တုနှိုင်းမဲ့ထန်မျိုးနွယ်(အပိုင်း ၃၅+၃၆)
" ၀ိညာဥ်လက်နက်တွေနဲ့ ပထမဆုံးအတွေ့အကြုံ "
°°°
ဆရာကျိုးယိက သူ့ကျောင်းသားတွေရှေ့မှာဆိုရင် မယှဥ်သာနိုင်လောက်တဲ့ ခြိမ်းခြောက်မှုအပြည့်ကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ ဒါပေမယ့် ဖန်းယွီလို့ခေါ်တဲ့ ဒီလူကြီးရဲ့ရှေ့မှာကတော့ ကြမ်းတမ်းမှုတွေက ပျောက်ကွယ်သွားခဲ့ပြီး သူမ ဆက်တိုက်ပြန်ပြောနေခဲ့ပါတယ်။" နောက်ဆုံးတစ်ကြိမ်တုန်းက ပြောခဲ့တဲ့ ကိစ္စကို ငါပြန်ပြောပြနေခဲ့တာလေ စိတ်၀ိညာဥ်အမျိုးအစား ပညာရှင်တွေသုံးတဲ့၀ိညာဥ်လက်နက်တွေအကြောင်းကို ပြောတာ "
သူမ ပြောတာကို ကြားချိန်မှာတော့ ဖန်းယွီရဲ့မျက်လုံးတွေက တောက်ပလင်းလက်လာပါတော့တယ်။ ဘေးမှာရှိနေခဲ့တဲ့ ဟို့ယွိဟောင်ကို သူချက်ချင်းဆိုသလို ကြည့်လိုက်မိတယ်။
" သူ့မှာ စိတ်၀ိညာဥ်အမျိုးအစား သိုင်းပညာ၀ိညာဥ်ရှိနေတာလား "
ကျိုးယိက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်တယ်။
" အမှန်ပဲ သူ့နာမည်က ဟို့ယွိဟောင် ကျောင်းသားသစ် စိတ်၀ိညာဥ်အမျိုးအစား ခန္ဓာကိုယ်ရှိတယ် "
အလေးအနက်ကြည့်ပြီတဲ့နောက် ဖန့်ယွီက ခေါင်းခါလိုက်ပါတယ်။
" အလုပ်ဖြစ်မှာမဟုတ်ဘူး သူခန္ဓာကိုယ်နဲ့ ၀ိညာဥ်အင်အားက အားနည်းလွန်နေတယ်....အားအနည်းဆုံး၀ိညာဥ်လက်နက်ကိုတောင် သူမထိန်းချုပ်နိုင်မှာ စိုးရိမ်မိတယ်...ဒါ့အပြင် သူ့ရဲ့ပါရမီက လက်ရှိခန္ဓာကိုယ်နဲ့ဆိုရင် ငါလိုတာထက် အများကြီးအလှမ်းဝေးနေသေးတယ် "
" ငါ့ရဲ့ရှေ့ရေးမျှော်မြင်တွေးနိုင်မှုကို နင်က လာအထင်သေးတာလား။ အမှန်ပဲ ဟို့ယွိဟောင်က အခုအချိန် အားနည်းကောင်းအားနည်းလိမ့်မယ်..ဒါပေမယ့် သူ့ရဲ့၀ိညာဥ်စွမ်းရည်က လုံး၀ကို သူမတူအောင် ထူးခြားနေတယ်...ဒါ့အပြင် လက်တွေ့အကျဆုံး စိတ်၀ိညာဥ်အမျိုးအစားစွမ်းရည်ပဲ ငါမြင်ဖူးသမျှထဲမှာ ဒီလောက်ကောင်းတာမရှိဘူး...ဟို့ယွိဟောင် သူ့ကိုတခဏတာ ကြုံတွေ့စေလိုက် "
ကျောင်းသားတစ်ယောက်အနေနဲ့ ဟို့ယွိဟောင်က အမြဲတမ်းဘေးမှာ ထိုင်ကြည့်နေသူအဖြစ်သာ ပါ၀င်ခဲ့တာပါ။ ချက်ချင်းဆိုသလို စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို အရှေ့မှာရှိတဲ့ လူကြီးဆီ သူအသုံးချလိုက်ပါတော့တယ်။
YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasySoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။