51.52.53.54

43 1 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း (၅၁+၅၂)(၁၄*၁+၁၄*၂)
" ကောင်းကင်အိပ်မက်နိုးထမှု "
°°°
မနေ့က ငါးကင်နဲ့ ရန်ဖြစ်တဲ့ပွဲမှာ မီးဖိုထဲပြုတ်ကျလာတဲ့ ၀ိညာဥ်ရွှေပြားကို သူတူးထုတ်ဖို့မမေ့ခဲ့ပါဘူး။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ ထမင်းစားခန်းကို ရောက်ချိန်မှာ အတော်လေး ငွေကြေးရှိနေတာကြောင့် တက်ကြွလို့နေခဲ့ကြပါတယ်။

သူတို့စားသောက်တဲ့ မနက်စာက ခန္ဓာကိုယ်တွေရဲ့လိုအပ်ချက်တွေကို အလျင်အမြန်ဖြည့်တင်းသွားစေခဲ့ပါတယ်။ ဒါ့အပြင် ထမင်းစားခန်းကို အစောဆုံးရောက်တဲ့သူတွေဖြစ်တာကြောင့် သူတို့စားပြီသောက်ပြီးချိန်မှသာ လူတွေအများကြီးက ထပ်မံရောက်ရှိလာခဲ့တာပါ။

" ငါတို့တွေ အတန်းတက်ဖို့ အချိန်အဲ့ဒီလောက် မလိုသေးဘူး...အခန်းကိုပြန်ကြရအောင် "

ဟို့ယွိဟောင်က ပြည့်တင်းသွားတဲ့ဗိုက်ကို ပုတ်ရင်းနဲ့ ပြောနေခဲ့ပါတယ်။

အမျက်ဒေါသကျောင်းတော်ကို သူရောက်ပြီးချိန်ကနေစပြီး ဖြည်းဖြည်းချင်းဆိုသလို လန်းဆန်းတက်ကြွလာခဲ့ပါတယ်။ ဒီနေရာတွေမှာ သူငယ်ချင်းတွေရှိလာရုံတင်မက ရှောင်ယာ့နဲ့ သူ့ဆရာတူအစ်ကိုကြီးပေ့ပေ့ကလဲ သူ့ကို အရမ်းဂရုစိုက်ကြပါတယ်။ မြို့စားအိမ်တော်မှာ ကြုံခဲ့ရတဲ့ဘ၀အခြေအနေမျိုးနဲ့ယှဥ်လိုက်မယ်ဆိုရင် ဒီကမ္ဘာကြီးက အများကြီးပိုပြီးကောင်းနေခဲ့တယ်။ မြို့စားအိမ်တော်မှာက အရာအားလုံးအေးစက်လိုက်တာ ရေခဲတမျှပါပဲ။

၀မ်သုန့်က ပြန်ဖြေလာခဲ့ပါတယ်။

"'သိမ်းထားလိုက်ဦး ငါတို့တွေ အခုမှစားပြီခါစရှိသေးတာ ငါတို့ရဲ့ခန္ဓာကိုယ်တွေက သိပ့်ပြီးတော့ မလေးလံလောက်ဘူး...မင်းသိတယ်မလား အကယ်၍ အချိန်ရှိပြီဆိုရင် ငါတို့တွေ နားသင့်တဲ့အချိန်မှာ နားရမယ်...ငါတို့တွေ ပင်လယ်နတ်ဘုရားရေကန်ဘက်ကို လမ်းလျှောက်ပြီး ခန္ဓာကိုယ်ကို ခဏလောက် အပန်ဖြေရအောင် ဒါ့အပြင် ထူးဆန်းရေဆေးလုံးက မင်းရဲ့ကျင့်ကြံဆင့်ကို အတော်လေးမြင့်မားသွားစေတယ်...ဒီလို အချိန်ကာလမှာ သက်သောက်သက်သာ နေဖို့ကို မေ့လို့မဖြစ်ဘူး "

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now