3•3 (11)

52 2 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ် Soul Land 2
အပိုင်း ၃ •၃ (အပိုင်း ၁၁)
" နှစ်တစ်သန်းဝိညာဉ်စက်ကွင်း "
°°°
" ကောင်းပါပြီ "

ဟို့ယွိဟောင်က စိတ်လှုပ်ရှားမှုအပြည့်နဲ့ သဘောတူလိုက်ပါတယ်။

"'ဒါဆိုရင် ကျွန်တော်ရဲ့ ဝိညာဉ်ပညာလေးခုက ဘာလဲ "'

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလာခဲ့တယ်။

" ဒါတွေနားလည်ဖို့ကို ကိုယ့်အားကိုယ်ပဲအားကိုးရမယ်လေ ဒါ့အပြင် ကိုယ်ဘာသာကိုယ် နားလည်တဲ့အချိန်မှာ ကိစ္စတွေက ပိုပြီး ရှင်းလင်းလာလိမ့်မယ်...ငါတိုက်ရိုက်ပြောထားတာထက် အဲ့ဒါကပိုပြီး အဆင်ပြေမှာပါ ဒါပေမယ့် အရမ်းကြီးလဲပျော်မနေနဲ့ဦး ငါမင်းကို စွမ်းရည်လေးခုပေးမယ် ဒါ့အပြင် အားလုံးကစိတ်ဝိညာဉ်အမျိုးအစားကြီးတွေပဲ ဒါပေမယ့် လက်ရှိအချိန် မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ငါချိတ်ပိတ်ထားတဲ့ စွမ်းအားတွေက အရမ်းကိုများလွန်နေခဲ့တယ် ဒါကြောင့်ကိစ္စတစ်ချို့ကိုတော့ မင်းသေချာသတိထားမှဖြစ်မယ်...ပထမဆုံးအနေနဲ့ မင်းခန္ဓာကိုယ်ထဲမှာ ငါချိတ်ပိတ်ထားတဲ့စွမ်းအားတွေက မင်းဝိညာဉ်စက်ကွင်းတွေရဲ့ သက်တမ်းကိုတိုးမြင့်စေနိုင်တယ်...သူတို့ရဲ့စွမ်းအားကိုလဲ တိုးတက်စေနိုင်တာပေါ့ သင့်တော်တဲ့အခြေအနေတစ်ခုကို မင်းရဲ့ကျင့်ကြံဆင့်ရောက်တော့မယ်ဆိုရင် ဒါတွေအားလုံးကို အသုံးချလို့ရမယ် ဒါပေမယ့် မင်းကျင့်ကြံတဲ့ ဝိညာဉ်စွမ်းအားကိုတော့ အဲ့ဒါတွေက တိုးမြင့်ပေးနိုင်မှာမဟုတ်ဘူး...ဒုတိယတစ်ခုကတော့ အဲ့ဒီဝိညာဉ်စွမ်းအားလေးခုက ငါမင်းနဲ့အတူတူ သိမ်းဆည်းပေးထားတာ ဒါကြောင့် ဒီစွမ်းအားလေးခုက ငါ့ဆီကနေ ဗဟိုပြုတယ်လို့ပြောလို့ရတယ်..စစချင်ဖြစ်ပေါ်လာတဲ့ ဝိညာဉ်စွမ်းအားတွေက တိုက်ခိုက်နိုင်တဲ့စွမ်းအားမရှိဘူး ဒါကြောင့်သာ အခုမင်းအားနည်းနေသေးတာ အကယ်၍ မင်းပိုပြီးသန်မာလာမယ်ဆိုရင် သွားရမဲ့ခရီးလမ်းတစ်လျှောက်မှာ အသုံး၀င်လိမ့်မယ်..နားလည်လား "

" ကျွန်တော်နားလည်ပါတယ် အမေပြောဖူးတဲ့ ဘယ်သူကမှမိုးကောင်းကင်ကို ခြေလှမ်းတစ်လှမ်းထဲနဲ့ မရောက်နိုင်သေးဘူး...ခြေလှမ်းတစ်လှမ်းချင်းဆီတိုင်း ဆက်တိုက်သွားနေမှ ရောက်နိုင်မှာ တခြားသူတွေရဲ့အပေါ်မှာရောက်နိုင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ အရည်အချင်းကိုပဲ အားကိုးရလိမ့်မယ်...အစ်ကိုကြီးကောင်းကင်အိပ်မက် စိတ်ချပါ ကျွန်တော်သေချာပေါက် ကြိုးစားပါ့မယ် "

" ကောင်းတယ် ဒါပေမယ့် မင်းရဲ့ ပင်ကိုယ်အရည်အချင်းက တကယ်ကို နုံနည်းတာပဲ အကယ်၍ အနာဂတ်မှာ အခွင့်အရေးသာရှိလာမယ်ဆိုရင် မင်းစားဖို့အတွက် ငါကောင်းကင်ရတနာတစ်ချို့ကို ရှာပေးဦးမှာပါ လက်ရှိအချိန်စိတ်ဝိညာဉ်မျက်လုံးသိုင်းပညာဝိညာဉ်က အဆင့်တက်မှုတစ်ခုကြောင့် ဖြစ်လာတော့ မင်းရဲ့ .အလားအလာကတော့ မဆိုးဘူးလို့ ပြောလို့ရနိုင်တယ်...ဒါပေမယ့် အဲ့ဒီလိုအဆင့်ပြောင်းလဲတဲ့ ဖြစ်စဉ်က မင်းခန္ဓာကိုယ်ရဲ့ ဇီ၀ရုပ်ဖြစ်ပျက်မှုတွေကို အများကြီး သက်ရောက်စေနိုင်တယ်...လက်ရှိအချိန်မှာ မင်းရဲ့သွေးကြွေစီးဆင်းမှုတွေက အတော်ကိုကျဉ်းမြောင်းပြီ ကြမ်းတမ်းနေတာကြောင့် ကျင့်ကြံတဲ့အချိန်မှာ အတော်လေးကို စိန်ခေါ်စရာတွေ ဖြစ်လာလိမ့်မယ်..ဖြည်းဖြည်းလေးသွား အလောကြီးလို့မရဘူး...ဟုတ်သား ပြောစရာတစ်ခုရှိတယ် "

" မင်းအဲ့ဒီတုန်းက မီးခိုရောင်အလုံးကို တွေ့တယ်မလား "

" ကျွန်တော်တွေ့တယ် အဲ့ဒါက အစ်ကိုကြီးရဲ့စွမ်းအားပဲလား "

"'မဟုတ်ဘူး ငါလဲမသိဘူး ငါမင်းခန္ဓာကိုယ်နဲ့ပေါင်းစည်းနေတဲ့အချိန်တုန်းက ဖြစ်သွားခဲ့တာ အစောပိုင်းတုန်းက မင်းရဲ့ဝိညာဉ်အင်အားကြောင့် ဖြစ်လာတယ်လို့ ထင်တာပဲ အဲ့ဒီမီးခိုရောင်အလင်းလုံးက စိတ်ဝိညာဉ်တစ်ခုခုနဲ့တူတယ်...ဒါ့အပြင်ငါတို့လောကနဲ့ မသက်ဆိုင်လောက်ဘူး...ဘယ်ကလာမှန်းငါမသိပေမဲ့ ဒီစိတ်ဝိညာဉ်က အားနည်းနေသလောက် အဆင့်ကတော့အတော်မြင့်တယ်....ငါ့လဲသူ့ကိုဖြေရှင်းဖို့ နည်းလမ်းမရှိသေးဘူး...ဒါပေမယ့်သူ့မှာ မကောင်းတဲ့အကြံအစည်မရှိတာကိုတော့ ငါသိနေတယ်...လက်ရှိအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလို့ သိပ်ပြီး ကိစ္စမရှိသေးဘူး...မင်းဘ၀သက်တမ်းတစ်လျှောက်လုံးမှာ သူနိုးမလာတာတောင် ဖြစ်နိုင်သေးတယ်...အကယ်၍ နိုးလာမယ်ဆိုရင်တော့ ပြဿနာနည်းနည်းတက်လာနိုင်တယ်လေ မစိုးရိမ်နဲ့ အကယ်၍ အဲ့ဒါသာ မလှုပ်ရှားဘူးဆိုရင် သူ့သာသာသူ ထားလိုက်ပါစေ အကယ်၍ အဲ့ဒီအရာက မင်းကိုထိခိုက်အောင်လုပ်မယ်ဆိုရင် ငါမင်းကို ကူညီပေးမယ်ကာကွယ်ပေးမယ် ပြဿနာမဖြစ်စေရဘူး "

" ကောင်းပြီ မင်းရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ဆီ ပြန်သွားသင့်ပြီး အပြင်ဘက်မှာ လူသားနှစ်ယောက်က မင်းကိုစောင့်နေတာ ကြာလှနေပြီ သူတို့တွေလဲ မင်းအပေါ်မှာ မကောင်းတဲ့စိတ်ဘာမှရှိမနေဘူး "

" လူနှစ်ယောက်တဲ့လား "

ဟို့ယွိဟောင်အံ့ဩသွားပါတော့တယ်။ သူ့ရဲ့ မျက်စိရှေ့မှာရှိတဲ့ မြင်ကွင်းက ဝေဝါးလို့သွားခဲ့ပါပြီး ကြီးမားတဲ့ရေဝဲကြီးတစ်ခုထဲ စုပ်ယူခံလိုက်ရသလို ခံစားရပြီတဲ့နောက် အရာအားလုံးက မှောင်မိုက်သွားပါတော့တယ်။

°°°
" နင်ဘာဖြစ်လို့ နိုးမလာသေးတာလဲ "

ထန်ယာ့က ဟို့ယွိဟောင်ရဲ့ ပါးကိုခပ်ဖွဖွပုတ်လိုက်ရင်း ကြည့်နေခဲ့တယ်။ ပေ့ပေ့ကတော့ ပြုံးပြရင်း ပြောလာခဲ့ပါတယ်။

" သူရဲ့ချီနဲ့သွေးတွေ နှစ်ခုစလုံးက ချောမွေ့နေပြီး ခန္ဓာကိုယ်ရဲ့ ဝိညာဉ်စွမ်းအားကလဲ အရမ်းကို ပုံမှန်ပဲ ဒါ့အပြင် ပိုပြီးတော့တောင် အားကောင်းလာသေးတယ်...ဒါ့အပြင် ငါထင်တားမမှားဘူးဆိုရင် သူက လက်ရှိအချိန် ဝိညာဉ်ကျောင်းတော်သားနယ်ပယ်ကို စပြီး တိုးတက်ခါစဖြစ်လိမ့်မယ်..ဝိညာဉ်ပညာရှင်နယ်ပယ်ကို တက်ရောက်တော့မယ်ဆိုတဲ့ လက္ခာဏာပဲ ဒါ့အပြင် သူ့ခန္ဓာကိုယ်က အဲ့ဒီစွမ်းအားကို သဟဇာတဖြစ်အောင် လုပ်ဖို့လိုအပ်နေသေးတယ်...ဒါကြောင့် သူအဆင့်ကျော်တိုးတက်ပြီးတဲ့ချိန်မှာ ရလာမဲ့ဝိညာဉ်စွမ်းအားနဲ့ ကျင့်ကြံသားရအောင် လုပ်ရဦးမယ်....ကံမကောင်းစွာနဲ့ပဲ ဆယ့်နှစ်ဝိညာဉ်ဖြစ်နေတာတော့ နှမြောစရာကောင်းတယ် "

ထန်ယာ့က နှာခေါင်းရှုံ့ရင်း ပြောလာခဲ့ပါတယ်။

" ဘယ်လိုလုပ်ပြီ အဲ့ဒီလောက် ကံဆိုးရတာလဲ ပုံမှန်ဆိုရင် ပထမဆုံးရတဲ့ ဝိညာဉ်စက်ကွင်းတွေက တခြားဝိညာဉ်စက်ကွင်းတွေထက် အားနည်းတာ ဖြစ်နိုင်ပေမဲ့ သူ့အတွက်ဒီကောင်ကို သတ်ပြစ်နိုင်တာ အတော်လေး အံ့ဩစရာကောင်းနေပြီလေ "

"'အမျိုးသမီးတစ်ယောက်ရဲ့နှလုံးသားကို အစာအိမ်ကနေတစ်ဆင့် ဖမ်းယူရတဲ့ မင်းလိုလူမျိုးကတော့ ဒါမျိုးတွေကို အတော်စိတ်၀င်စားတဲ့ပုံပဲနော် "

" ကြည့်ရတာ အဲ့ဒီနှလုံးသားနဲ့ အစာအိမ်က အရမ်းကို ချိတ်ဆက်လွန်လို့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ ပျောက်ကုန်ပြီပဲ "

ထန်ယာ့ရဲ့မျက်နှာက ချက်ချင်းဆိုသလို နီရဲသွားပါတော့တယ်။

" နင်ကမှ နှလုံးသားနဲ့ အစာအိမ်ချိတ်နေတဲ့ကောင် အတင့်ရဲလိုက်တာ ငါက နင့်ဆရာဆိုတာ မမေ့နဲ့ "

ပေ့ပေ့ကတော့ နောက်ထပ် ပြန်မပြောခဲ့ပါဘူး။ သူမကို နွေးထွေးတဲ့အပြုံးနဲ့သာ ကြည့်နေခဲ့တယ်။

ဟို့ယွိဟောင်ကတော့ နာနာကျင်ကျင် အော်ညီးရင်းနဲ့ မျက်လုံးတွေကို ဖွင့်လာခဲ့ပါပြီ။

" ယွိဟောင် နိုးလာပြီလား နင့်ကြောင့် ငါစိတ်ပူတာသေတော့မလို့ပဲ "

ထန်ယာ့က ဟို့ယွိဟောင် မျက်လုံးဖွင့်ဖွင့်လာချင် ပြောလိုက်ပါတော့တယ်။

ဟို့ယွိဟောင်ကတော့ စိတ်ထဲမှာရှုပ်ထွေးနေဆဲပါ။ တခဏတာကြာအောင် ထိုင်ပြီတော့မှသာ ကြည်ကြည်လင်လင် ဖြစ်လာပါတော့တယ်။ အစောပိုင်းတုန်းက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပြောခဲ့တဲ့စကားတွေကို သူရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့တယ်။ ဒါကြောင့်မလို့ သူမသိလိုက် မသိဘာသာနဲ့ ရေရွတ်မိပြန်ပါပြီ။

" ငါတကယ်ပဲ အိပ်မက်မက်နေတာ မဟုတ်ဘူးပေါ့ "

ထန်ယာ့က ဟို့ယွိဟောင်ရဲ့ လက်မောင်းကို ဆွဲစိတ်လိုက်ရင်း ချက်ချင်းထအော်စေလိုက်ပါတော့တယ်။

" အစ်မရှောင်ယာ ဘာလုပ်တာလဲ "

" အိပ်မက်မက်နေတာ ဟုတ်မဟုတ် ကူညီစစ်ဆေးပေးတာလေ ဘယ်လိုလဲအခုနိုးပြီလား တကယ်ကို သတ္တိကောင်းတာပဲ မဟာကြယ်တာရာသစ်တောထဲကို ဒီလိုတစ်ယောက်ထဲ ၀င်သွားသင့်တယ်ပေါ့ "

ဟို့ယွိဟောင်ကတော့ ခေါင်းကုတ်ရင်းနဲ့သာ ဘာပြောရမယ်မှန်းမသိ ဖြစ်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူ့ကိုယ်သူ ဘယ်လောက်အားနည်းနေမှန်း အခုမှသိလာခဲ့ရတာကြောင့် ကိုယ့်ကိုကိုယ် အထင်ကြီးမိသွားမှန်းလဲ နားလည်သွားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ချက်ချင်းဆိုသလို သူခုန်ထရင်းနဲ့ ခန္ဓာကိုယ်ထဲက ထွက်ပေါ်လာတဲ့ ဝိညာဉ်စွမ်းအားတွေကို စတင် ထုတ်သုံးမိတော့တယ်။

ဒီခံစားချက်က ဟို့ယွိဟောင်ကို မဖော်ပြနိုင်လောက်တဲ့အထိ ပျော်ရွှင်လို့သွားစေခဲ့တယ်။

လက်ရှိအချိန် သူ့ရဲ့ ဝိညာဉ်စွမ်းအားက အပြောင်းအလဲဖြစ်သွားခဲ့ပါပြီး လက်ရှိစွမ်းအားတွေက ပိုတိုးပွားလာရုံတင်မကပဲ ညင်းသာတဲ့ဝိညာဉ်စွမ်းအားကပါ ပိုအားကောင်းလာကြောင့် မြင်နေရတဲ့ မြင်ကွင်းတွေက ပိုမိုကြည်လင်ရှင်းလင်း လာခဲ့ပါတယ်။ ဒါ့အပြင် သူ့စိတ်ထဲမှာလဲ အမှတ်အသားတစ်ချို့ ပေါ်လာခဲ့တယ်။ အဲ့ဒီအမှတ်အသား တစ်ခုချင်းဆီတိုင်းက အရည်အချင်းတွေပါပဲ လေးခုရှိတဲ့အရာက သေချာပေါက် ဝိညာဉ်စွမ်းအားတွေ ဖြစ်မှာပါ အစ်ကိုကြီးကောင်းကင်အိပ်မက်က တကယ်ကို တည်ရှိတယ် အိပ်မက်မဟုတ်ဘူး။ အရာအားလုံးက အမှန်တကယ်ပဲ ငါက တကယ်ပဲနှစ်တစ်သန်းဝိညာဉ်စက်ကွင်းကို ပိုင်ဆိုင်ထားတယ်။

အရာအားလုံး အစစ်အမှန်ဆိုတာ ဟို့ယွိဟောင် ယုံကြည်သွားပြီတဲ့နောက် သူ့နှလုံးသားထဲမှာ စိတ်လှုပ်ရှားမှုက ထိန်းချုပ်လို့မရနိုင်အောင် ထွက်ပေါ်လာပါတော့တယ်။ လက်ရှိအချိန်မှာ သူထအော်မိလိုက်ပါပြီ။

" ငါနောက်ဆုံးတော့ အောင်မြင်သွားပြီ "

ပေ့ပေ့နဲ့ ထန်ယာ့ကတော့ ဟို့ယွိဟောင်ရဲ့ ခြေထောက်အောက်က ကျောက်စိမ်းဖြူရောင်ဝိညာဉ်စက်ကွင်းကို မြင်လိုက်ရပါတော့တယ်။ ဝိညာဉ်စက်ကွင်းက ဖြည်းဖြည်းချင်းမြင့်တက်လာရင်း သူ့ရဲ့ခေါင်းပေါ်ကို ရောက်ရှိလာတယ်။ အဲ့ဒီနောက် စည်းချက်ကျကျနဲ့ လှုပ်ရှားနေပါတော့တယ်။ အဲ့ဒါက သူ့ရဲ့ ပထမဆုံးဝိညာဉ်စက်ကွင်းပါ ပေ့ပေ့ကတော့ သူဘာသာသူ တွေးနေခဲ့တယ်။

" သူက သေချာပေါက် ဆယ့်နှစ်ဝိညာဉ်စက်ကွင်းပဲ"

စိတ်ထဲမှာ အနည်းငယ်သံသယတော့ ရှိနေဆဲပါ ဘာကြောင့်လဲဆိုတော့ ဟို့ယွိဟောင်ရဲ့ ဆယ့်နှစ်ဝိညာဉ်စက်ကွင်းက တောက်ပပြီး ကြည်လင်နေတဲ့အပြင် တခြားသာမန်ဝိညာဉ်စက်ကွင်းတွေနဲ့လဲ ကွာခြားလို့နေခဲ့ပါတယ်။ အဲ့ဒီသားရဲကောင်က ပိုပြီး မြင့်မားတဲ့ ကျင့်ကြံဆင့်ရှိနေလို့လား။ ဒါပေမယ့် နှစ်တစ်သန်းဝိညာဉ်စက်ကွင်းကလဲ ကျောက်စိမ်းဖြူရောင်လို အရောင်ရှိနေတယ်ဆိုတာကို ပေ့ပေ့တစ်ယောက် ဘယ်လိုများသိနိုင်မှာလဲ။

ဟို့ယွိဟောင်ရဲ့ အပြောင်းအလဲတွေက ကန့်သတ်ချက် မရှိရုံတင်မကပဲ သူ့ရဲ့ဝိညာဉ်စက်ကွင်းကလဲ မျက်၀န်းပြာပြာတွေထဲမှာ ပေါ်လာခဲ့ပါတယ်။ ပေ့ပေ့နဲ့ ထန်ယာ့ နှစ်ယောက်ကတော့ သူ့မျက်၀န်းထဲက ဝိညာဉ်စွမ်းအားနဲ့ စိတ်ဝိညာဉ်စွမ်းအားလှုပ်ရှားမှုကို မြင်တွေ့လိုက်ရတာကြောင့် တခဏတာ အာရုံလွဲသွားခဲ့တယ်။

အစောပိုင်းတုန်းက ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ထုတ်လွှတ်လိုက်တဲ့ စွမ်းအားတွေကြောင့် သူတို့တွေ စဉ်းစားဆင်ခြင်နိုင်တဲ့ စွမ်းအားကို တခဏတာ ပျောက်ဆုံးလို့သွားခဲ့ပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ ကွာခြားချက် ရှိနေတာကြောင့် အပြောင်းအလဲတွေကို ခံစားနိုင်စွမ်းမရှိကြပါဘူး။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်က သူတို့နဲ့အရမ်းကို နီးကပ်နေတာကြောင့်သာ ခံစားမိတာပါ။ သူက ပြောင်းလဲလို့သွားခဲ့ပါပြီးသူ့မျက်၀န်းထဲကနေ ထုတ်လွှတ်နေတဲ့အလင်းတန်းက သူတို့ကို အံ့အားသင့်သွားစေခဲ့တယ်။

" စိတ်ဝိညာဉ်အမျိုးအစား သိုင်းပညာဝိညာဉ်ပဲ ဒါပေါင်းစည်းမှုကြောင့် ပထမဆုံးဖြစ်ပေါ်လာတဲ့ ဝိညာဉ်စက်ကွင်းပေါ့ "

အတော်လေးကို အေးဆေးတည်ငြိမ်နေခဲ့တဲ့ ပေ့ပေ့လဲ လက်ရှိအချိန်မှာတော့ အမူအရာပြောင်းလဲလို့သွားခဲ့ပါတယ်။ သူတို့နားလည်သလောက်အရဆိုရင်တောင် ဒါက လုံး၀မဖြစ်နိုင်တဲ့အရာပါ။ ဒါပေမယ့် လက်ရှိအချိန် သူမျက်စိရှေ့ရှိတဲ့ အရာကတော့ ငြင်းပယ်လို့မရနိုင်ပါဘူး။ မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းက ဟို့ယွိဟောင်ရဲ့ မျက်လုံးထဲကနေ ပျောက်ကွယ်လို့သွားပါတော့တယ်။ သူလဲအံ့ဩနေရာကနေ ချက်ချင်းသတိပြန်၀င်လာပြီး ထခုန်တော့တယ်။

" အောင်မြင်သွားပြီး နောက်ဆုံးတော့ အောင်မြင်သွားပြီ အခုဝိညာဉ်ပညာရှင် ဖြစ်သွားပြီ "

ပေ့ပေ့နဲ့ ထန်ယာ့ နှစ်ယောက်စလုံးကတော့ တအံ့တဩဖြစ်နေဆဲပါ။ ထန်ယာ့က စိတ်မထိန်းနိုင်ပဲ မေးလိုက်ပါတယ်။

" မောင်လေးယွိဟောင် မင်းရဲ့သိုင်းပညာဝိညာဉ်က စိတ်ဝိညာဉ်အမျိုးအစားလား အားကောင်းတဲ့စိတ်ဝိညာဉ်ပြောင်းလဲမှုကို ငါခံစားမိတယ် "

ဟို့ယွိဟောင်က ပြန်ဖြေလာခဲ့တယ်။

" ဟုတ်တယ် ကျွန်တော်ရဲ့ သိုင်းပညာဝိညာဉ်က စိတ်ဝိညာဉ်မျက်လုံး ဒါ့အပြင် စိတ်ဝိညာဉ်စွမ်းအင်တစ်မျိုးရှိတယ်...အဲ့အရာအဖြစ်အဆင့်ကျော်တိုးတက်သွားတာ "

" ခန္ဓာကိုယ်ဝိညာဉ်တဲ့လား ကောင်းတာပေါ့ "

ထန်ယာ့ရဲ့ မျက်လုံးတွေကလဲ တောက်ပလို့လာခဲ့ပါတယ်။

အပိုင်း ၃•၃ ပြီး၏။

တင်ပြီးသမျှအပိုင်း အကုန်ပါတဲ့ link ပါ။
https://www.facebook.com/Gateofgod1117/photos/a.316287692296805/1207264656532433/?type=3

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now