တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၃၇+၁၃၈
အပိုင်း ၃၇•၂" အကာအကွယ်တောင်ကြာပန်း "
°°°
ဖန်းယွီက ခုံတစ်လုံးကိုဆွဲယူလိုက်ရင်း ဟို့ယွိဟောင်ကိုကြည့်ပြီ ပြောလာခဲ့ပါတယ်။" မင်းက ငါ့ရဲ့နောက်ဆုံးတပည့်သားပဲ ဒါကြောင့် တခြားကျောင်းတော်က ဆရာတွေသင်ကြားပေးတဲ့နည်းလမ်းတွေနဲ့ မတူညီတဲ့နည်းလမ်းကို သုံးပြီးသင်ကြားပေးမယ်...တစ်ချိန်ထဲမှာပဲ ငါတို့ရဲ့ အချိန်စာရင်းကအတော်လေးကို ကြပ်နေတယ်...ဒီနေရာကို မင်းထမင်းစားပြီတဲ့အချိန်ကနေစပြီ အနည်းဆုံးနှစ်နာရီလာမှဖြစ်မယ်...ဒါနဲ့ပတ်သက်ပြီး ပြဿနာရှိလား "
ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။
" ပြဿနာမရှိပါဘူးဆရာ ကျွန်တော်အလုပ်ကြိုးစားရတာကိုမကြောက်ပါဘူး...ကျွန်တော်သေချာပေါက် ကြိုးကြိုးစားစားလေ့လာပါ့မယ် "
" မင်းကြိုးစားမယ်ဆိုတဲ့ ကိစ္စကို ပြောနေစရာမလိုဘူး အလုပ်နဲ့ပဲ သက်သေပြ ငါမင်းကိုမေးမယ်..ဝိညာဥ်လက်နက်တွေဆိုတာဘာတွေလဲ "
ဟို့ယွိဟောင်ရဲ့ ဝိညာဥ်လက်နက်တွေအပေါ် နားလည်မှုက အတော်ကို အကန့်အသတ်ရှိနေခဲ့ပါတယ်။
ဖန်းယွီအနေနဲ့လဲ ဟို့ယွိဟောင်ရဲ့မေးခွန်းအဖြေပေါ်မှာသိပ်ပြီး မျှော်လင့်ချက်ရှိမနေခဲ့ပါဘူး။ ဒါကြောင့် သူမေးခွန်းကိုသူဘာသာသူ ပြန်ဖြေလိုက်ပါတယ်။
" ဝိညာဥ်လက်နက်တွေဆိုတာက ဝိညာဥ်ပညာရှင်တွေအနေနဲ့ သူတို့ရဲ့စွမ်းအားကို အသုံးပြုပြီ အသုံးချရတဲ့ လက်နက်တွေပဲ တစ်ခုချင်းဆီတိုင်းက ဝိညာဥ်ပညာရှင်နဲ့ ချိတ်ဆက်ထားတဲ့ ရွေ့လျားနိုင်တဲ့ ဝိညာဥ်လက်နက်တွေက ဝိညာဥ်စွမ်းအားအသုံးပြုရတာနည်းတယ်...ဒီနေ့ငါမင်းကို ဝိညာဥ်လက်နက်တွေအကြောင်း အခြေခံအသိပညာကို သင်ကြားပေးမယ်...အားလုံးကို မင်းမှတ်မိမှရမယ် "
" ဟုတ်ကဲ့ပါဆရာ "
" ဝိညာဥ်လက်နက်တွေကို ပထမဆုံးဘယ်လိုဖန်တီးခဲ့လဲဆိုတာ ပြောပြဖို့မဖြစ်နိုင်ဘူး...တကယ်တမ်း တိုးတက်လာတဲ့အချိန်ကတော့ နေလတိုက်နဲ့ ငါတို့သော့်လော့တိုက် တိုက်ခိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာခဲ့တာ ငါတို့တိုက်ရဲ့သမိုင်းကြောင်းတွေကိုတော့ မင်းသိမှာပါ ကြီးမားတဲ့ ပွတ်တိုက်မှုကြီးက စစ်ပွဲကြီးကို ဖြစ်ပွားလာစေခဲ့တယ်...ဒါကြောင့် ငါတို့အနေနဲ့ နောက်ဆုံးအချိန်မှာ အနိုင်ရခဲ့ပေမဲ့ နေလတိုက်က သော့်လော့တိုက်ကို ဝိညာဥ်လက်နက်တွေ အသုံးချပြီတိုက်ခိုက်တာကြောင့် အရှုံးတွေလဲ အများကြီးလဲကြုံခဲ့ရတယ် "

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasySoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။