တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း(၁၁*၁+၁၁*၂)၃၉+၄၀)
" အားအနည်းဆုံး ကျောင်းအတန်းခေါင်းဆောင် "
°°°
ဟို့ယွိဟောင် ဆယ်ပတ်မြောက်ပြေးပြီချိန်မှာပဲ သူ့တစ်က်ိုယ်လုံးက ချွေးတွေ ရေလောင်းချထားခံရသလို စိုရွှဲနေခဲ့ပါပြီ။ အရှေ့ဆုံးနေရာမှာ ရှိနေတဲ့ ၀မ်သုန့်ကတော့ သူ့ကို သုံးကြိမ်တိတိ ကျော်သွားခဲ့ပါတယ်။ တခြားကျောင်းသားတွေကလဲ အနည်းဆုံးတော့တစ်ကြိမ် ကျော်သွားပြီသား ဖြစ်နေခဲ့တယ်။ အတော်များများက သူ့ကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေကြဆဲပါ။ ဟို့ယွိဟောင်က အားလုံးထဲမှာ အားအနည်းဆုံးဆိုတာကို လူတိုင်းက သိနေခဲ့ပါတယ်။ဒါပေမယ့် အရှေ့ဆုံးရှိနေတဲ့ ကျောင်းသားတွေရဲ့ ပြေးနေတဲ့အရှိန်နှုန်းကတောင် စတင်ပြီး နှေးကွေးလို့လာခဲ့ပါပြီ။ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ သူတို့သယ်ဆောင်ထားရတဲ့ သံကြိုးတွေရဲ့ ရလဒ်က ပိုလို့တောင် သိသာထင်ရှားလာပါတော့တယ်။ ၀မ်သုန့်မျက်နှာတစ်ခုလုံးတောင် ချွေးတွေစပြီ ထွက်နေခဲ့ပါပြီ။
၀မ်သုန့်နောက်ကိုလိုက်နေခဲ့ကြတဲ့ အမျိုးသားကျောင်းတော်သားတစ်ချို့ကလဲ နောက်ကျကျန်ရစ်ခဲ့ပါတော့တယ်။ ဒါ့အပြင် တစ်ချို့အနောက်ဖက် ကျောင်းတော်သားက သူတို့ကို ပြန်ပြီး ကျော်တက်သွားခဲ့ပါတယ်။
ပြေးနေတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ချွေးတွေကတော့ ရေတွေလိုမျိုး ကျဆင်းနေကြပါပြီ။ တစ်နာရီနီးပါးကုန်ဆုံးသွားပြီတဲ့နောက် ခန္ဓာကိုယ်အားနည်းတဲ့ အမျိုးသမီးကျောင်းတော်သားတစ်ယောက်က မြေပြင်ပေါ်ကို လဲကြသွားပါတော့တယ်။ မတ်တပ်ထရပ်ဖို့အတွက် အတော်လေးကို ရုန်းကန်နေခဲ့ရပေမဲ့ သူမ ဘာမှမလုပ်နိုင်ပါဘူး။ ၀မ်သုန့်ကတော့ အဲ့ဒီလိုဖြစ်သွားချိန် သူ့နောက်မှာပြေးနေခဲ့တာပါ။ သူမကို ပြန်ထူပေးရင်းနဲ့ နှစ်သိမ့်လို့နေခဲ့တယ်။ ဒါပေမယ့် အမျိုးသမီးကျောင်းတော်သားကတော့ ခေါင်းခါရင်းနဲ့ ရင်ပြင်ပေါ်မှာ ထိုင်ချလိုက်ပါပြီ။ သူပြန်ပြီးမထချင်တော့ပါဘူး။ စကားပြောဖို့အတွက် စွမ်းအင်တောင်မရှိတော့ပဲ ဖြစ်နေခဲ့တယ်။

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasiaSoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။