167.8.9.170

60 0 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၆၇+၁၆၈
အပိုင်း ၄၇•၃

" အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ရဲ့ အဆောင်အယောင် "
°°°
သင်ကြားရေးနယ်မြေရဲ့ဆရာနှစ်ယောက်ကလဲ မျက်လုံးပြူးသွားခဲ့ပါတယ်။

" ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ အဓိကအတွင်းတပည့်သားတဲ့လား "

မုကျင်းက ချက်ချင်းဆိုသလို ၀င်ပြောပါတော့တယ်။

" ကျိုးယိ မင်းကအကြောင်းပြချက်ပေးမယ်ဆိုရင်လဲ ယုံရလောက်တဲ့တစ်ခုခုကို ပြောစမ်းပါ ငါတို့ရဲ့ကျောင်းတော်မှာ ဘယ်တုန်းကများ ပထမနှစ်ကျောင်းသားကို အဓိကအတွင်းတပည့်သားအဖြစ် လက်ခံလို့လဲ အနည်းဆုံးတတိယနှစ်ကို ပြီးမြောက်မှ စမ်းသပ်ချက်ကို အောင်မြင်ပြီလက်ခံတယ်ဆိုတာ သိတယ်လေ ငါတို့ကို ဘယ်လိုများ အရူးလာလုပ်နေတာလဲ "

ချက်ချင်းဆိုသလို ဆရာလုက ပြောလာပါတော့တယ်။

" ဆရာမု ဒီကိစ္စကို ငါတို့ကိုင်တွယ်မှာပါ မင်းအနေနဲ့ အတန်းနံပါတ်နှစ်ကိုပြန်ပြီး ကိုယ့်ကျောင်းသားတွေကို ပြန်ကြည့်လိုက် "

ကျိုးယိရဲ့ အကြောင်းပြချက်က သူတို့အနေနဲ့ အမှန်ဖြစ်နေမယ်လို့ မထင်နိုင်စရာပါပဲ။ ဒီတစ်ကြိမ်မှာ မုကျင်းကတော့ ဒေါသအရမ်းထွက်နေခဲ့ပါပြီ။

" ဒီကိစ္စ ဖြေရှင်းပြီးတာနဲ့ ကျောင်းတော်အနေနဲ့ ငါ့ကို သတင်းပို့ပေးမယ်လို့ မျှော်လင့်ပါတယ်."

" ရလဒ်ကို ငါအခုအချက်ချင်းပြောပြလိုက်မယ်..ဟို့ယွိဟောင်က ငါတပည့်ပဲ ဒါ့အပြင် ငါတို့၀ိညာဥ်လက်နက်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်း ကျောင်းတော်အနေနဲ့ အဓိကအတွင်းတပည့်သား "

လူတစ်ယောက်က ချက်ချင်းဆိုသလို ပေါ်လာပါတော့တယ်။ အဲ့ဒါကတော့ သုဝေ့လွမ်နဲ့ လိုက်လာတဲ့ ဖန်းယွီပါ။

" ညွန်ကြားရေးမှုး "

သင်ကြားရေးနယ်မြေရဲ့ ဆရာနှစ်ယောက်လဲ ခပ်မြန်မြန်ပဲ နှုတ်ဆက်ကြပါတယ်။

သုဝေ့လွမ်က အတန်းထဲကို၀င်လာရင်း ပြောလိုက်တယ်။

" ကျောင်းအုပ်ရန်ရှောင်ကျဲ့နဲ့ ကျောင်းအုပ်ချင်းသောသောတို့ နှစ်ယောက်ရဲ့ သဘောတူညီချက်အရ ဟို့ယွိဟောင်အနေနဲ့ ယာယီအတွင်းတပည့်သားအဖြစ် မရှိတော့ပါဘူး..အဲ့ဒီအစား သူ့ကို ၀ိညာဥ်လက်နက်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းကျောင်းတော်ရဲ့ အဓိကအတွင်းတပည့်သားအဖြစ် တရား၀င်သတ်မှတ်လိုက်ပါပြီ..ဒါ့အပြင် သူဒီလိုသတ်မှတ်ခံရတဲ့အဓိကအကြောင်းအရင်းကတော့ ဆရာဖန်းယွီကိုယ်တိုင်လုပ်ဆောင်ခိုင်းလိုက်တဲ့ကိစ္စကို အောင်မြင်သွားလို့ပါပဲ ဒါကြောင့် ဒီကိစ္စက ဒီနေရာမှာအဆုံးသတ်သွားပြီ ဟို့ယွိဟောင်အနေနဲ့ အတန်းနံပါတစ်မှာဆက်ပြီနေထိုင်ရင်း သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ရဲ့ အသိပညာတွေကို တတိယနှစ်အထိ သင်ကြားလို့ရပါတယ်..တတိယနှစ်ရောက်ရင်တော့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ကို ပြောင်းရွေ့ရလိမ့်မယ် "

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now