23.24.25.26

45 3 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ်(Soul Land2)
အပိုင်း ၂၃+၂၄(၆*၃-၆*၄)
" သော့်လော့တိုက်ရဲ့ နံပါတ်တစ်ကျောင်းတော် "
°°°
နှလုံးသားထဲက ခံစားချက်ကို ခံစားနေမိရင်း ဟို့ယွိဟောင် ထန်မျိုးနွယ်ရဲ့ လျှို့ဝှက်နည်းလမ်းတွေကို ပြန်တွေးနေခဲ့မိပါတယ်။ ပေ့ပေ့နဲ့ ထန်ယာ့တို့ရဲ့ မိတ်ဆက်မှုကြောင့် အမျက်ဒေါသေကျောင်းတော်က သူ့နှလုံးသားထဲမှာ လောင်မြိုက်တဲ့မီးတောက်တစ်ခုလိုပြောင်းလဲလို့သွားခဲ့တယ်။

ဟို့ယွိဟောင်ရဲ့ လေးလေးနက်နက် စဉ်းစားနေတဲ့ပုံစံကိုမြင်ချိန်မှာ ထန်ယာ့နဲ့ ပေ့ပေ့တို့ကတော့ ပြုံးနေခဲ့ကြပါတယ်။ သူတို့တွေ အမျက်ဒေါသကျောင်းတော်ကို ၀င်၀င်ချင်အချိန်မှာ သူတို့လဲ ဟို့ယွိဟောင်လိုပဲ ကြုံခဲ့ရတယ်မဟုတ်လား။

နာရီအနည်းငယ်အတွင်းမှာပဲ ကျောင်းတော်ကို သူတို့မြင်လိုက်ရပါတော့တယ်။ ကျောင်းတစ်ခုလို့ ခေါ်ရမှာထက်စာရင် မြို့တော်ကြီးတစ်ခုနဲ့တောင် ပိုတူနေခဲ့သေးတယ်။ သစ်တောကနေ အပေါ်ကိုတက်ပြီး အဓိက လမ်းမကြီးဆီကို လျှောက်လိုက်ချိန်မှာတော့ မျက်စိတစ်ဆုံး မြို့နံရံတွေကို မြင်လိုက်ရပါတော့တယ်။

အမျက်ဒေါသကျောင်းတော်က ကျယ်ပြန့်တဲ့နယ်မြေကို ပိုင်ဆိုင်လို့ထားခဲ့ပြီး အဲ့ဒီနယ်မြေတစ်ခုလုံးကလဲ မြို့တော်ကြီးလို ဖြစ်ပေါ်နေခဲ့တာကြောင့် အမျက်ဒေါသမြို့တော်လို့ ခေါ်တွင်ပါတယ်။ အမျက်ဒေါသမြို့တော်က သော့်လော့တိုက်မှာ အကြီးဆုံးမြို့တွေထဲက တစ်ခုပါပဲ။ ဒါ့အပြင် နေထိုင်နေတဲ့ လူအရေအတွက်ကတော့ နှစ်သန်းကျော်နေခဲ့တယ်။ ဒါ့အပြင် ကျောင်းတော်ကသာ မြို့တော်ကို အုပ်ချုပ်တာပါ။ ဘယ်နိုင်ငံတော်ကိုမှလဲ အခွန်အခ ပေးဆောင်စရာမလိုခဲ့ပါဘူး။ မြို့တော်ရဲ့ တည်ရှိမှုတစ်ခုချင်းဆီထဲနဲ့တင် ဘယ်သူမှ ဘာမှမပြောနိုင်တဲ့အထိ အားကောင်းနေခဲ့လို့ပါ။

အမျက်ဒေါသကျောင်းတော်က မြို့တော်ရဲ့အလယ်မှာ တည်ရှိနေတာမဟုတ်ပဲ အရှေ့ပိုင်းမှာ ရှိနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဟာကြယ်တာရာသစ်တောကြီးက မြို့တော်ရဲ့ အရှေ့အရပ်မှာ ရှိနေခဲ့လို့ပါပဲ။

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now