တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၇၁+၁၇၂
အပိုင်း ၄၉•၁" ရေခဲဧကရီရဲ့ လက်သည်းတွေ "
°°°
ဒီလိုစကားတွေက ထိုက်ဟွပင်းကို တူတစ်ချောင်းနဲ့ ထုနေသလိုပါပဲ။ မျက်လုံးအပြူးသားဖြစ်သွားစေခဲ့ပါတယ်။ သူ့ရဲ့အေးစက်နေတဲ့မျက်နှာထားက ပိုလို့တောင် ဖြူဖျော့လာခဲ့ပါပြီ။ ဒါ့အပြင် သွေးစုပ်ဖြူရောသွားပါတော့တယ်။" မင်းငါ့ကို ၀ပ်တွားဦးချပြီ မင်းမှားတယ်လို့ ၀န်ခံမဲ့အချိန်စောင့်နေမယ် "
ဒီစကားတွေက ထိုက်ဟွပင်းကို ဆက်တိုက်ဆိုသလို ထုရိုက်နေသလိုမျိုး အသိစိတ်ကိုတောင် လွှတ်သွားမတတ်ဖြစ်လာစေခဲ့ပါတယ်။
လက်ရှိအချိန်မှာ သူတို့အနေနဲ့ ဒီအအောက်အအုံကြီးထဲ ၀င်မလာခင်တုန်းက ဟို့ယွိဟောင်အနေနဲ့ သူတို့ရဲ့လောင်းကြေးကို အတိအကျအသေအချာကြီးပြောနေတဲ့အကြောင်း ပြန်တွေးနေခဲ့မိပါတယ်။ ဒါပေမယ့် အိပ်မက်ထဲမှာတောင် ဟို့ယွိဟောင် ဒီလိုမျိုးကြောက်စရာကောင်းတဲ့နည်းလမ်းနဲ့ စာမေးပွဲအောင်သွားမယ်လို့ မတွေးထားခဲ့မိပါဘူး။ အကယ်၍ ဒါသာ မလုံလောက်သေးဘူးဆိုရင် ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေကို နောက်တစ်ခေါက်တောင် ထုတ်သုံးတော့မှာပါ။
သူဘယ်လောက်ပဲ ငြင်းပယ်ဖို့ကြိုးစားပါစေ အမှန်တရားက သူ့ရှေ့မှာရောက်နေခဲ့ပါပြီ။ ဒါ့အပြင် ရာချီတဲ့ကျောင်းသားတွေနဲ့ ဆရာတွေကလဲ သူတို့အတွက် မျက်မြင်သက်သေဖြစ်နေရုံတင်မက ဆရာ၀မ်ယန်ကပါ သူတို့အတွက် အသိသက်သေအဖြစ် လုပ်ဆောင်ပေးဖို့ လုပ်ထားတဲ့အတွက် ဒါကို သူဘယ်လိုမှ ငြင်းပယ်လို့မရပဲဖြစ်နေခဲ့ပါတယ်။
ထိုက်ဟွပင်းအနေနဲ့ လေပူတွေ ရင်ဘတ်ထဲလိမ့်လာတာကို ခံစားမိလိုက်ပါပြီ။ အဲ့ဒီနောက် သူ့ရဲ့လည်ချောင်းတစ်ခုလုံးချိုမြိန်သွားတာကို ခံစားလိုက်ရပြီတဲ့နောက် ဗွက်ဆိုတဲ့အသံနဲ့အတူ ပါးစပ်အပြည့်သွေးတွေကို အန်ထုတ်မိလိုက်ပါတော့တယ်။ သူက အရမ်းကို ယှဥ်ပြိုင်လိုစိတ်ကြီးမားတဲ့သူပါ။ ပိုပြီး ယှဥ်ပြိုင်လိုစိတ်ကြီးမားလေလေ အရှုံးနဲ့အရှက်ခွဲခံရမှုကို လက်ခံဖို့မလွယ်ကူလေပါပဲ။

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasiSoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။