တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၁၁+၁၁၂
အပိုင်း ၂၉•၃" ကျောင်းအုပ်နှစ်ယောက် "
°°°
သူတို့နှစ်ယောက်လဲ ချက်ချင်းဆိုသလို ပျော်ရွှင်လို့သွားပါတော့တယ်။ ဟို့ယွိဟောင်က မေးလိုက်တယ်။" ရှောင်းရှောင်း အဆင်ပြေပြီလား "
ရှောင်းရှောင်းကတော့ ရယ်နေခဲ့တယ်။
" ဒါပေါ့ ငါမှာအမွှာသိုင်းပညာနှစ်ခုတောင်ရှိတယ်လေ..အဲ့ဒီတော့ အရမ်းပါရမီရှိတဲ့သူလို့ ပြောရမှာပေါ့ ဒီလိုကိစ္စလေးအတွက်နဲ့ ငါဘယ်လောက်များ အနားယူရမလဲလို့ မင်းတို့တွေ တွေးနေကြတာလဲ ငါနောက်ထပ် ဘာမှထပ်ပြီ မထိခိုက်တော့ဘူး...သွားကြစို့ ငါနေ့လည်စာ၀ယ်ကျွေးမယ်..ဒီနေ့နေ့လည်မှာ တွေ့ရမဲ့ကောင်တွေ နောက်ထပ် နေ့လည်အထိမထနိုင်အောင် အားရှိတာလေးတစ်ခုခုစားကြရအောင် "
ဟို့ယွိဟောင်ကတော့ ပြုံးနေခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ညာလက်ကို အရှေ့တိုးလိုက်တယ်။ ၀မ်သုန့်က ဟို့ယွိဟောင်လက်ပေါ်မှာ ထပ်လိုက်ပြီ ရှောင်းရှောင်းကလဲ အပေါ်ဆုံးမှာ လက်ပြန်ထပ်လိုက်ပါတယ်။ သူတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီ ယုံကြည်ချက်အပြည့်နဲ့ ပြုံးနေခဲ့ကြတယ်။
" ငါတို့တွေ ချန်ပီယံဖြစ်လာရမယ် "
နေ့လည်စာစားချိန်က စတင်ခဲ့ပါပြီ ကျောင်းသားတွေအများကြီးလဲ ရောက်ရှိလာပါတော့တယ်။ ဒါ့အပြင် သူတို့ရဲ့ ပြောစကားက ကောင်မလေးတစ်ယောက်ရဲ့ တုန့်ပြန်သံကို ဖြစ်ပေါ်စေခဲ့ပါတယ်။
" အရှက်မရှိလိုက်တာ ဒီလိုမျိုးစကားပြော၀ံ့တယ်ပေါ့ သေချာပေါက် ချန်ပီယံက ငါတို့အတန်းနံပါတ်ငါးကပဲ ဖြစ်မှာ "'
ဟို့ယွိဟောင်တို့သုံးယောက် လှည့်ကြည့်လိုက်ချိန်မှာတော့ သူတို့နဲ့ ရင်ဆိုင်ရမဲ့အဖွဲ့ကို တွေ့လိုက်ရပါပြီ။ ဒါပေမယ့် အလယ်မှာရှိနေတဲ့သူက ဟို့ယွိဟောင်ရဲ့ ကိုယ်ရေးကိုယ်တာကြီးရန်သူတော်ဖြစ်တဲ့ ထိုက်ဟွပင်းပါပဲ။ စကားပြောလိုက်တဲ့သူကတော့ သူ့ရဲ့ ဘယ်ဘက်မှာရှိနေတဲ့ ဆံပင်အနက်ရောင်နဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။
YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasySoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။