91.2.3.4.5.6

51 0 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ် (၉၁+၉၂) စာစဉ်၇ (၂၄*၁+၂၄*၂)
" လောင်းကြေးထပ်မှု "
°°°
၀မ်သုန့်က ရယ်မောလိုက်ပါတယ်။

" ဘာတုန်းက မင်းက အနာခံရတာကို အတော်သဘောကျနေတာလား။ ငါတို့တွေ ဒီနေရာမှာ တခဏတာလောက် လေ့ကျင့်နေလိုက်ရအောင် အဘွားကြီးကျိုး ပြန်လာရင် ငါတို့တွေ ဒီလိုလေ့ကျင့်နေတာ မြင်လို့ကတော့ ကြိုးစားနေတယ်လို့ တွေးမိမှာပဲ။ ဒါဆိုရင် သူလဲ စိတ်အခြေအနေ ပြန်ကောင်းသွားနိုင်လောက်တယ်။ “

" မင်းက ဒီလိုမျိုးကောက်ကျစ်တဲ့နေရာမှာ ပြိုင်ဘက်ကင်းပဲ "

"'မဟုတ်တမ်းတရားတွေမပြောနဲ့ မင်းကမှ ကောက်ကျစ်တဲ့နေရာမှာ ပြိုင်ဘက်ကင်းတာ ငါတို့တွေ နေ့လယ် နောက်ထပ်ပြိုင်ရဦးမယ်..အစောပိုင်းပြိုင်ပွဲတွေကြောင့်လဲ အားကုန်ပြီးပြီ။ ဒီတော့ စွမ်းအားပြန်ဖြည့်တာက ဘာများမှားနေလို့လဲ မင်းသာမင်း လုပ်ချင်လုပ်မလုပ်ချင်နေ စကြရအောင်။"'

သူပြောပြီတာနဲ့ တင်ပလ္လင်ခွေချိတ်ရင်း ဖိနပ်ချွတ်ပြီ ထိုင်လိုက်ပါတယ်။ အဲ့ဒီနောက် လက်နှစ်ဖက်ကို ဆန့်ထုတ်ရင်း ဟို့ယွိဟောင်ဆီကို ​ပေးထားတော့တယ်။

ဟို့ယွိဟောင်ကလဲ အားလပ်တဲ့အချိန်တိုင်း ကျင့်ကြံနေတဲ့သူပါ။ ဒါကြောင့် သူမငြင်းပယ်ခဲ့ပါဘူး။ ၀မ်သုန့်နဲ့ မျက်နှာချင်ဆိုင်ထိုင်လိုက်ရင်း လက်နှစ်ဖက်ကို ပြန်ပြီးတွန်းထုတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ဝိညာဥ်စွမ်းအားတွေကို စတင်ပြီး လှည့်ပတ်တယ်။

ဝိဉာဥ်စွမ်းအားတွေက လှည့်ပတ်ရင်း ပေါင်းစည်းချိန်မှာတော့ မနေ့ကကျင့်ကြံမှုနဲ့ တစ်နည်းတစ်ဖုံကွာခြားနေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့ စွမ်းအားတွေက ပိုလို့ရင်းနှီးလာခဲ့ပါပြီ။ ဒါ့အပြင် ကျင့်ကြံတဲ့နှုန်းကလဲ မနေ့ကထက်ပိုပြီး မြန်ဆန်နေခဲ့ပါတယ်။ ဟောင်သုန့်စွမ်းအားကတော့ ထိတွေ့ချိန်မှာ ချက်ချင်းဆိုသလို ပေါ်ထွက်လာတော့တယ်။ သူတို့တွေ စိတ်စေညွှန်လိုက်တိုင်းမှာ ဟောင်သုန့်စွမ်းအားက ကျင့်ကြံတဲ့လမ်းတွေကို ဖြတ်သန်းသွားလာရင်း မနေ့ကထက်တောင် ဆယ်ရာခိုင်နှုန်းပိုပြီး မြန်ဆန်လာခဲ့ပါပြီ။ သူတို့တွေ ဒီလိုလေ့ကျင့်နေကြချိန်မှာ မျက်လုံးတွေကို ပိတ်ထားခဲ့ပါတယ်။ ဒါကြောင့် အပြာရောင် ခရမ်းရောင်နဲ့ ရွှေရောင်အလင်းတန်းသုံးခု ပေါင်းစည်းနေတာကို မမြင်ရပါဘူး။ ဒီအလင်းတန်းသုံးခုက သူတို့ရဲ့ လက်မောင်းတွေမှာ လှည့်ပတ်နေခဲ့ရင်း ခန္ဓာကိုယ်တွေကို ဖြည်းဖြည်းချင်း ရောက်ရှိလာပါတော့တယ်။ အဲ့ဒီနောက် ခန္ဓာကိုယ်ပေါ်မှာတော့ အလွှာတစ်ခုဖြစ်ပေါ်လာခဲ့ပါပြီ။

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now