တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း(၆၃+၆၄)(၁၇•၁*၁၇•၂)
" ပထမဆုံးပူးပေါင်းဆောင်ရွက်ခြင်း လူနှစ်ယောက်ရဲ့ တိုက်ပွဲစစ်မြေပြင်ကို ထိန်းချုပ်မှု "
°°°ဟို့ယွိဟောင်ကတော့ တခဏတာ တိတ်ဆိတ်နေပြီးတဲ့နောက် ပြောလာခဲ့ပါတယ်။
" မာနက လူတွေကို ထိခိုက်စေနိုင်တယ်..အနည်းဆုံးမင်းသိုသိုသိပ်သိပ် နေပါဦးလား "
" ငါ့ရဲ့ သိုင်းပညာ၀ိဉာဥ်နဲ့ သိုသိုသိပ်သိပ် နေလို့ရမယ်များ မင်းထင်နေတာလား "
၀မ်သုန့်က ပြန်ဖြေလာခဲ့ပါတယ်။
အမှန်ပါပဲ ၀မ်သုန့်ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က ပေါ်လာချိန်တိုင်းမှာ လူတိုင်းကို အံ့အားသင့်စေနိုင်ပါတယ်။ သူ့အတွက်တော့ သိုသိုသိပ်သိပ် နေဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါပဲ။
ဘယ်သူမှစကားမပြောကြပဲနဲ့ တိတ်တဆိတ်သာ တရားထိုင်ရင်း တစ်ညတာကို ကုန်ဆုံးလို့သွားခဲ့ပါပြီ။ မကြာခင်အချိန်အတွင်းမှာပဲ မနက်ခင်းနေရောင်ခြည်က စတင် ကျရောက်လာပါတော့တယ်။ သူတို့တွေလဲ ကျောင်းဆောင်ကိုသွားပြီ မနက်စာစားကြတယ်။ အဲ့ဒီနောက်မှသာ အတန်းထဲကို ထပ်ပြီး တက်ခဲ့ကြပြန်ပါပြီ။ လက်ရှိအချိန်မှာတော့ အတော်ကို အားကောင်းတဲ့ ပတ်၀န်းကျင်လှုပ်ရှားမှုက ဖြစ်ပေါ်နေခဲ့ပါတယ်။
လူတိုင်းက သုံးယောက်အုပ်စု စုနေခဲ့ကြပြီ တစ်ယောက်နဲ့တစ်ယောက်လဲ ဆွေးနွေးနေခဲ့ကြပါသေးတယ်။
ရှောင်းရှောင်းက သူတို့နှစ်ယောက်ထပ်အရင် ရောက်နေခဲ့တာကြောင့် သူတို့ကို စောင့်ဆိုင်းနေခဲ့တယ်။ သူတို့တွေ ၀င်လာတာကို မြင်မြင်ချင်အချိန်မှာ ချက်ချင်းဆိုသလို သူတို့ကို လက်ဝှေ့ရမ်းပြရင်း နှုတ်ဆက်ပါတော့တယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့သူ့အနားကို ရောက်ချိန်မှာတော့ ရှောင်ရှောင်းက ပြောလာခဲ့တယ်။
" စစ်ဆေးပွဲက ဒီနေ့ နေ့လည်စမယ်လို့ပြောတယ် ငါတို့တွေ နည်းလမ်းတစ်ချို့ ဆွေးနွေးရအောင် "
၀မ်သုန့်ကတော့ ချက်ချင်းငြင်းလိုက်ပါတယ်။
" ငါ့တို့ဘာမှ ဆွေးနွေးစရာမလိုဘူး သွားပြီ တိုက်ခိုက်ရအောင် "

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasySoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။