တုနှိုင်းမဲ့ထန်မျိုးနွယ်(၅၅+၅၆)(၁၅*၁+၁၅*၂)'
°°°
အနီရောင်၀တ်ရုံ၀တ်ထားတဲ့ အမျိုးသမီးက မီးလျှံကိုအသုံးပြုတဲ့ ၀ိညာဥ်ဧကရာဇ် ဖြစ်နေခဲ့ပြီး သူက ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်ကို ကပ်ဆိုးဆိုက်ရောက်စေခဲ့သူပါ။ သူမရဲ့ရုပ်သွင်က အတော်လေး ငယ်ရွယ်သေးပေမဲ့ စကားနဲ့ဖော်ပြလို့မရနိုင်လောက်အောင် အံ့ဩစရာကောင်းတဲ့ အဆင့်အတန်းတစ်ခုကို သူက ရောက်ရှိနေခဲ့ပါပြီ။သော့်လော့တိုက်ရဲ့ သမိုင်းတစ်လျှောက်မှာ ၀ိဉာဥ်ပညာရှင်တွေ ပထမဆုံးစပေါ်ထွက်လာခါစအချိန်ကနေစပြီး အသက်နှစ်ဆယ့်အရွယ်၀ိညာဥ်ဧကရာဇ်ဆိုတာက အမျက်ဒေါသကျောင်းတော်ရဲ့ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ မိစ္ဆာခုနှစ်ဖော်မှာသာ ရှိခဲ့ဖူးပါတယ်။
အဘိုးကြီးက သူမရဲ့ပုံစံကိုကြည့်ရင်း မေးနေခဲ့ပါတယ်။ အနီရောင်၀တ်ရုံ၀တ်ထားတဲ့ မိန်းကလေးကတော့ ခေါင်းသာခါနေခဲ့တယ်။
" မျက်စိရှေ့မှာ အနီရောင်မြင်ကွင်းကြီးတစ်ခုလုံး ဖြစ်သွားခဲ့တာကလွဲပြီ ကျွန်မဘာကိုမှမမှတ်မိတော့ဘူး..အဲ့ဒီနောက် အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့ တစ်စုံတစ်ရာကို ခံစားလိုက်မိတယ်.. ခုခံဖို့ကြိုးစားပေမဲ့ နောက်တော့ ဒီနေရာမှာ နိုးလာရတော့တာပဲ "
၀တ်ရုံဖြူ၀တ်ထားတဲ့ အကြီးအကဲကတော့ မျက်မှောင်ကြုတ်နေရင်း သူမဘေးကို လျှောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် သူခပ်တိုးတိုးနဲ့ ပြောလိုက်တယ်။
" မင်းခန္ဓာကိုယ်ထဲက မိစ္ဆာမီးကို မဖိနှိမ့်နိုင်တဲ့အကြောင်း ဘာလို့မပြောပြခဲ့တာလဲ အဲ့ဒါက ကပ်ဆိုက်စေတော့မယ်ဆိုတာကို သိတယ်မဟုတ်လား အပြင်နယ်မြေရဲ့ ကျောင်းသားနှစ်ယောက်တောင် မင်းကြောင့်သေတော့မလို့ "
" အဲ့ဒီလောက်ကြီး ဆိုးရွားသွားမယ်လို့ မသိခဲ့လို့ပါ ကိုယ်တိုင်ထိန်းချုပ်နိုင်မယ်လို့ပဲ တွေးမိခဲ့တယ်...ဒါပေမယ့် "
ရှောင်ထောင့်ကလဲ စိတ်ညစ်လို့နေခဲ့ပါတယ်။
အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ အကြီးအကဲက သက်ပြင်းချလိုက်တယ်။

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasíaSoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။