176.7.8.9.180

65 1 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၇၆+၁၇၇+၁၇၈
အပိုင်း ၅၁•၁

" လိပ်ပြာနတ်မိမယ်ဓားချက်နဲ့ ရူးသွပ်နေတဲ့ကျားဖြူ "
°°°
" ဒုတိယနေ့ အတန်းတစ် ၀မ်သုန့် "

၀မ်သုန့်က အရှေ့ကိုတိုးလာပြီ သူ့ရဲ့စမ်းသပ်ချက်စာလွှာကို ဒိုင်ဆီပေးအပ်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာ ၀မ်သုန့်က ပထမဆုံးအနေနဲ့ စမ်းသပ်ရေးနယ်မြေထဲကို ၀င်သွားခဲ့ပါတယ်။ တခြားကျောင်းသားတွေအားလုံးက ဒီလိုအပြောင်းအလဲကို သိပြီသားပါ။ ဟို့ယွိဟောင်အနေနဲ့ အစောပိုင်းတုန်းက ၀ိညာဥ်စွမ်းရည်ကို အသုံးပြုပြီ ၀ိညာဥ်သားရဲကောင်ကို တိုက်ခိုက်ခဲ့ပေးမဲ့ မထိခိုက်စေခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ၀ိညာဥ်သားရဲကောင်စွမ်းရည်ကလဲ တားဆီးခံလိုက်ရပါပြီ။ ဒါကြောင့် သူအနေနဲ့ အတန်းနံပါတ်တစ်ရဲ့ ပထမဆုံးအဖွင့်လူအဖြစ် သွားရောက်လို့မဖြစ်တော့ပါဘူး။ အတန်းနံပါတ်တစ်ကလဲ တခြားပြိုင်ဘက်တွေအားလုံးကို မျက်လုံးပြူးစေနိုင်လောက်တဲ့ ဖွင့်ပွဲတစ်ခုကိုလိုအပ်နေခဲ့ပါပြီ။

ဒါပေမယ့် ထိုက်ဟွပင်းရဲ့အမြင်မှာ ဟို့ယွိဟောင်က ငကြောက်တစ်ယောက်ပါပဲ။ ဟို့ယွိဟောင် သူ့ကို ဒူးထောက်ဦးညွတ်ရမဲ့ကိစ္စအကြောင်း တွေးလိုက်မိရုံနဲ့တင် သူခံစားခဲ့ရတဲ့နာကျင်မှုနဲ့ ခါးသီးမှုတွေက ပြေပျောက်နိုင်မှာပါ။ ဒါ့အပြင် သူ့ရဲ့စိတ်ကလဲ ဗဟာဟင်လင်းဖြစ်သွားပါတော့တယ်။ ငါလက်စားချေချင်တယ်။ သေချာပေါက်လက်စားချေချင်တယ်။ ဒီကောင်တွေအားလုံးကို ခြေထောက်အောက်မှာနင်းချေပြစ်ချင်တယ်။ အားလုံးကိုဖယ်ရှားပြစ်ဖို့ အခွင့်အရေးရရမယ်။ မဟုတ်ဘူး သူတို့ငါ့ရှေ့မှာ ဒူးထောက်ရင်း သေချာပေါက် တောင်းပန်နေရမယ်။ အဲ့ဒီလိုတောင်းပန်ပြီးမှသာ ဒီလူတွေအားလုံးကို ငါသတ်ပြစ်မှာ။

ဆယ့်သုံးနှစ်တောင်မရှိသေးတဲ့ ထိုက်ဟွပင်းရဲ့မျက်လုံးတွေကတော့ သွေးနီရောင်တောက်ပနေခဲ့ပါပြီ။ အညှာအတာကင်းမဲ့တဲ့ အကြည့်ကလဲ ဖြစ်ပေါ်လာခဲ့ပါတယ်။

" နှစ်တစ်ထောင်သားရဲကောင်ကို ရွေးချယ်ပါတယ် "

၀မ်သုန့်ရဲ့အသံက ထိုက်ဟွပင်းရဲ့အတွေးတွေကို ပြန်လည်ဆွဲယူလိုက်ပါတော့တယ်။ သူ့အနေနဲ့ ၀မ်သုန့်ရဲ့ ရွေးချယ်မှုကိုကြားချိန်မှာ လန့်သွားခဲ့ရတယ်။ နှစ်တစ်ထောင်ဝိညာဥ်စက်ကွင်းရှိပေမဲ့ ၀မ်သုန့်ရဲ့ကျင့်ကြံဆင့်က ၀ိညာဥ်ပညာရှင်တွေဖြစ်နေတုန်းပါ။ ဝိညာဥ်သားရဲကောင်ကို နှစ်တစ်ထောင်ဝိညာဥ်သားရဲကောင်ကို ရွေးချယ်ဝံ့တယ်လား။ ဒါက စာမေးပွဲအမြင့်ဆုံး ပြိုင်ဘက်ဖြစ်လာမှာပါပဲ။

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now