တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၅၁+၁၅၂
အပိုင်း ၄၂•၁" နတ်ဘုရားကို ဖန်တီးချင်တယ်လား "
°°°
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ခေါင်းညိတ်ရင်းနဲ့ ပြောလာခဲ့ပါတယ်။" ဟုတ်တယ်လူသားတွေပဲ ငါတို့လိုမျိုး မြင့်မြတ်တဲ့၀ိညာဥ်သားရဲကောင်တွေ ရှိပြီ အင်အားကြီးတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူတွေက သူတို့ထက် သာလွန်နိုင်ပေမဲ့ ငါတို့တွေက လူသားတွေရဲ့ ပါရမီကို ယှဥ်လို့မရဘူးလေ လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်က မင်းရဲ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်နိုင်ပဲ သူတို့က မင်းကို နှစ်ပေါင်းတစ်သောင်းအတွင်းမှာ အလွယ်လေးယှဥ်ပြိုင်နိုင်တယ် .ဒါ့အပြင် ဆယ့်စုနှစ်အတွင်းမှာ နှစ်တစ်သိန်းသားရဲကောင်ကိုတောင် ပြန်ယှဥ်ပြိုင်နိုင်တယ်...ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အနာဂတ်အလားအလာကတော့ ငါတို့အများကြီးပိုပြီး မြင့်မားလို့လေ သူ့ခန္ဓာကိုယ်က ငါတို့လောက် အားမကောင်းပဲ သက်တမ်းလဲတိုးပေမဲ့ သူတို့ရဲ့အနာဂတ်တိုးတက်နိုင်စွမ်းကြောင့် မိုးကောင်းကင်ရဲ့ ကောင်းချီးမင်္ဂလာကို ရရှိထားတယ်လို့ ပြောလို့ရနိုင်တယ်...သူ့ကို ယှဥ်ပြိုင်နိုင်လို့မရဘူး..ဒါက လူသားတွေရှိတဲ့ အကျိုးကျေးဇူးပဲ ဒါပေမယ့် ငါတို့အတွက်တော့မရှိတဲ့ကိစ္စပေါ့ "
" ဒါ့အပြင် အရေးကြီးဆုံးက လူသားတွေရောက်နိုင်တဲ့ အမြင့်ဆုံးအနေအထားအထိ ငါတို့တွေ မျှော်လင့်လို့မရနိုင်ဘူး..လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက ဘာတွေဖြစ်သွားလဲဆိုတာ မင်းမှတ်မိသေးလား "
" ကောင်းကင်နဲ့ မြေကြီးနှစ်ခုစလုံး အရောင်ပြောင်းသွားတယ်လေ ဒါ့အပြင် နတ်ဘုရားတစ်ပါးရုတ်တရက်မွေးဖွားလာခဲ့တယ် "
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြောလာခဲ့တယ်။
" အမှန်ပဲ အဲ့ဒီအချိန်မှာ ငါ့အနေနဲ့ အနည်းဆုံးနတ်ဘုရားငါးပါးအထိ ပေါ်ထွက်လာတာကို မြင်တွေ့ခဲ့ရတယ်...ဒါ့အပြင် မဟာကြယ်တာရာသစ်တောထဲက သားရဲကောင်ဘုရင်နှစ်ယောက်ကတော့ သေဆုံးသွားခဲ့ရပြီ သူတို့တွေက မဟာကြယ်တာရာသစ်တောထဲမှာ အဓိကနေထိုင်တဲ့ အင်အားအကြီးဆုံးဖြစ်တည်မှုတွေပဲ ပြောရမယ်ဆိုရင် ငါ့ရဲ့စွမ်းအားတွေကို စုပ်ယူထားပြီ အချိန်အကြာကြီးလေ့ကျင့်ထားတာကြောင့် သူတို့ရဲ့အစွမ်းအစက အားကောင်းလွန်လှတယ်..ဒါ့အပြင် သူတို့ထဲမှာ တစ်ယောက်က ဧရာမရေခဲနတ်ဆိုးဘုရင်နဲ့ တူညီတဲ့မျိုးနွယ်အသွေးအသားကို ပိုင်ဆိုင်ထားသေးတယ်..နောက်တစ်ယောက်ကတော့ နဂါးရဲ့အသွေးအသားရှိတယ်..ဒါတောင်မှ သူတို့တွေ သေဆုံးကြရသေးတာပဲ ဒါပေမယ့် သူတို့ရဲ့ရန်သူတော်တွေ သတ်ဖြတ်တာကို ခံရလို့သေဆုံးတာမဟုတ်ပဲ အင်အားအကြီးဆုံးလူသားတွေနဲ့ ပြိုင်ဆိုင်ခဲ့ရလို့ သေဆုံးခဲ့တာ ဒါ့အပြင် သူတို့ကို သတ်ဖြတ်သွားတဲ့သူက နောက်သိပ်မကြာခင်အချိန်အတွင်းမှာ အင်အားအကြီးဆုံး နတ်ဘုရားဖြစ်လာခဲ့တယ် "

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasíaSoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။