တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း (၁၂*၁+၁၂*၂) (၄၃+၄၄)
" ရှုစန်းရှီနဲ့ ကျန်းနန်နန် "
°°°
ရွှေညိုရောင်တောက်ပနေခဲ့တဲ့ ငါးကင်က ဆီတွေလဲ တစ်စက်စက်စီးကျလို့နေခဲ့ပါတယ်။ ဒါ့အပြင် မွှေးပျံ့လွန်လှတဲ့ ရနံ့က ငါးရဲ့ဗိုက်ထဲကနေ ထွက်ပေါ်လို့နေခဲ့တယ်။ ငါးကင်ကို တစ်ခေါက်ကိုက်လိုက်ပြီးချိန်မှာပဲ ကြွပ်ရွတဲ့အသံက ထွက်ပေါ်လာခဲ့ပါပြီ။ ငါးကင်ရဲ့အရေခွံက ကြွပ်တဲ့အထိကင်ထားခံရပေမဲ့ လုံး၀ကို မီးကျွမ်းနေတာမျိုးလဲ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကြွပ်ရွတဲ့အရေပြားအောက်မှာတော့ နူးညံ့ပြီအရသာရှိတဲ့ ငါးအသားလွှာတွေ ရှိနေခဲ့ပါတယ်။တစ်ချက်ကိုက်လိုက်ရုံနဲ့တင် အ၀ါရောင်၀တ်ရုံ၀တ်ထားတဲ့ ကျောင်းတော်သားရဲ့ မျက်လုံးတွေက ထိတ်လန့်မှုကြောင့် ပြူးကျယ်လို့သွားခဲ့တယ်။ သူချီးမွမ်းဖို့တောင် စကားမဟနိုင်တော့ပဲ ငါးကင်တစ်ကောင်လုံးကုန်တဲ့အထိ အမြန်ဆုံးနဲ့ စားပါတော့တယ်။
ဘေးကနေ ရပ်ကြည့်နေကြတဲ့ ကျောင်းတော်သားတွေကလဲ ဘာဖြစ်နေမှန်း ချက်ချင်းနားလည်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင် ကင်ထားခဲ့တဲ့ နောက်ထပ် ငါးကင်သုံးခုကလဲ ချက်ချင်းဆိုသလို ၀ယ်ချင်းခံလိုက်ရပါတော့တယ်။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ ၀င်ငွေက ကြေးပြားနှစ်ဆယ်အထိကို ရောက်ရှိလို့သွားခဲ့ပြီ ငွေပြားနှစ်ပြားနဲ့ ညီမျှတဲ့ ပမာဏကို ရရှိပါတော့တယ်။
ဒီငါးကင်လေးကောင်က ဟို့ယွိဟောင်ကို အချိန်အတွင်းမှာကျော်ကြားသွားစေခဲ့တယ်။ ဒါ့အပြင် ကျောင်း၀င်ပေါက်မှာ ဖြစ်နေခဲ့တာကြောင့် သူ့ကို ဖြတ်သန်းသွားလာတဲ့ လူအရေအတွက်ကလဲ အရမ်းကို များပြားလွန်လှပါတယ်။ သူ့အနားမှာ လူတွေက အုံနေခဲ့ပါပြီ။
" အရသာရှိလိုက်တာ အရမ်းအရသာရှိတာပဲ "
ပထမဆုံးငါးကင်ကို၀ယ်တဲ့ လူငယ်က ငါးကင်ရဲ့ ကျန်ရစ်တဲ့အပိုင်းတွေကို ဖြစ်ညစ်ပြီးစားနေရင်း ခက်ခက်ခဲခဲ ပြောလာခဲ့ပါတယ်။
" ညီလေး ငါ့ကို နောက်ထပ် ငါးကင်သုံးကောင်လောက်ပေးဦး ငါဒီနေရာမှာပဲ ညစာကို အပြတ်စားသွားတော့မယ် "

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasiSoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။