117.8.9.120

41 1 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ် ၁၁၇+၁၁၈
အပိုင်း ၃၁•၁

" ရွှေရောင်လမ်းနဲ့ ငရဲဘုံကျားဖြူတိုက်ခိုက်ခြင်း "
°°°
ဒါပေမယ့် ထိုက်ဟွပင်းရဲ့ တတိယဝိညာဥ်စွမ်းရည်က အရမ်းကိုအင်အားကြီးနေဆဲပါ။ ဒီလိုအခြေအနေမျိုးအထိ တိုက်ခိုက်ခံနေရတာတောင် ဒဏ်ရာပြင်းပြင်းထန်ထန် မရသေးပါဘူး။ ၀မ်သုန့်က လေထဲကို မြင့်တက်သွားခဲ့ပေမဲ့ ဟို့ယွိဟောင်ကတော့ မြေပြင်မှာ ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဟို့ယွိဟောင်က ၀မ်သုန့်လိုမျိုး နောက်ဆုတ်မသွားခဲ့ပါဘူး။

အဲ့ဒီအစား အရှေ့ကို ပြေး၀င်လို့သွားခဲ့ရင်း သရဲအရိပ်ခြေရာကို အသုံးပြုထားခဲ့ပါတယ်။ သူ့ရဲ့ လက်တွေက ကျောက်စိမ်းဖြူရောင်အဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ ဒါကတော့ ထန်မျိုးနွယ်ရဲ့ ထူးဆန်းကျောက်စိမ်းလက်တွေပါပဲ။ ထိုက်ဟွပင်း ဒူးထောက်နေတဲ့ပုံစံကိုကြည့်ရင်း သူ့လက်၀ါးတွေနဲ့ ရိုက်ချဖို့လုပ်ပါတယ်။ ထိုက်ဟွပင်း မတ်တပ်ရပ်ဖို့ကြိုးစားချိန်မှာ ဟို့ယွိဟောင်ရဲ့ လက်၀ါးတွေက ထိုက်ဟွပင်းရဲ့ ရင်ဘတ်ဆီကို ကျရောက်လို့လာခဲ့တယ်။

ဟို့ယွိဟောင်က ဒီတိုက်ခိုက်မှုထဲမှာ သူ့ရဲ့ ရှိသမျှစွမ်းအင်အားလုံးကို ထည့်သွင်းထားခဲ့ပါတယ်။ ဒီလောက်နဲ့ ထိုက်ဟွပင်းကို သေအောင်မသတ်နိုင်မှန်းတော့ သူသိပြီးသားပါ။ ဒါပေမယ့် ကျားဖြူမြို့စားမင်းအိမ်တော်မှာ ဖြတ်သန်းခဲ့ရတဲ့ ဆယ့်တစ်နှစ်တာလုံးလုံး သိမ်းဆည်းထားခဲ့ရတဲ့ ၀မ်းနည်းကြေကွဲမှုတွေက ဒီတိုက်ခိုက်မှုထဲမှာ အပြည့်အ၀ပါနေခဲ့ပါတယ်။ ထိုက်ဟွပင်းရဲ့ရင်ဘတ်ကို သူရိုက်ပြစ်လိုက်ချိန်မှာ မျက်လုံးတစ်ခုလုံး နီရဲလို့သွားခဲ့တယ်။

သုံးလတိတိ လေ့ကျင့်မှုက အလဟာသမဖြစ်ခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားရော တခြားစွမ်းရည်တွေကပါ အတော်ကို အင်အားတက်လာခဲ့ပါတယ်။ ခန္ဓာကိုယ်အရည်အသွေးကလဲ အတော်ကို တိုးတက်ကောင်းမွန်လာခဲ့တယ်။ ဒီတိုက်ခိုက်မှုက ထူးဆန်းကောင်းကင်နည်းလမ်းနဲ့ ကြိုးကြာထိန်းချုပ် နဂါးဖမ်းဆီးနည်းလမ်းကို ပေါင်းစည်းထားတာကြောင့် သူ့လက်ရှိအစွမ်းအစနဲ့ ထုတ်သုံးနိုင်မှုအမြင့်ဆုံး ခန္ဓာကိုယ်တိုက်ခိုက်မှုဖြစ်နေခဲ့ပါတယ်။

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now