59.60.61.62

87 1 0
                                        

တုနှိုင်းမဲ့ထန်မျိုးနွယ်(၅၉+၆၀)(၁၆*၁+၁၆*၂)
" လူသစ်တွေရဲ့ စာမေးပွဲ "
°°°
ကောင်းပြီလေ အကယ်၍ မင်းတို့မှာ တခြားအကြံပြုချက်ရှိသေးတယ်ဆိုရင် အမြန်ဆုံးနှုန်းကို တင်ပြလိုက် မင်းတို့ကို စဥ်းစားဖို့အတွက် အချိန်တစ်ရက်ပေးမယ်..တခြားအတန်းတွေကလဲ အဖွဲ့တွေခွဲပြီးနေပြီ ဒါပေမယ့် မင်းတို့လောက်တော့ မြန်မှာမဟုတ်ဘူး..သူတို့တွေ သူ့တို့ဘာသာသူတို့ အချိန်နည်းနည်းလောက် ထပ်ဖြုန်းကြပါစေဦး အစောပိုင်းတုန်းက ပေးလိုက်တဲ့စာရွက်တွေ ရေးပြီးပြီမလား ငါတို့ကို ပြန်ပေးလိုက် မင်းတို့တွေ ပြန်ရောက်ရင်း သေသေချာချာ နားကြ ဘယ်သူမှ ပြဿနာရှာမနေကြနဲ့ ကျောင်းသားသစ်တွေရဲ့ စာမေးပွဲကမနက်ဖြန် စတင်မယ်...ငါ့ရဲ့ ရည်ရွယ်ချက်ကတော့ မင်းတို့နှစ်ဆယ့်နှစ်ဖွဲ့စလုံး အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ပဲ အကယ်၍ တစ်ယောက်ယောက်ကသာ ထွက်ရမယ်ဆိုရင် သူတို့တွေ အထုတ်ပြင်ပြီ ထွက်သွားရုံတင်မကဘူး တစ်သက်လုံးမမေ့နိုင်မဲ့ မှတ်ဉာဏ်တွေကိုလဲ ငါ သေချာပေါက်ရအောင် ပေးလိုက်ဦးမယ် "'

ကျိုးယိရဲ့အကြည့်ကိုမြင်ချိန်မှာတော့ အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေအားလုံး စိတ်ထဲမှာအတော်ကို လေးလံလာခဲ့ပါတော့တယ်။ သူတို့တွေ ကြက်သီးတွေထနေခဲ့ပါပြီ။ ကျိုးယိပြောတဲ့ မှတ်ဉာဏ်ဆိုတာ သူတို့အတွက်တော့ မတွေး၀ံ့တဲ့ကိစ္စတွေကြီးပါပဲ။ အိပ်မက်ဆိုးကြီးတစ်ခုတောင် ဖြစ်သွားနိုင်ပါတယ်။

အတန်းနံပါတ်တစ်တစ်ခုလုံးက အဲ့ဒီလိုကြောက်စရာကောင်းတဲ့ အမိန့်အောက်မှာ ငြိမ်သက်သွားပါတော့တယ်။ သူတို့တွေ အကောင်းဆုံးဖြတ်သန်းဖို့အတွက် ကြိုးစားမှသာ ဆရာကျိုးရဲ့ လက်ထဲမှာ အနှိပ့်စက်မခံရမှာပါ။

" ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်ရှောင်း မင်းတို့သုံးယောက် ခဏနေခဲ့ဦး "

တခြားကျောင်းသားတွေက စာရွက်ဖြူတွေကို လာပေးပြီတဲ့နောက် အတန်းကနေ ထွက်ခွာရင်း အခန်းကို ပြန်ဖို့လုပ်ပါတော့တယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်တို့ အုပ်စုအဖွဲ့သာ ကျန်ရစ်တော့တယ်။ လက်ရှိအချိန်မှာတော့ တခြားအတန်းကျောင်းသားတွေက သူတို့ဘာသာသူတို့ အတန်းခွဲနေကြဆဲဖြစ်ပါတယ်။

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now