တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း:၁၈၁
အပိုင်း ၅၂•၃ " ရေခဲဧကရီရဲ့သံချပ်ကာ "
°°°
၀မ်ယန်ရဲ့မျက်လုံးတွေက တောက်ပလာပါတော့တယ်။
" ဒါက မင်းနောက်ကျနေတာ ဒုတိယသိုင်းပညာ၀ိညာဥ်ကြောင့်လား အဲ့ဒါက နိုးထလာတာကြောင့်ပေါ့ ငါ့နောက်ကိုလိုက်ခဲ့ မေးဖို့မေးခွန်းလေးတချို့ရှိတယ် "
ဟို့ယွိဟောင်ရဲ့လက်ကို ဆက်တိုက်ဆိုသလို ဆွဲယူသွားရင်း ၀မ်ယန်က အပြင်ကိုပြေးထွက်သွားပါတော့တယ်။ ကျိုးယိကတော့ သူတို့ထွက်သွားတာကို မြင်ချိန်မှာ ထူးထူးဆန်းဆန်သာ ကြည့်နေခဲ့ပေမဲ့ သူမအနေနဲ့လဲ စာမေးပွဲစောင့်ရဦးမှာကြောင့် ထွက်သွားလို့မရနိုင်ခဲ့ပါဘူး။ သူ့ရဲ့ကျောင်းသားတွေ စာမေးပွဲအောင်စေဖို့အတွက် အတန်းပိုင်တွေက အချိန်တိုင်းရှိနေဖို့လိုပါတယ်။
ဟို့ယွိဟောင်ကတော့ ဆွဲခေါ်သွားခံရပါပြီ။ ဒါပေမယ့် ၀မ်သုန့်ကတော့ ကျန်ရစ်နေတုန်းပါပဲ။ ဟို့ယွိဟောင်ရဲ့လုပ်ဆောင်ချက်တွေကြောင့် အံ့ဩနေခဲ့ပေမဲ့ ဟို့ယွိဟောင်နဲ့ သူ့က သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုရှိနေဆဲပါ။ ဟို့ယွိဟောင်ပိုပြီး သန်မာလာလေလေ သူတို့ရဲ့ ပေါင်းစည်းစွမ်းရည်က ပိုအားကောင်းလာနေပါပဲ။ သူတို့တအံ့တဩဖြစ်နေခဲ့ပေမဲ့ အရမ်းကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်။ ထိုက်ဟွပင်းကို စိတ်ပျက်တဲ့အကြည့်နဲ့ ကြည့်ပြီးပြောလိုက်ပါတယ်။
"'သခင်ကြီးထိုက်ရေ ဘယ်လိုလဲ ဒီတစ်ခေါက်မှာရော မင်းဘာပြောဦးမလဲ ငါတို့နှစ်ယောက်စလုံးကို မင်းတစ်ယောက်ထဲနဲ့ အနိုင်ယူမယ်ဆို ဟို့ယွိဟောင် တစ်ယောက်ထဲရတဲ့အမှတ်နဲ့တင် မင်းအမှတ်ကိုအသာလေးနိုင်နေပြီ ကိုယ့်ကတိကိုကိုယ်တည်ဖို့တော့ ဂရုစိုက်ဦးပေါ့ ဒါနဲ့မင်းကိုအပေါ်စီးကနေ ကြည့်ပြီ အထင်သေးရတာအရမ်းကောင်းတာပဲ "
မျက်နှာတစ်ခုလုံး ဖြူတစ်လှည့် စိမ်းတစ်လှည့်ဖြစ်နေခဲ့တဲ့ ထိုက်ဟွပင်းကို ၀မ်သုန့်က လှောင်ရယ်ပါတော့တယ်။
" မင်းဘာပြောတယ် "
ဒါကိုကြားချိန်မှာ ထိုက်ဟွပင်းက ဒေါသထွက်လွန်လို့ တစ်ကိုယ်လုံးတုန်ရီနေခဲ့ပါတယ်။ သူ့ရဲ့သွေးတွေ စိုနေခဲ့တဲ့ခန္ဓာကိုယ်က ပိုပြီးကြောက်စရာကောင်းနေခဲ့ပါပြီ။ ကျုးလုက ၀မ်သုန့်ဆီကို ပြေး၀င်သွားမတတ်ဖြစ်နေခဲ့ပေမဲ့ ရှဲ့ဟွမ်ယွဲ့ကတော့ ထိတ်လန့်တဲ့အကြည့်နဲ့သာ ကြည့်နေဆဲပါ။
YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasySoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။
