127.8.9.130

35 0 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၂၇+၁၂၈
အပိုင်း ၃၃•၃

" ဝိညာဥ်အရိုးနှစ်ခု "
°°°
ဒီတစ်ကြိမ်မှာ ဟယ့်ချိုက်ထို့ရဲ့ ပါးတွေက ရုတ်တရက်ဆိုသလို ဖောင်းကြွလာပါတော့တယ်။ တစ်စုံတစ်ရာကို အားစိုက်ထုတ်ပြီ ရှုသွင်းဖို့ကြိုးစားနေပုံပါပဲ။ အဲ့ဒီနောက် မီးခိုတွေက သူ့ပါးစပ်ထဲကနေ ပြန်ထွက်လို့လာခဲ့ပါတော့တယ်။ ပါးစပ်ထဲမှာ -ီးတုံးကြီးလို ထိုအရာကို ကိုက်ထားရင်းစမ်းသပ်ရေးနယ်မြေထဲကို သူလျှောက်သွားပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့ ဟယ့်ချိုက်ထို့ရဲ့ သိုင်းပညာ၀ိညာဥ်တွေကြောင့် တအံ့တဩဖြစ်နေခဲ့ပါတယ်။ သူလဲ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးကို အသုံးပြုပြီ ဟယ့်ချိုက်ထို့ရဲ့ လှုပ်ရှားမှုတွေကို ပိုဂရုတစိုက်ကြည့်မိတော့တယ်။ သုံးဖက်မြင်ပုံရိပ်တွေက စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းပေါ်လာခဲ့တဲ့အတွက် ပတ်ပတ်လည်ကို ပိုထင်ထင်ရှားရှားမြင်နေခဲ့ရပါပြီ။ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးကို သူအသုံးပြုလိုက်ချိန်မှာပဲ တစ်စုံတစ်ရာလွဲမှားနေတာကို သတိထားမိသွားပါတော့တယ်။ စမ်းသပ်ရေးနယ်မြေကြီးတစ်ခုလုံးက ဆက်တိုက်ဆိုသလို အသက်၀င်လာသလိုပါပဲ။ ဒါ့အပြင် ကြီးမားတဲ့ သတ္ထုလုံးကြီးတွေက နေရာပတ်ပေါင်းစုံကနေ ပေါ်ထွက်လို့လာခဲ့တယ်။

" အစ်ကိုဟယ့် သတိထား "

ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို သတိပေးမိပါတော့တယ်။ ဟယ့်ချိုက်ထို့က သူ့ဘက်ကိုပြန်လှည့်လာပြီ ပြုံးပြရင်းနဲ့ လက်မထောင်ပြလိုက်တယ်။ အဲ့ဒီနောက် သူ့ရဲ့အရှိန်အဝါက လုံး၀ကို ပြောင်းလဲသွားခဲ့ပါပြီ။

ပုံမှန်အခြေအနေမှာ ရိုးရှင်းပုံရတဲ့ဟယ့်ချ်ိုက်ထို့က ရုတ်တရက်ဆိုသလို ထက်မြက်စူးရှလို့သွားခဲ့ပြီး ပါးစပ်ထဲက ပစ္စည်းကို ဖယ်ရှားလိုက်ရင်း အသက်ပြင်းပြင်းရှုသွင်းလိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့လှုပ်ရှားမှုက ကျားသစ်တစ်ကောင်လိုမျိုး မြန်ဆန်သွားခဲ့တယ်။

သူ့ဘေးနှစ်ဖက်မှာ ဆက်တိုက်ပေါ်လာခဲ့တဲ့ သတ္ထုလုံးကြီးတွေက သူ့ဆီကို ခပ်မြန်မြန်ပဲ ပျံသန်းလို့လာနေခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ကတော့ ဘေးနှစ်ဖက်ကိုသာ အသာအယာလေး ရှောင်ရှားရင်းနဲ့ အရှေ့ကိုလိမ့်နေခဲ့ပါတယ်။ လမ်းတစ်လျှောက်လုံးမှာ ဘယ်အရာကမှ သူ့ကိုမတားဆီးနိုင်ခဲ့ပါဘူး။ အဲ့ဒီနောက် သံသတ္ထုအလုံးကြီးနှစ်လုံးကို ပုခုံးပေါ်မှာတင်လိုက်ရင်းနဲ့ သေးငယ်တဲ့အပေါက်တွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now