်ရတာလဲ နှစ်ပေါင်းတစ်သောင်းတောင်မှ တကယ်ကြီး ဖမ်းဆီးထားတယ်ပေါ့ "

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ ပိုလို့ဒေါသထွက်လာခဲ့ပြီး ဆက်ပြောပါတော့တယ်။

" ဟုတ်တယ်လေ ဒီအစ်ကိုကြီးက အတော်လေးချစ်စရာကောင်းပြီ ချောမောခန့်ညားတဲ့အပြင် သာမန်တာတောင်မှ သူတို့တွေက ဒီအစ်ကိုကြီးကို အစာအဖြစ် သတ်မှတ်နေကြသေးတယ်....အခုတော့ ကိစ္စတွေ အဆင်ပြေသွားပါပြီး ကိစ္စအားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် သူတို့လက်ထဲကလဲ လွှတ်လာရုံတင်မကဘူး ခန္ဓာကိုယ်ကိုလဲ သူတို့ဆီ မရောက်အောင် ထိန်းသိမ်းထားနိုင်သေးတယ်...ဟို့ယွိဟောင် မင်းက ငယ်ရွယ်ပြီး ဘာအရည်အချင်းမှ မရှိသေးပေမဲ့ စိတ်ဓာတ်သန့်စင်နေတာက ကံကောင်းတာပဲ ငါအစ်ကိုကြီး မင်းကို မြေတောင်မြောက်ပေးဖို့ အစီအစဉ်ရှိတယ်...အနာဂတ်မှာ မင်းသန်မာလာရင်း လက်စားချေဖို့ ကူညီပေး သူတို့တွေက ငါ့ရဲ့ဝိညာဉ်အင်အားကို အသုံးပြုပြီ အဆင့်တက်ဖို့ကြိုးစားကြမှာမဟုတ်လား အနာဂတ်မှာ သူတို့တွေအားလုံးကို မင်းအတွက် ဝိညာဉ်စက်ကွင်းတွေနဲ့ ဝိညာဉ်အရိုးတွေအဖြစ် ပြောင်းပြစ်လိုက် "

ဟို့ယွိဟောင်ကတော့ ပြန်ဖြေပါတော့တယ်။

" ကျွန်တော်သေချာပေါက် အရွယ်ရောက်လာတဲ့အချိန် လက်စားချေပေးမယ် "

ဒီလူသားနဲ့ သားရဲကောင်ရဲ့ ဆက်ဆံရေးက အံ့ဩစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကြောင့် ပိုလို့တိုးတက်လာခဲ့ပါတယ်။

အမှန်တကယ်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်းက နှစ်ပေါင်းသန်းနဲ့ချီပြီကြာအောင် အသက်ရှည်လာပြီဖြစ်ပေမဲ့ ဝိညာဉ်သားရဲကောင်တစ်ချို့နဲ့သာ ကြုံတွေ့ခဲ့ရသေးတယ်။ သူ့ရဲ့ အသိဉာဏ်က လူသားတွေနဲ့သိပ်ပြီးမကွာခြားပါဘူး။ လူသားတွေမှာ ကောက်ကျစ်နိုင်တဲ့နှလုံးသားတွေ ရှိနိုင်ခဲ့တာဆိုတာကို သူ မသိခဲ့တာ ဖြစ်ပါလိမ့်မယ်။ အကယ်၍ လူသားတစ်ယောက်ကသာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လိုကြုံတွေ့ခဲ့ရတဲ့ ကံကောင်းမှုမျိုးကို ကြုံတွေ့ရမယ်ဆိုရင် သေချာပေါက် သူ့ရဲ့ ပုံပြင်ကို ဒီလောက်လွယ်လွယ်ကူကူ ပြောပြနေမှာ မဟုတ်ပါဘူး။ ဟို့ယွိဟောင်လို စိတ်နှလုံးသန့်စင်သေးတဲ့ ကလေးတစ်ယောက်ကို ရွေးချယ်မိတာက သူ့အတွက် အတော်လေးကံကောင်းတဲ့အရာ ဖြစ်သွားခဲ့တယ်။

" အစ်ကိုကြီးကောင်းကင်အိပ်မက် ကျွန်တော်နားမလည်တဲ့ကိစ္စတစ်ချို့ ရှိနေသေးတယ်...ဒီလောက်ကြီး သန်မာနေပြီဆိုမှတော့ ကျွန်တော်ရဲ့ ကိုယ်ပိုင်ဝိညာဉ်စက်ကွင်းဖြစ်ဖို့ ဘာကြောင့် စွမ်းအားတွေကို ချိတ်ပိတ်ထားရတာလဲ ကျွန်တော်ကို ဘာလို့ရွေးရတာလဲ "

အကြောက်ပြေသွားပြီတဲ့နောက် ဟို့ယွိဟောင်က သိလိုစိတ်ပြင်းပြလာပါတော့တယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ရယ်မောရင်းနဲ့ ပြောလာခဲ့တယ်။

" ဒီအစ်ကိုကြီးမှာ နည်းလမ်းရှိတယ်...ပြောရမယ်ဆိုရင် ဒီကိစ္စကို ငါ စီစဉ်ထားတာ ကြာလှပြီးလေ ဒါကြောင့် သင့်တော်သလောက်လဲ ပြင်ပြင်ဆင်ဆင်တွေ လုပ်ထားတယ်....လူသားတွေကိုပေါင်းစည်းဖို့လုပ်တဲ့အချိန်မှာ အ ရေးကြီးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေလဲ ရလာတယ်....လက်ရှိအချိန်မှာ မင်းလုံခြုံစိတ်ချရစေဖို့ ငါတတ်နိုင်သလောက်ကူညီပေးမယ်...ငါ့မှာလဲ နောက်ဆုတ်ဖို့ပြန်လမ်းမရှိတော့ဘူးလေ မင်းသေရင် ငါလဲသေမယ် ငါ့ရဲ့ မူလဝိညာဉ်စွမ်းအားအကုန်လုံးကို အဲ့ဒီတောထဲမှာရှိတဲ့ အကောင်တွေက စုပ်ယူလို့ ကုန်လုခမ်းမတတ် ဖြစ်နေပြီး မဟုတ်ရင် မင်းခန္ဓာကိုယ်ကလဲ ငါ့စွမ်းအားကို တောင့်ခံနိုင်မှာမဟုတ်ဘူး...ငါဘယ်လောက်ပဲ ချိတ်ပိတ်ထားနိုင်ပါစေ မင်းပေါက်ကွဲထွက်သွားနိုင်တယ်...မင်းနဲ့ ငါနဲ့ ခန္ဓာကိုယ်ပေါင်းစည်းသွားပြီတဲ့နောက် စွမ်းအားအများစုက အတူတူဖြစ်သွားပြီးပြီ အဲ့ဒီအလင်းတန်း ၁၀ ခုကို မြင်တယ်မလား...ဒါက ငါပြင်ဆင်ထားတဲ့ ချိတ်ပိတ်စည်းဆယ့်ခုပဲ နောက်တစ်နည်းပြောရမယ်ဆိုရင် မင်းက မင်းရဲ့ ပထမဝိညာဉ်စက်ကွင်းစွမ်းအားကိုရနေပြီး ဒါပေမယ့် လက်ရှိအချိန်မှာ ယာယီတော့အသုံးပြုနိုင်သေးမှာမဟုတ်ဘူး "

" ဒါကြောင့် မင်းရဲ့ ပထမဝိညာဉ်စက်ကွင်းက နှစ်တစ်သန်းဝိဉာဉ်စက်ကွင်းဖြစ်နေရင်တောင် လက်ရှိအချိန်မှာ အဲ့ဒီလောက် အစွမ်းအစရှိမနေဘူးလေ ဒါပေမယ့် မင်းခန္ဓာကိုယ်တွေက ငါချိတ်ပိတ်ထားတဲ့ စွမ်းအားတွေက မင်းရဲ့ အဆင့်တိုးတက်လာတာနဲ့အမျှ တဖြည်းဖြည်းချင်းဆီ ပွင့်လာလိမ့်မယ်...ဝိညာဉ်စက်ကွင်းရဲ့ စွမ်းအားကိုလဲ တိုးတက်လာစေလိမ့်မယ်...အနာဂတ်မှာ ဝိညာဉ်စက်ကွင်းတွေ ပိုရလို့ရှိရင်း နှစ်ပေါင်းသန်းနဲ့ချီပြီစုစည်းထားတဲ့ စွမ်းအားတွေက မင်းအတွက် ဖြစ်လာမှာပဲ ဒါပေမယ့် လက်ရှိအချိန်မှာတော့ လက်ခံနိုင်ဖို့ များလွန်နေသေးတယ် "

" အစ်ကိုကြီးပြောနေတာကို ကျွန်တော်အခုအပြည့်အ၀ နားလည်သေးဘူး "

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ မပျော်မရွှင်နဲ့ ဆက်ပြောလာခဲ့တယ်။

" ငတုံးလေး ငါပြောနေတာ ကိစ္စတစ်ခုထဲကိုပဲ မင်းရဲ့ခန္ဓာကိုယ်က လက်ရှိအချိန်မှာ ပထမဝိညာဉ်စက်ကွင်းကို ရပြီးပြီ ဒါ့အပြင် နှစ်လေးရာသားရဲကောင်ရဲ့ စွမ်းအားကိုပဲ အများဆုံးတောင့်ခံထားနိုင်မှာ ဒါကြောင့် မင်းရဲ့ပထမဆုံးဝိညာဉ်စက်ကွင်းက နှစ်လေးရာသက်တမ်းစွမ်းအားရှိတဲ့ ဝိညာဉ်စက်ကွင်းဖြစ်လိမ့်မယ်...နှစ်တစ်ထောင်ဝိညာဉ်စက်ကွင်းရဲ့ စွမ်းအားကို ခံနိုင်ရည်ရှိတဲ့အချိန်အထိ မင်းအားကောင်းလာပြီး အဆင့်ကျော်တိုးတက်သွားပြီဆိုရင် မင်းရဲ့ဝိညာဉ်စက်ကွင်းက နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဝိညာဉ်စက်ကွင်းစွမ်းအားကိုရရှိလိမ့်မယ်.. အဲ့ဒီလိုမျိုး ဝိညာဉ်စက်ကွင်းတွေက မင်းခန္ဓာကိုယ်ခုခံနိုင်လောက်တဲ့ စွမ်းအင်ပမာဏကိုပဲ ပေးစွမ်းနေမှာ ဒါ့အပြင် အဆင့်ဆင့် တိုးတက်သွားလိမ့်မယ်...နောက်တစ်နည်းပြောရမယ်ဆိုရင် မင်းရဲ့ပထမဆုံးဝိညာဉ်စက်ကွင်းက အနာဂတ်မှာ အချိန်မရွေးတိုးတက်လာနိုင်တဲ့အပြင် နောက်ထပ်ရလာမဲ့ ဝိညာဉ်စက်ကွင်းတွေအတွက်လဲ အကျိုးရှိစေလိမ့်မယ်...ဒါ့ပေါ့ ဒီအဆင့်တက်တဲ့စွမ်းအားက မင်းရဲ့လက်ခံနိုင်စွမ်းပေါ်မှုတည်ပြီး ငါထိန်းချုပ်ပေးမှာပဲ အနာဂတ်မှာရလာတဲ့ မင်းဝိညာဉ်စက်ကွင်းတွေပိုပြီး သန်မာလာလေလေ ငါ့အတွက် အင်အားပိုချွေတာရလေပဲ မင်းခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်ထားတဲ့ စွမ်းအားတွေကို အသုံးပြုပြီ မင်းရဲ့ဝိညာဉ်စက်ကွင်းဆယ့်ခုကို နှစ်တစ်သိန်းဝိညာဉ်စက်ကွင်းတွေအထိ တိုးတက်လာအောင် ငါကူညီးပေးနိုင်တယ် "'

" အရင်အဲ့ဒီလောက်ကြီးများတာလား ဝိညာဉ်ပညာရှင်တွေက ဝိညာဉ်စက်ကွင်းကိုးခုအထိကိုပဲ ပိုင်ဆိုင်နိုင်တာမဟုတ်ဘူးလား "

ဟို့ယွိဟောင်က တအံ့တဩမေးလာခဲ့ပြန်ပါတယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ နှာခေါင်းရှုံ့လိုက်ရင်း ဆက်ပြောတယ်။

" ဒါက သာမန်လူတွေအတွက်ပဲလေ မင်းက အခုသာမန်လူမှမဟုတ်တော့တာ ဒီအစ်ကိုကြီးနဲ့ မင်းပေါင်းစည်းလိုက်ပြီဆိုတော့ မင်းရဲ့သိုင်းပညာဝိညာဉ်က စက်ကွင်းကိုးခုကို စုပ်ယူနိုင်တယ်...ဒါပေမယ့် လက်ရှိအချိန် မင်းမှာအဲ့ဒါမျိုး မရှိတော့ဘူးလေ နှစ်တစ်သိန်းဝိညာဉ်သားရဲကောင်ကို သတ်ဖြတ်ပြီရင်း ဝိညာဉ်အရိုးတစ်ခုရလိမ့်မယ်...ဒါ့အပြင် ဝိညာဉ်စွမ်းအင်နှစ်ခုပါတဲ့ ဝိညာဉ်စက်ကွင်းတစ်ခုကိုလဲ ရလိမ့်မယ်...ဒါကိုသိတယ်မလား "

ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။

" နှစ်တစ်သန်းဝိညာဉ်စက်ကွင်းက ခန့်မှန်းလို့မရအောင် ပြိုင်ဘက်ကင်းတဲ့ ဝိညာဉ်စက်ကွင်းပဲ လက်ရှိအချိန် ငါက သူတို့ထက် အမျာကြီးသန်မာတယ်...ပြန်လည်မွေးဖွားနိုင်ရုံတင်မကဘူး မင်းရဲ့ ပထမဆုံးဝိညာဉ်စက်ကွင်းလဲဖြစ်တာကြောင့် အဆုံးမရှိအောင် တိုးတက်နိုင်ပြီ မင်းခန္ဓာကိုယ်ရဲ့အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲလို့ရနိုင်တယ်...ဒါပေမယ့် ငါ့မှာမင်းကိုပေးဖို့အတွက် ဝိညာဉ်အရိုးမရှိဘူး...နောက်ထပ် သိုင်းပညာဝိညာဉ်တစ်ခုပဲရှိတယ် "

ဟို့ယွိဟောင်က ဝိညာဉ်စက်ကွင်းရဲ့ အစွမ်းသတ္တိကို ခန့်မှန်းသားပြီပေမဲ့ ဒီလောက်အထိတော့ အများကြီးမတွေးမိခဲ့ပါဘူး။ ဝိညာဉ်တစ်ခုက အဆုံးမဲ့အောင် ပြောင်းလဲတိုးတက်နိုင်တဲ့ကိစ္စကို ကြားကြားချင် သူအရမ်းကို ပျော်ရွှင်လို့သွားခဲ့ရပါတယ်။ နောက်ထပ် အကျိုးကျေးဇူးကတော့ သူ့ကို ပိုပြီး အံ့အားသင့်စေခဲ့တယ်။ ဝိညာဉ်အစွမ်းလေးခုနဲ့ သိုင်းပညာဝိညာဉ်အပိုတစ်ခုဆိုတာက ဘယ်လိုမျိုးကြီးလဲ။

၀ိညာဉ်စွမ်းအားလေးခုက ပထမဝိညာဉ်စက်ကွင်းပိုင်ဆိုင်တဲ့အရာပါ။ သူတို့ရဲ့ အစွမ်းသတ္တိက အဆင့်ကျော်တိုးတက်လာတာနဲ့အတူ ပြောင်းလဲနိုင်ပါတယ်။ ထာ၀ရအသုံးပြုလို့ရနေမဲ့စွမ်းအားတွေပါပဲ။ ဒါ့အပြင် အပိုရောက်ရှိလာမဲ့ သိုင်းပညာဝိညာဉ်ကတော့ လုံး၀ကို အံ့ဖွယ်ရာကြီးတစ်ခုလို့ ပြောလို့ရနိုင်တယ်။ သူ့လို စိတ်ဝိညာဉ်မျက်လုံးရှိတဲ့ သူအတွက် အမွှာစွမ်းအားကို ရလိုက်သလိုပါပဲ။

နောက်ထပ် သိုင်းပညာဝိညာဉ်တစ်ခု ပေါင်းထည့်လိုက်တဲ့ အကျိုးရလဒ်အနေနဲ့ သူ့မှာ အနည်းဆုံးဝိညာဉ်စက်ကွင်းကိုးခုအထိ ရှိလာနိုင်မယ်လို့ ဆ်ိုလိုတာပါ။ ဒါ့အပြင် ဝိညာဉ်စွမ်းအားလဲ ကိုးခုလောက်အထိရနိုင်ပါတယ်။ နှစ်တစ်သိန်းဝိညာဉ်စက်ကွင်းက ဒီနှစ်တစ်သန်းဝိညာဉ်စက်ကွင်းနဲ့ စွမ်းအားယှဉ်လိုက်မယ်ဆိုရင် ဘယ်လောက်များ ကွာခြားနိုင်မလဲ သူ့ရဲ့ကိုယ်ပိုင်စွမ်းအားက လက်ရှိအချိန်မှာ အားနည်းနေသေးပေမဲ့ မကြာခင်မှာ ဖြည်းဖြည်းချင်းတိုးတက်သွားတော့မှာပါ။ ဒါ့အပြင် နှစ်တစ်သန်းဝိညာဉ်စက်ကွင်းကလဲ ဟို့ယွိဟောင်အတွက် ကောင်းကင်က ဖွင့်ပေးတဲ့တံခါးချပ်ကြီးတစ်ချပ်လို ဖြစ်နေခဲ့သေးတယ်။ နုံနည်းလွန်လှတဲ့ ပါရမီက လက်ရှိအချိန်မှာတော့ ခန့်မှန်းလို့မရနိုင်လိုက်အောင် အားကောင်းတဲ့ဖြစ်နိုင်ချေတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။

" ငါမင်းကိုပေးမဲ့ သိုင်းပညာက ဝိညာဉ်ရေခဲပဲ ဒါပေမယ့် ဒီရေခဲက လက်ရှိအချိန်မှာ ဝိညာဉ်မဖြစ်သေးဘူး "

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဟို့ယွိဟောင်ကို ဆွဲလာရင်း ပြောနေခဲ့တယ်။

" အဲ့ဒါဘာကြီးလဲ "

ဟို့ယွိဟောင်က သံသယအပြည့်နဲ့ ပြန်မေးလိုက်ပါပြီ။

" လက်ရှိအချိန်မှာ ငါမင်းကို ပေးမယ်....သိုင်းပညာဝိညာဉ်က စွမ်းအင်တစ်ခုအဖြစ်ပဲ ရှိသေးတယ်...ရုပ်သွင်မပေါ်သေးဘူး ပထမဆုံးရေခဲအမျိုးအစားဝိညာဉ်စက်ကွင်းကို မင်းစုပ်ယူပြီ ဒုတိယရေခဲဝိညာဉ်ကို ပုံဖော်ဖန်တီးနိုင်မှ ပြီးပြည့်စုံသွားလိမ့်မယ်...ဒါ့အပြင် ဝိညာဉ်သားရဲကောင်တွေရဲ့ ဝိညာဉ်စက်ကွင်းကို စုပ်ယူပြီ မင်းရဲ့ဒုတိယသိုင်းပညာဝိညာဉ်ဖြစ်လာအောင် လုပ်ရမှာ...ဒါကြောင့်သာ ဒုတိယမြောက်သိုင်းပညာဝိညာဉ်က သားရဲကောင်ဝိညာဉ်ဖြစ်လာလိမ့်မယ်....စိုးရိမ်ဖို့မလိုဘူးငါမင်းအတွက် တွေးထားပြီသား လက်ရှိအချိန်မှာ မင်းရဲ့ ကျင့်ကြံတဲ့အဆင့်က မလုံလောက်သေးဘူး...အင်အားတွေသာ မြင့်လာပြီဆိုရင် ပထမဆုံးရေခဲအမျိုးအစား ဝိညာဉ်စက်ကွင်းကို ရယူဖို့အတွက် ယှဉ်ပြိုင်လိမ့်မယ်...လက်ရှိအချိန်မှာ မင်းရဲ့ဝိညာဉ်စက်ကွင်းကို အဆင့်ကျော်တိုးတက်စေဖို့ ငါမှာစွမ်းအားအလုံအလောက်မရှိသေးဘူးလို့ ဘာကြောင့်ပြောလဲ နားလည်မှာပါ...ဒါတွေကြောင့်ပဲ မင်းအရမ်းကို ဂရုစိုက်ရမယ်...ကိုယ်ရဲ့ဝိညာဉ်စက်ကွင်းကို ရွေးချယ်တဲ့အချိန်မှာ ငါ့ရဲ့အကြံပြုချက်ကို နားထောင်ရမယ် "

အပိုင်း ၃•၂ ပြီး၏။

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now