141.2.3.4.5.6

35 1 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၄၁+၁၄၂
အပိုင်း ၃၈•၃

" ဟို့ယွိဟောင် အဆင့် ၁•၅ ၀ိညာဥ်လက်နက်ပညာရှင်လား "
°°°
လွန်ခဲ့တဲ့ရှစ်လမှာ ဟို့ယွိဟောင်အနေနဲ့ တတ်နိုင်သလောက်စွမ်းအားတွေကို အသုံးပြုပြီး ကျင့်ကြံခဲ့ပါတယ်။ လက်ရှိအနေအထားမှာ သူကထိုက်ဟွပင်းကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်နေပါပြီ။ ဒါပေမယ့် အမုန်းတရားတွေကတော့ ပြေပျောက်သွားတာ မဟုတ်ပါဘူး။ ပိုလို့ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်လို့သွားခဲ့တာပါ။ ဒီအမုန်းတရားတွေက နှလုံးသားထဲမှာ အရမ်းကို နက်နက်နဲနဲ အမြစ်တွယ်နေခဲ့ကြတာကြောင့် ဘယ်လိုများ အလွယ်လေး ပျက်စီးသွားနိုင်မှာလဲ။

ထိုက်ဟွပင်းရဲ့ ၀ိညာဥ်စွမ်းအားတွေက ဘယ်လောက်မြင့်တက်လာလဲဆိုတာကို မရှင်းလင်းသေးပါဘူး။ အခုအချိန်မှာ အဆင့်သုံးဆယ့်သုံး၀န်းကျင်ရှိနေခဲ့မယ်လို့ ထင်ခဲ့မိပါတယ်။ ဒီအဆင့်က အဆင့်သုံးဆယ့်သုံးကို ဖြတ်ကျော်ပြီ အဆင့်လေးဆယ့်နီးပါးရောက်ချိန်မှာ ပြဿနာရှိလာနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် အကယ်၍ သူသာ အတန်းနံပါတ်တစ်က ကန်ထုတ်ခံရပြီ အပြင်းအထန်မကျင့်ကြံမှာ အံ့ဩစရာကောင်းနေဦးမှာပါ။

၀မ်သုန့်က ပြုံးနေပေမဲ့ ဘာမှမပြောပါဘူး။ သူ့ကိုယ်တိုင်ကလဲ အတော်လေး ယုံကြည်ချက်ရှိနေပုံပေါ်ပါတယ်။

သူတို့တွေ ဆယ့်မိနစ်ကြာပြီချိန်မှာတော့ အခန်းကိုရောက်ခါနီးလာပါတော့တယ်။ တကယ်တော့ ဒီလိုကြာအောင်အချိန်ဆွဲထားပြီ လျှောက်လာခဲ့တာပါ။ ၀မ်သုန့်က ရုတ်တရက်ပြောလိုက်တယ်။

" ငါတို့တွေ ပင်လယ်နတ်ဘုရားရေကန်အနား ခဏလောက်ထိုင်ရအောင် မင်းအနေနဲ့ ဒီလိုမျိုး အေးအေးဆေးဆေးနေဖို့ လွယ်တာမဟုတ်ဘူး...မင်းရဲ့ငါးကင်တွေ ငါမစားရတာလဲကြာပြီ "

ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။

" ငါဘာမှမပြင်ဆင်ထားရသေးဘူး အကယ်၍ မင်းစားချင်တယ်ဆိုရင် ငါစောစောစီးစီးကထဲက ပြင်ထားမှပေါ့ "

၀မ်သုန့်ကတော့ ဟို့ယွိဟောင်ရဲ့ခေါင်းပေါ်မှာ ထီးကိုမိုးပေးထားရင်း သူပြုံးနေခဲ့ပါတယ်။

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now