တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၂၁+၁၂၂
အပိုင်း ၃၂•၁"ဆုလာဘ်နဲ့ အတွင်းတပည့်သား "
°°°
ဒါပေမယ့် သုဝေ့လွမ်ကတော့ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမျိုးတွေကို အပြင်နယ်မြေ အုပ်ချုပ်စဥ်ကာလမှာ ဆက်တိုက်ဆိုသလို ကြုံတွေ့နေခဲ့ရတာပါ။ တခဏတာကြာအောင် စိတ်ဖိစီးနေပြီးတဲ့နောက် ခပ်မြန်မြန်ပဲ စိတ်ကိုပြန်ထိန်းလိုက်နိုင်ပါတော့တယ်။ အဲ့ဒီနောက် သူ့မျက်နှာပေါ်မှာတော့ အပြုံးတစ်ခုက ဖြစ်ပေါ်လာခဲ့ပါပြီ။" မင်းတို့တွေအားလုံးက တကယ်ထူးချွန်ကြတယ်လို့ ငါပြောရမှာပဲ မင်းတို့ရဲ့ ပေါင်းစည်းစွမ်းရည်ကို အထင်သေးလျှော့တွက်မိလိုက်တဲ့အတွက် ငါတကယ်ကို မျက်နှာပျက်ခဲ့ရပါတယ်..ဒီလိုငါရဲ့အမှားအယွင်းအတွက် ဘယ်သူမှ အပြစ်တင်လို့မရဘူး ဒါ့အပြင် မင်းတို့အားလုံး ငါ့ရဲ့ နောက်ကျောဗလာကြီးကို မြင်လိုက်ရတဲ့အတွက်လဲ တောင်းပန်ပါတယ်။ ငါမင်းတို့ကို ဒီလို ကြည့်ခိုင်းတာလဲမကောင်းပါဘူးလေ "
သူပြောပြီချိန်မှာပဲ ရယ်သံတွေက ထွက်ပေါ်လာပါတော့တယ်။ သုဝေ့လွမ်က အရမ်းကို ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ဆိုတာ ၀န်ခံရမှာ အမှန်ပါ။ ရိုးရှင်းတဲ့ စကားလေးတစ်ချို့နဲ့ သူ့ရဲ့မျက်နှာပျက်စရာကိစ္စကို ဖြေရှင်းနိုင်လိုက်ပါပြီ။ အပေါ်မှာရှိနေခဲ့တဲ့ ဆရာတွေတောင်မှသူ့ကို စိတ်ထဲကနေ ချီးကျူးနေခဲ့မိပါတယ်။ အကယ်၍ သူတို့သာ ဒီလိုအခြေအနေမျိုးကို ရောက်သွားခဲ့မယ်ဆိုရင် သုဝေ့လွမ်လို အေးအေးဆေးဆေး နေနိုင်ပါ့မလား။
သုဝေ့လွမ်က ဆက်ပြောလိုက်တယ်။
" ငါရှင်းရှင်းလင်းလင်း ပြောမပြတာကြောင့် အားလုံးရဲ့စိတ်ထဲမှာ သံသယရှိနေမှာကို ငါသိနေပါတယ်..ပထမဆုံးအနေနဲ့ ငါ့ရဲ့ အရင်စကားကို အတည်ပြုပါရစေ ငါလုံး၀ကို ပြောတာမမှားဘူး နောက်ဆုံးအနိုင်ရတဲ့သူတွေက ၀မ်သုန့် ရှောင်းရှောင်းနဲ့ ဟို့ယွိဟောင်တို့ပဲ သူတို့ရဲ့ ထူးခြားတဲ့လှုပ်ရှားမှုက ဒီနေ့နောက်ဆုံးပြိုင်ပွဲကို အနိုင်ရသွားစေခဲ့တယ်...ဒါ့အပြင် သေချာပေါက် ဒီနေရာအတွက် ထိုက်တန်လွန်းတဲ့သူတွေပဲ "

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasySoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။