75.76.77.78.79.80

57 2 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း(၇၅+၇၆) (၂၀*၁+၂၀*၂)

အသက်သုံးချောင်း၀ိဉာဥ်​ချေဖျက်အိုးကြီးက လျင်မြန်ရုံတင်မကပဲ သူ့ရဲ့ရောက်ရှိလာမှုကလဲ အရမ်းကို ရုတ်တရက်ဆန်လွန်လှပါတယ်။ ဒါကြောင့် အမြန်နှုန်းကို အသုံးပြုတဲ့၀ိဉာဥ်ပညာရှင်တွေက သူတို့ရဲ့ ၀ိဉာဥ်စွမ်းရည်တွေကို အဲ့ဒီအချိန်မှာ မထုတ်လွှတ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ကြည့်နေတဲ့သူတိုင်းကလဲ ရှောင်ရှောင်းက သူမတူအောင်ထူးခြားပြီ ကိစ္စတွေအများကြီးကို တစ်ပြိုင်နက်ထဲလုပ်နိုင်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း သိသွားခဲ့ပါတယ်။ ဒါ့အပြင် သူမအနေနဲ့ ပြိုင်ပညာ၀ိဉာဥ်ကို ထိန်းချုပ်နေရင်း ကျန်ရစ်တဲ့စွမ်းအားကို အသုံးပြုပြီ သင့်တော်တဲ့ အချိန်မှာ ၀ိဉာဥ်စွမ်းရည်တစ်ခုကို ထုတ်သုံးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စဖြစ်ပေမဲ့ သူမကတော့ ပြိုင်ဘက်သုံးယောက်စလုံးကို မတူညီတဲ့ အရှိန်နှုန်းနဲ့ တစ်ပြိုင်နက်ထဲ တိုက်ခိုက်ခဲ့ပါတယ်။

ရလဒ်ကနေနဲ့ ရှောင်းရှောင်း က ကြည့်နေသူတွေအားလုံးကို အထိတ်တလန့် ဖြစ်သွားစေခဲ့တယ်။ ကျယ်လောင်တဲ့ထိတွေ့သံသုံးချက်နဲ့အတူ တုန်ခါမှုကြီးသုံးခုက ဖြစ်ပေါ်လို့လာခဲ့ပါပြီ။

အလျင်နှုန်းကို အသုံးပြုတဲ့ ၀ိဉာဥ်ပညာရှင်သုံးယောက်စလုံးက ရိုက်ခတ်မှု့ကြောင့်မလို့ တစ်ခါထဲမေ့မြောသွားကြပါတော့တယ်။ သူတို့မှာ တိုက်ခိုက်ရေး၀ိဉာဥ်ပညာရှင်မရှိတဲ့အတွက် တခဏတာ မူးဝေသွားခဲ့မှုက ဟွမ်ချူထျန်းလိုလူထက်တော့ အများကြီး ပိုရှည်ကြာပါတယ်။ အိုးကြီးတွေက သူ့ရဲ့ပြိုင်ဘက်တွေကို နောက်တစ်ခေါက် ထပ်မံတိုက်ခိုက်လိုက်ပြန်ပါပြီ။

ပြိုင်ဘက်တွေကို အသီးသီးတိုက်ခိုက်နေတဲ့ အိုးကြီးတွေကတော့ လူသုံးယောက်ကို စာမေးပွဲနယ်မြေ အပြင်ဘက်ဆီ လွှင့်ထွက်သွားစေခဲ့ပါတယ်။ ဒီအိုးကြီးသုံးလုံးက အဲ့ဒီနောက် တစ်ဖန်ပြန်လည် ပေါင်းစည်းလို့သွားရင် ရှောင်းရှောင်း ရဲ့ခေါင်းအပေါ်ဘက်မှာ တိတ်တဆိတ်လွှင့်မျောနေပါတော့တယ်။

ရှိနေသမျှလူတွေအားလုံးက တိတ်ဆိတ်လို့သွားခဲ့ပါပြီ။ ဒီပြိုင်ပွဲက အစောပိုင်းပြိုင်ပွဲထက် ပိုပြီး အံ့ဩစရာကောင်းနေခဲ့ပါတယ်။ ရှောင်းရှောင်း ကတော့ ဦးဆောင်သူအဖြစ်နဲ့ အနိုင်ကို ရယူနိုင်ခဲ့ပြီးပြီ တိုက်ပွဲတစ်ခုလုံးက တစ်မိနစ်တောင်မကြာမြင့်ခဲ့ပါဘူး။ သူမ တစ်ယောက်ထဲနဲ့တင် ပြိုင်ဘက်တွေအားလုံးကို အံ့အားသင့်သွားစေခဲ့တာပါ။ ဒါ့အပြင် စစ်မြေပြင်ထဲကိုတောင် သူက မ၀င်ရသေးပါဘူး။ လက်ရှိအချိန်မှာ သူက နယ်မြေသုံးခုစလုံးကို တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပါတယ်။

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now