131.2.3.4.5.6

41 1 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၃၁+၁၃၂
အပိုင်း ၃၅•၁

" ငါမရှုံးသေးဘူး "
°°°
ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်အနေနဲ့ ဝူဖုန်းကို လွယ်လွယ်ကူကူ ယှဥ်ပြိုင်ဖို့လုံး၀ စိတ်ကူးမရှိခဲ့ပါဘူး။ ကျောက်စိမ်းရောင်တောက်ပနေတဲ့ သူ့ရဲ့လက်တွေက ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးနည်းပညာကို အပြည့်အ၀အသုံးချရင်း တိုက်ခိုက်နေခဲ့ပါတယ်။

ကျယ်လောင်တဲ့အသံနဲ့အတူ ဝူဖုန်းကတော့ ဟို့ယွိဟောင်နဲ့ ငါးမီတာအကွာအထိ လွှင့်ထွက်လို့သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူမဟန်ချက်ကို ထိန်းမထားနိုင်တော့ပါဘူး။ ရလဒ်အနေနဲ့ ဝူဖုန်းက မြေပြင်ပေါ်ကို လိမ့်သွားပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ကျင့်ကြံဆင့်က ဝူဖုန်းလောက် မမြင့်မားပေမဲ့ သူက အဆင့်ဆယ့်ခုနှစ်ဝိညာဥ်စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ဝိညာဥ်ပညာရှင်ဖြစ်နေဆဲပါ။ အစွမ်းကုန်အသုံးပြုထားတဲ့ သူ့ရဲ့လက်ဝါး  အတော်ကို ရိုက်ချက်ပြင်းထန်ပါသေးတယ်။

ဝူဖုန်းအနေနဲ့လဲ တစ်ကိုယ်လုံးတုန်ရီရင်း ထလာခဲ့ပါတယ်။ ပါးစပ်ထဲကနေ သွေးတွေအပြည့် အန်ထုတ်လိုက်မိတယ်။ သူမတကယ်ကို ဒဏ်ရာရသွားခဲ့ပါပြီ။ အပေါ်မှာကြည့်နေတဲ့ သူတွေလဲ အံ့ဩထိတ်လန့်ကုန်ပါတော့တယ်။ ပြိုင်ပွဲမစခင်တုန်းက ဒီလိုရလဒ်မျိုး ဖြစ်လာမယ်လို့ ဘယ်သူများ ခန့်မှန်းထားမိမှာလဲ။ ဘယ်လိုလုပ်ဒီလိုဖြစ်လာနိုင်ရတာလဲ ဟို့ယွိဟောင်က သေချာပေါက် အသာစီးနေခဲ့တာပါ။ ဝူဖုန်းအနေနဲ့ သူ့ကိုတန်ပြန်တိုက်ခိုက်ဖို့တောင် အခွင့်အရေးမရှိပါဘူး။

ထိုက်ဟွပင်းရော ကျုးလုပါ တအံ့တဩဖြစ်နေခဲ့ကြရင်း ရှောင်းရှောင်းရဲ့မျက်လုံးတွေကလဲ အပြူးသားဖြစ်နေခဲ့ကြပါတယ်။ ကျိုးစီချန်တောင်မှ စ်ိုးရိမ်ပူပန်မှုအပြည့်နဲ့ သူ့လက်တွေကို ကိုက်နေခဲ့ပါပြီ။ လက်ရှိအချိန်မှာတော့ ချိုက်ကျင်းရွှမ်က ဟို့ယွိဟောင်ကို တောက်ပတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။

အပြင်ရုပ်သွင်တွေအရ နှစ်ဖက်စလုံး ဝိညာဥ်စွမ်းရည်တွေကို အသုံးမပြုခဲ့ကြပါဘူး။ တိုက်ခိုက်ရေးဝိညာဥ်ပညာရှင်က ခန္ဓာကိုယ် အနီးကပ်တိုက်ခိုက်ရေးမှာ ထိန်းချုပ်ရေးဝိညာဥ်ပညာရှင်ကို ရှုံးနှိမ့်သွားရတယ်လား။ ဒါ့အပြင် သူတို့ကြားမှာကွာခြားချက်ကလဲ အကြီးကြီးရှိနေခဲ့ပါတယ်။

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now