တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၃၁+၃၂(9*1+9*2)
" တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ် "
°°°
" မဖြစ်ဘူး ငါသည်းခံမှဖြစ်မယ် ငါထုတ်ပယ်ခံရလို့ မဖြစ်ဘူး "ဟို့ယွိဟောင်က အံကိုတင်းတင်းကြိတ်လိုက်ရင်း ခြေလှမ်းတွေရဲ့အရှိန်နှုန်းကို မြင့်တင်လိုက်ပါတယ်။ ပင်ပန်းနေတဲ့စိတ်ကို ကြည်လင်ရှင်းလင်းစေဖို့အတွက် သူ့ရဲ့၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး စိတ်၀ိညာဥ်ထိတ်လန့်မှုကို အသုံးချရင်း သူ့ကိုယ်သူ ဆက်တိုက်ဆိုသလို သတိပေးနေခဲ့တယ်။ အဲ့ဒီနောက် ပြင်းထန်တဲ့နာကျင်မှုက ခန္ဓာကိုယ်ရဲ့ လုပ်ဆော်မှုတွေကို ဆက်တိုက်ဆိုသလို တိုးမြင့်စေခဲ့ပြီး အရှိန်နှုန်းကလဲ နောက်တစ်ကြိမ် ပြန်လည်တိုးတက်လာခဲ့ပြန်ပါပြီ။ ဒါ့အပြင်သူ့ရှေ့မှာ ရှိနေခဲ့တဲ့ လူတစ်ချို့ကိုတောင် သူပြန်ကျော်တက်သွားပါတော့တယ်။
ကျိုးယိကတော့ တိတ်တဆိတ်သာ ရပ်နေဆဲပါ။ ပြီးဆုံးအောင်မြင်သွားတဲ့ကျောင်းသားတွေကို သူအာရုံမစိုက်ပါဘူး မပြီးပြည့်သေးတဲ့ ကျောင်းသားတွေကိုသာ သူအာရုံစိုက်နေခဲ့တယ်။
ဒါ့အပြင် အားလုံးထဲမှာ အမောပန်းပုံစံဆုံးနဲ့ ရှိနေတာကတော့ ဟို့ယွိဟောင်ပါပဲ။ သူ့ရဲ့ ကျောင်း၀တ်စုံတစ်ခုလုံးက ချွေးတွေနဲ့ စိုရွှဲနေခဲ့ပါပြီ။ ဒါက လုံး၀ကို အမှားအယွင်းမရှိနိုင်ပါဘူး။ ဒါပေမယ့် အံကိုတင်းတင်းကြိတ်ထားရင်း ဆက်တိုက်ဆိုသလို တောင့်ခံလို့နေခဲ့ပါတယ်။
အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ဟို့ယွိဟောင်လဲ နောက်ထပ် ရှစ်ပတ်တိတိ တောင့်ခံပြီးပါပြီ။ ဒီတစ်ကြိမ်မှာတော့ နှစ်နာရီအချိန်က အဆုံးသတ်ဖို့အတွက် ငါးမိနစ်သာ ကျန်ပါတော့တယ်။ ဟို့ယွိဟောင်နဲ့အတူတူ ပြေးနေသူတွေက ခုနှစ်ယောက်တိတိ ရှိနေသေးတယ်။ သူတို့ကတော့ သုံးခေါက်နဲ့ ငါးခေါက်သာ ကျန်တော့တဲ့သူတွေပါ။ ဒါ့အပြင် အားအကုန်သုံးရင်း အရှိန်ကို မြင့်တင်နေခဲ့ကြပါတယ်။ အချိန်မီပြီးမြောက်ဖို့အတွက် သူ့တို့မှာ အခွင့်အရေးရှိနေခဲ့သေးတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ စုစုပေါင်း ဆယ့်နှစ်ပတ်တိတိပြေးဖို့ကျန်နေခဲ့တာပါ။
![](https://img.wattpad.com/cover/359694157-288-k350753.jpg)
YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantastikSoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။