တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၈၇
အပိုင်း ၅၄•၃ " ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အစည်းအဝေးပွဲ "
°°°
ထိုင်ခုံပေါ်မှာလှဲနေတဲ့သူက ကျောင်းတော်တစ်ခုလုံးရဲ့ တကယ်အုပ်ချုပ်သူအစစ်အမှန်ဖြစ်တယ်ဆိုတာကို ရှိနေတဲ့သူတိုင်းသိကြမှာပါ။ တစ်ချိန်ထဲမှာပဲ သူက ရှန်လင်းအယ်နဲ့ ရန်ရှောင်ကျဲ့တို့ရဲ့ ဆရာသခင်လဲ ဖြစ်နေခဲ့ပါသေးတယ်။ ဒီလူကတော့ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ဆရာသခင်ဖြစ်သလို သူ့ရဲ့ စကားတစ်ခွန်းဆီတိုင်းကလဲ ကျောင်းတော်ထဲမှာ အကြွင်းမဲ့အာဏာပါပဲ။ ဒါ့အပြင် တစ်ချက်လွှတ်အမိန့်တော်လဲ ဖြစ်နေခဲ့တယ်။ အကြီးအကဲလင်းနဲ့ အကြီးအကဲရွှမ်တို့လို အိုးမင်းနေတဲ့သူတွေတောင် သူ့ကို တလေးတစားနဲ့ ဦးညွတ်ရမှာပါ။ ဒါ့အပြင် သူ့ရဲ့ဆုံးဖြတ်ချက်ကို အတိတ်အချိန်မှာ ငြင်းပယ်ဝံ့တဲ့သူတစ်ယောက်မှ မရှိခဲ့ပါဘူး။ရှန်လင်းအယ်က တောင့်မခံနိုင်တော့တဲ့အတွက် ဝင်ပြောလာခဲ့ပါတယ်။
" ဆရာကြီး ကျွန်မတို့ဌာနရော သိုင်းပညာဝိညာဥ်တည်ဆောက်ရေးဌာနရောက သင်ကြားစရာကိစ္စတစ်ခုထက်ပိုပြီးရှိနေခဲ့ပါတယ်...ဒါ့အပြင် အပေါ်ကိုရောက်လာနိုင်ဖို့အတွက် မြင့်မားတဲ့ စွမ်းအားကိုလိုအပ်တယ်..ဌာနနှစ်ခုစလုံးမှာ တစ်ချိန်ထဲသင်ကြားတာက ကျောင်းသားအတွက် ထိခိုက်စရာဖြစ်လာမှာပါ သူ့အနေနဲ့ အသိပညာမှာ ထုံထိုင်မှုလဲ ဖြစ်သွားနိုင်ပါတယ်...ဒါပေမယ့် ပိုပြီးဆိုးနိုင်တဲ့ကိစ္စကတော့ ဘယ်နေရာကိုမှ ပညာရှင်မဖြစ်ပဲ ပါရမီကို အလဟာသဖြစ်သွားစေတာမျိုး ပိုဖြစ်နိုင်တယ် "
ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ဆရာသခင်ကတော့ ရယ်မောရင်း ပြောလာခဲ့ပါတယ်။
" သူ့အနေနဲ့ ပညာရပ်နှစ်ခုစလုံးကို သင့်တော်အောင်မသင်ကြားနိုင်ဘူးလို့ မင်းဘာကြောင့်များ သေချာနေရတာလဲ တကယ်တမ်းပြောရမယ်ဆိုရင် မင်းတို့အားလုံး အမှားတစ်ခုလုပ်ခဲ့တယ်လေ မင်းတို့အားလုံးတွေးထင်ထားခဲ့တဲ့အရာက သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်နဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်နှစ်ခုရဲ့ အခြေခံတွေက တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေကြတယ်လို့ပေါ့ ဒါပေမယ့် မင်းတို့ကို ငါမေးပါရစေလား မင်းတို့ရဲ့ ဌာနတွေအားလုံးက ၀ိညာဥ်စွမ်းအားတွေ မရှိရင်သိုင်းပညာ၀ိညာဥ်တွေမရှိရင် တည်မြဲနေနိုင်မှာလား ဒီဌာနနှစ်ခုရဲ့ ကွာခြားချက်က တစ်စုံတစ်ယောက်ကို တိုက်ခိုက်ခုခံတဲ့ နည်းလမ်းတွေအပေါ်မှာသာ မူတည်နေတယ်...ဒါ့အပြင် မင်းတို့ဌာနနှစ်ခုရဲ့ ကွာခြားချက်က တစ်စုံတစ်ယောက်ကို တိုက်ခိုက်ခုခံတဲ့နည်းလမ်းတွေအပေါ်မှာသာ မူတည်နေတယ်..အခြေခံကတော့ အတူတူပဲလေ ဒါကြောင့် အများကြီးတွေတောဖို့မလိုဘူး "
![](https://img.wattpad.com/cover/359694157-288-k350753.jpg)
YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasySoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။