27.28.29.30

50 3 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ်(Soul land 2)
အပိုင်း ၂၇+၂၈ (၈*၁-၈*၂)
" ကြောက်စရာကောင်းတဲ့ဆရာ "
°°°
အမျက်ဒေါသကျောင်းတော်က အရမ်းကြီးမားတဲ့ နယ်မြေကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒါ့အပြင် ကျယ်ပြန့်တဲ့နယ်မြေတွေကလဲ အဆောက်အအုံတွေရဲ့ တစ်ခုပြီတစ်ခုနဲ့ ပိုင်ခြားလို့ထားခဲ့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက် ကျောင်းသားဆောင်က ထွက်လာပြီးပြီချင် ၀မ်သုန့်က ကျယ်ပြန့်တဲ့ နယ်မြေဆီကို ဦးဆောင်ပြီးခေါ်လာပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို လက်သီးတွေပြန်ဆုတ်ရင်းနဲ့ စိန်ခေါ်လိုက်တယ်။

ဟို့ယွိဟောင်ရဲ့ နှလုံးသားတစ်ခုလုံးက ဒေါသတွေနဲ့ ပြည့်နှက်လို့နေခဲ့ပါပြီး ဒါပေမယ့် သူ၀မ်သုန့်ကို တိုက်ရိုက်ပြေးပြီး မတိုက်ခိုက်ခဲ့ပါဘူး။ သေရေးရှင်ရေးအခြေအနေတွေကို ဆက်တိုက်ကြုံတွေ့ပြီတဲ့နောက် သူသင်ကြားနားလည်ပေးခဲ့တာ တစ်ခုတော့ရှိပါတယ်။ ဒါကတော့ ဘယ်လိုအခြေအနေမျိုးမှ ဘယ်လိုပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့ပါပဲ။

ကျောင်းသားဆောင်ရဲ့ ၀င်ပေါက်မှာ အမြဲတမ်းလှဲနေလေ့ရှိတဲ့ အဘိုးကြီးကတော့ ခေါင်းအနည်းငယ်ထောင်ရင်း အကဲခတ်နေခဲ့ပါတယ်။ သူ့ရဲ့ အဝါရောင်မျက်၀န်းတွေမှာတော့ သိလိုစိတ်တစ်ချို့က လှည့်ပတ်ပြီး စီးဆင်းလို့နေခဲ့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကို စိတ်၀င်တစားနဲ့ သူကြည့်နေခဲ့တာပါ။

ဟို့ယွိဟောင်ရဲ့ မျက်၀န်းထဲမှာလဲ မှိန်ဖျော့တဲ့ရွှေရောင်အလင်းတန်းက တောက်ပလာပါတော့တယ်။

အဖြူရောင်ဝိညာဉ်စက်ကွင်းက သူခြေထောက်အောက်မှာ မြင့်တက်လို့လာခဲ့ပြီး သူ့ရဲ့စိတ်ဝိညာဉ်မျက်၀န်းကို စတင်အသက်သွင်းတော့တယ်။

၀မ်သုန့်ကတော့ ဆယ့်နှစ်ဝိညာဉ်စက်ကွင်းကိုမြင်ချိန်မှာ ရယ်မောလိုက်ပါတယ်။

" ဒီကျောင်းကို နင်ဘယ်လို၀င်ခွင့်ရလဲ ငါသိချင်လိုက်တာ ဒီလောက်စွမ်းရည်လေးနဲ့ ငါ့ကိုလာပြီးစိန်ခေါ်ဝံ့တယ်ပေါ့ သိုင်းပညာဝိညာဉ်ကိုသုံးပြီတောင် နင့်ကို ရင်ဆိုင်ဖို့မလိုဘူး "

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now