တုနှိုင်းမဲ့ထန်မျိုးနွယ် (SOUL Land 2)
အပိုင်း ၁၇+၁၈ (၅•၁ +၅*၂)
" ပထမဆုံးအကြည့်တစ်ချက် "
°°°
" အတွင်းမူလစွမ်းအားနဲ့ သူ့ရဲ့အဆိပ်ကြောင့် သွေးပန်းပွင့်မြွေက သဘာ၀အန္တရာယ်ပြုသူတွေ သိပ်မရှိကြဘူး....သူတို့တွေ အသက်နှစ်တစ်ထောင်မရောက်ခင်အချိန်မှာ ခန္ဓာကိုယ်က အစိမ်းရင့်ရောင်ရှိကြတယ်...ဒါ့အပြင် ရှင်သန်လာတဲ့ အသက်နှစ်တစ်ရာပြည့်တိုင်းမှာ ခန္ဓာကိုယ်က တစ်မီတာဆီပိုပြီး ရှည်လျားလာတယ်...နှစ်တစ်ထောင်နားကို ရောက်ပြီဆိုရင်တော့ သူတို့ခန္ဓာကိုယ်က ဆယ့်မီတာကို ရှိသွားမှာပဲ သူတို့တွေ အဆင့်ကျော်တိုးတက်သွားပြီရင်း ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအားတွေက သိပ်သည်းသွားပြီး ပုံစံပြန်ပြောင်းသွားကြတယ်...ခန္ဓာကိုယ်အရောင်က အစိမ်းရင့်ရောင်ကနေ ပန်းရောင်ကိုပြောင်းသွားရုံတင်မကဘူး တစ်မီတာဆီလဲ ပြန်ပြီးကျုံ့သွားသေးတယ် ..အဲ့ဒီနောက် နှစ်ရာချီကြာတိုင်းမှာ နောက်ထပ် တစ်မီတာပိုပြီး ကြီးမားလာကြတယ်....အသက်နှစ်နှစ်ထောင်ကို ပြည့်ပြီးဆိုရင်တော့ တစ်မီတာပြန်ကျုံ့သွားပြန်ရော ဒါပေမယ့် ပန်းရောင်ပိုပြီးတော့ ရင့်လာလိမ့်မယ်...အကယ်၍ ငါတို့ဖမ်းမိထားတဲ့ သွေးပန်းပွင့်မြွေကို သေချာကြည့်မယ်ဆိုရင် သူ့အသက်က နှစ်ပေါင်းထောင့်သုံးရာလောက်ရှိနေပြီး မင်းရဲ့အကူအညီကြောင့်သာ မဟုတ်ရင် သူ့ကိုသတ်ဖို့ ငါအတော်လေး ခက်ခဲမှာပဲ "ပေ့ပေ့ ဒီလိုပြောရတဲ့အကြောင်းအရင်းကတော့ သူ့နဲ့ ထန်ယာ့နှစ်ယောက်သာ ပူးပေါင်းပြီး သတ်မယ်ဆိုလို့ရှိရင်း မြွေကိုသတ်ဖို့မခက်ခဲမှန်း သိနေခဲ့လို့ပါ။ အကယ်၍ ဟို့ယွိဟောင် မရှိလို့ရှိရင်တောင် သူတို့နှစ်ယောက်ပေါင်းပြီး သတ်နိုင်ချေက များပါတယ်။
ပေ့ပေ့ရှင်းပြတာကို နားထောင်ပြီတဲ့နောက် ဟို့ယွိဟောင်လဲ အသိပညာတိုးပွားလာပါတော့တယ်။
" ဒီသွေးပန်းပွင့်မြွေက တကယ်ထူးဆန်းတာပဲ သူက နှစ်တစ်သောင်းအသက်ပြည့်သွားမယ်ဆိုရင်ကော အရေးခွံလှယ်သွားမှာလား "
ပေ့ပေ့က ခေါင်းညိတ်ရင်း ပြန်ဖြေပါတယ်။
" နှစ်တစ်သောင်းသွေးပန်းပွင့်မြွေက အဝါရောင်ပြောင်းသွားတယ်..သူက တကယ်ကြောက်စရာကောင်းရုံတင်မကဘူး ဝိညာဉ်ဘုရင်တွေတောင် သွားမထိဝံ့တဲ့ တည်ရှိမှုဖြစ်သွားလိမ့်မယ်...ဒါကြောင့် အနည်းဆုံးဝိညာဉ်ဧကရာဇ်တစ်ယောက်ကို ဆင့်ခေါ်ပြီးတော့မှတိုက်ခိုက်လို့ရမှာ "

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasySoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။