တုနှိုင်းမဲ့ထန်မျိုးနွယ် ၁၀၇+၁၀၈
အပိုင်း ၂၈•၁" ပူးပေါင်းမှုရဲ့စွမ်းအား ဟို့ယွိဟောင်နဲ့၀မ်သုန့်တို့အနိုင်ရပြီ "
°°°
ဟို့ယွိဟောင်က ထိုက်ဟွပင်းအပေါ်ထားရှိတဲ့ အမုန်းတရားတွေကို နှလုံးသားအထဲမှာ နက်နက်ရှိုင်းရှိုင်း ဖိနှိမ့်မြုပ်နှံလို့ထားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအမုန်းတရားက သူ့အတွက် ရှေ့ဆက်ဖို့အားအင်ဖြစ်လာစေခဲ့တယ်။ ဒါ့အပြင် သူအမေအတွက် လက်စားချေချင်စိတ်ကိုလဲ ပိုမို ပြင်းပြလာစေခဲ့ပြီ အခုအချိန်မှာ အမျက်ဒေါသကျောင်းတော် ဖြစ်နေခဲ့တာကြောင့် အခုအချိန်ထက်ပိုပြီး သန်မာလာအောင် နေထိုင်နိုင်မှဖြစ်မှာပါ။ သူလိုချင်တဲ့ လက်စားချေမှုဆိုတာ ရိုးရှင်းတဲ့မျိုးတုန်းသတ်ဖြတ်မှု မဟုတ်ခဲ့ပါဘူး။ သူအမေရဲ့ ကောင်းကင်ပေါ်မှာရှိမဲ့ ၀ိညာဥ်ကိုနှစ်သိမ့်ချင်တာပါ။ ဒါ့အပြင် သူ့အမေရဲ့ အကြီးမားဆုံးဆန္ဒကတော့ သူ့အသက်ရှင်နေစဥ်အချိန်အတွင်းမှာ မျှော်လင့်ဖို့တောင် မ၀ံ့ရဲခဲ့တဲ့ဆန္ဒတစ်ခုပါပဲ။ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ပြည့်မြောက်အောင်ဖြည့်စည်းပေးဖို့အတွက် ရည်ရွယ်လို့ထားခဲ့ပါတယ်။ ဒါကြောင့်သာ လက်စားချေဖို့အတွက် အားလုံးကို မစွန့်ပြစ်နိုင်တာပါ။ ထိုက်ဟွပင်းကို အနိုင်ရသည်ဖြစ်စေ ရှုံးနှိမ့်သည်ဖြစ်စေ သူ့ဘ၀ရဲ့အကြီးမားဆုံးဆန္ဒကြီးကို လူတစ်ယောက်ထဲအတွက်နဲ့ ဖျက်ဆီးပြစ်တာမျိုး မလုပ်နိုင်ပါဘူး။ အကယ်၍ အမှန်တရားသာ ထွက်ပေါ်လာခဲ့မယ်ဆိုရင် သူလဲ ကျောင်းတော်ထဲမှာ ဆက်သင်ကြားဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် အခုအချိန်မှာ သည်းခံရမှာပါ။ အမုန်းတရားတွေကို မြုပ်နှံထားခဲ့ရင်း ကိုယ်နည်းကိုယ်ခံနဲ့ လက်စားချေဖို့ လုပ်ရပါမယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ပြိုင်ဘက်တွေက အတန်းနံပါတ်တစ်ဆယ်ရဲ့ ၀ိညာဥ်မဟာပညာရှင်သုံးယောက်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့က ထူးဆန်းတဲ့ သိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားခဲ့တယ်။
သူတို့မှာ ၀ိညာဥ်စက်ကွင်းသုံးကွင်းပါတဲ့ ၀ိညာဥ်အကြီးအကဲမရှိခဲ့ပေမဲ့ သူတို့တွေကလုံး၀အားမနည်းကြပါဘူး။ နောက်ဆုံးတော့လဲ လက်ရှိအနေအထားထိ ရောက်ရှိလာနိုင်ပြီဆိုမှတော့ သေချာပေါက် ထိပ်ဆုံးတွေဖြစ်နေဆဲပါ။ အတန်းနံပါတ်တစ်ဆယ့်ရဲ့ လူသစ်တွေအားလုံးက သူရဲကောင်းဆန်ပြီ ယောကျ်ားပီသတဲ့ ရုပ်ရည်တွေရှိတဲ့ ကောင်လေးတွေချည်းပါပဲ။

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasySoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။