တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း (၈၇+၈၈)(၂၃*၁+၂၃*၂) စာစဉ်၆
" ညှိုးနွမ်းနယ်မြေကြားက ရွှေရောင်လမ်း "
°°°
တစ်ခြားတစ်ဖက်မှာတော့ ဟို့ယွိဟောင်ရဲ့ ရွှေရောင်မျက်လုံးတွေက တောက်ပနေခဲ့ပြီ ၀မ်သုန့်ကတော့ အပြာရောင်အတောင်ပံတွေကို လွှင့်ထုတ်ထားခဲ့ပါတယ်။ သူတို့ရဲ့ သိုင်းပညာ၀ိဉာဥ်ကို တစ်ပြိုင်နက်ထဲအသုံးချလိုက်ချိန်မှာတော့ ဆယ်မီတာအတွင်းမှာရှိတဲ့ အရာအားလုံးက အလင်းတန်းတွေနဲ့ ပြည့်နှက်လို့သွားတော့တယ်။ သူ မတူအောင်ထူးခြားတဲ့ အလင်းတန်းက သူတို့ခန္ဓာကိုယ်တွေရဲ့ အပြင်ဘက်ဆီကို လျှံထွက်လာခဲ့ပါပြီ။ ဒီအလင်းတန်းက အတော်ကို ထူးခြားပါတယ်။ ဒါ့အပြင် အားကောင်းကြမ်းတမ်းခဲ့ရုံတင်မက အပြာရောင် ရွှေရောင်နဲ့ ခရမ်းရောင် သုံးရောင်က ဆက်တိုက်ဆိုသလို တစ်လှည့်ဆီပြောင်းလဲလို့နေခဲ့တယ်။ သိပ်သည်းလွန်လှတဲ့ စွမ်းအင်အရှိန်အ၀ါက ထူးခြားတဲ့ ၀ိဉာဥ်စွမ်းအားပေါင်းစည်းမှုကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။၀မ်သုန့်ရဲ့အနောက်ဖက်မှာကတော့ ကြီးမားတဲ့အရိပ်ကြီးတစ်ခု ဖြစ်ပေါ်လို့လာပါတော့တယ်။ ဒါကတော့ ပြီးပြည့်စုံနေတဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ပါပဲ။ တခြားတစ်ဖက်မှာကတော့ ဟို့ယွိဟောင်ရဲ့အနောက်ဖက်မှာ ကြီးမားတဲ့မျက်လုံးကြီးတစ်စုံက ဒေါင်လိုက်ပုံစံနဲ့ ရှိနေခဲ့ပါတယ်။ ရွှေရောင်ဖျော့ဖျော့ တောက်ပနေခဲ့တဲ့ အဲ့ဒီမျက်လုံးကြီးထဲမှာ မျက်၀န်းကတော့ ခရမ်းရောင်ပါ။
တခဏတာကြာတဲ့အချိန်မှသာ သူတို့နှစ်ယောက်စလုံးလဲ သတိပြန်၀င်လာကြပါတော့တယ်။ သူတို့ဘေးပတ်လည်မှာရှိရှိသမျှ အရာအားလုံးက အလင်းတန်းတွေအပြည့်နဲ့ ဖုံးလွှမ်းနေတာကိုတော့ မြင်လိုက်ကြရပါပြီ။
ကြီးမားတဲ့အရိပ်ကြီးနှစ်ခုက လေထဲမှာ တဖြည်းဖြည်းချင်းဆီ နီးကပ်လို့လာခဲ့ပါတော့တယ်။ အဲ့ဒီနောက် သူတို့တွေ စတင် ပြောင်းလဲပါတယ်။ မျက်လုံးကြီးရဲ့အလင်းတန်းက ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်မျက်လုံးကို ကိုယ်စားပြုထားခဲ့ပြီသူ့ရဲ့ ကိုယ်ထည်ကတော့ အပြာရောင်နဲ့ ခရမ်းရောင်နှစ်ခု တောက်ပလို့နေခဲ့ပါတယ်။ ဒါပေမယ့် ရွှေရောင်အလင်းတန်းကတော့ မကြာခင်မှာ လုံး၀မတည်ရှိတော့ပါဘူး။

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
ФэнтезиSoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။