တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း၆၉+၇၀ (၁၆*၃+၁၆*၄)
" နယ်မြေနံပါတ်သုံးဆယ်သုံး သုံးယောက်သုံးယောက်ချင်း တိုက်ပွဲ "
°°°၀မ်ယန်က ပြုံးနေခဲ့ပါတယ်။
" အဲ့ဒါကောင်းတယ် ပြန်ပြီအနားယူလိုက်ကြတော့ "'
ဟို့ယွိဟောင်ကို သူ့ရဲ့သိုင်းပညာ၀ိဉာဥ်အကြောင်း မမေးမိဖို့ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားနိုင်ဆဲပါ။ သူကိုယ်တိုင်းလဲ ဆရာတစ်ယောက်ရဲ့ မာနရှိပါသေးတယ်။ ဟို့ယွိဟောင်က သန်မာတဲ့ပြိုင်ဘက်နဲ့ တွေ့လာခဲ့မယ်ဆိုရင် သူ့ရဲ့သိုင်းပညာ၀ိဉာဥ်ကို ဆက်ပြီး ဖုံးကွယ်ထားနိုင်မှာမဟုတ်တော့ဘူးလို့ တွေးနေခဲ့မိတယ်။
" ပေါ့ပါးပြီ နေလို့ကောင်းလိုက်တာ သူတို့တွေကို အနိုင်တိုက်ရတာက ဟင်းသီးဟင်းရွက်တွေကို လှီးနေရသလိုအရမ်းလွယ်တာပဲ "
၀မ်သုန့်က အရမ်းကို စိတ်အေးလက်အေးနဲ့ ပြောနေခဲ့ပါတယ်။ သူတို့ဒီနေ့လုပ်ဆောင်ခဲ့တဲ့ ပြိုင်ပွဲအတွက် အတော်ကို ကျေနပ်နေခဲ့ကြတာပါ။
ရှောင်းရှောင်း က ပြောလာခဲ့တယ်။
" မနက်ဖြန် ငါအလှည့်ရောက်တော့မယ် ၀မ်သုန့် နင်က နင်ရဲ့ပထမ၀ိဉာဥ်စွမ်းရည်ကိုပဲ အဓိကသုံးနေခဲ့တာ အကယ်၍ မနက်ဖြန်မှာ ငါတို့ ပိုပြီး သန်မာတဲ့ပြိုင်ဘက်ကို တွေ့လာခဲ့မယ်ဆိုရင် ဒုတိယ၀ိဉာဥ်စွမ်းရည်ကို သုံးရမှာငါစိုးရိမ်မိတယ်....ဒါပေမယ့် နင်ရဲ့ဒုတိယ၀ိဉာဥ်စွမ်းရည်က နှစ်တစ်ထောင်၀ိဉာဥ်စက်ကွင်းကနေ ထုတ်ဖော်ထားတာဆိုတော့ အသန်မာဆုံးနည်းလမ်းဖြစ်နေမှာပဲ ငါတို့တွေ တခြားလူတွေကို အလွယ်လေး မသိမြင်စေသင့်ဘူး...အဲ့ဒါကို ချန်ပီယံယူမဲ့ပြိုင်ပွဲကြမှ သုံးရအောင် အကယ်၍ လက်ရှိအချိန်ကနေစပြီ ပြိုင်ဘက်တွေက သန်မာလာခဲ့မယ်ဆိုရင် ငါနင့်ကို ကူညီပေးမယ်...ပထမ၀ိဉာဥ်စက်ကွင်းကို အရင်ဆုံးသေချာလေး သုံးရအောင် ငါတို့တွေ အရမ်းကိုသန်မာတဲ့ပြိုင်ဘက်နဲ့ မတွေ့သေးသရွေ့ သူတို့ရဲ့ ဒုတိယ၀ိဉာဥ်စက်ကွင်းကို မသုံးသေးသရွေ့ ငါအဓိက ကူတိုက်ပေးမယ်...ဒါဆိုရင် နင်လဲ လျှို့လျှို့၀ှက်၀ှက်နဲ့ နေနိုင်မှာပါ။ ဒီလိုနည်းနဲ့ ငါတို့မှာ၀ှက်ဖဲနှစ်ခုရှိသွားမှာပေါ့ ဘယ်လိုလဲ "

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasySoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။