တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၀၁+၁၀၂
အပိုင်း ၂၆•၃" နိုင်ငံ့ရတနာအိုးကြီးရဲ့ ကြောက်စရာတုန်ခါမှု "
°°°
သူ့ရဲ့စွမ်းအားကို အသုံးပြုပြီ ရှောင်းရှောင်းကို မခုခံနိုင်တာကြောင့် လွှင့်ထွက်သွားတာမဟုတ်ပဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုကြောင့်သာ လွှင့်ထွက်သွားတာပါ။ ကံမကောင်းစွာနဲ့ပဲ ရှောင်းရှောင်းရဲ့ အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးက သူ့ကို ခြိမ်းခြောက်နိုင်တဲ့ အစွမ်းသတ္တိရှိမနေခဲ့ပါဘူး။ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်ကိုကျပြီတဲ့နောက် ဘောလုံးတစ်လုံးလိုပဲ နောက်တစ်ကြိမ် ပြန်ပြီလွှင့်ထွက်သွားပြန်ပါတယ်။ဟို့ယွိဟောင်ကလဲ မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။ သူ့ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကို အသုံးပြုချိန်မှာ ရှဲ့ဟွမ်ယွဲ့ရဲ့ အသားတွေနဲ့ ထိတွေ့ရုံနဲ့တင်အစွမ်းသတ္တိလျော့ကျသွားတာကို ခံစားမိပါတယ်။ ရှဲ့ဟွမ်ယွဲ့ရဲ့ ဦးနှောက်ကိုမရောက်ခင်အချိန်မှာတင် သူ့ရဲ့ စိတ်၀ိညာဥ်တိုက်ခိုက်မှုက စွမ်းအားလျော့ကျသွားခဲ့ရတယ်။ အဆုံးသတ်မှာ သူက တခဏတာသာ တအံ့တဩပုံစံနဲ့ ကျန်ရစ်နေခဲ့ပြီ မာရှောင်ထောင့်ကိုအသုံးပြုချိန်မှာ ခံစားရသလောက် မနာကျင်တဲ့ပုံပါပဲ။ ဒါကဘယ်လိုသိုင်းပညာ၀ိညာဥ်မျိုးလဲ ဒီလောက်တောင် ပြဿနာတက်နိုင်တယ်လား။
ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းတို့ရဲ့ ဖိအားတွေက ပိုမိုကြီးထွားလို့လာခဲ့ပါပြီ။ ၀မ်သုန့်လဲ ဟို့ယွိဟောင်တို့အခြေအနေကို ခံစားနေခဲ့မိပါတယ်။ ဒါကြောင့် သူ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းတန်း ထွက်ပေါ်လာခဲ့ပြီ ညီအစ်ကိုနှစ်ယောက်ကို ဖြတ်ထုတ်ဖို့အတွက် သူလုပ်ပါတော့တယ်။ သူ့ရဲ့ဒုတိယ၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာခဲ့ပါပြီ။ လိပ်ပြာနတ်မိမယ်ရဲ့ အလင်းတန်းက စစ်မြေပြင်တစ်ခွင်လုံးကို လွှမ်းခြုံသွားပြန်ပါတယ်။ သူမှာလူတွေကို ထိန်းချုပ်နိုင်တဲ့စွမ်းရည်ရှိမနေခဲ့ပေမဲ့ ၀မ်သုန့်က ပစ်မှတ်ကို မလွဲချော်စေရပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကြောင့် သူမှာလဲ အမြင်ကောင်းကောင်းရှိနေခဲ့တယ်။

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
خيال (فانتازيا)Soul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။