1.4 (4)

78 3 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ်(Soul Land 2)
အပိုင်း ၁•၄(အပိုင်း ၄)
" စိတ်ဝိညာဉ်မျက်လုံးပိုင်ရှင် လူငယ် "
°°°
ကောင်မလေးက ဟို့ယွိဟောင်ဆီကို စိတ်အားထက်သန်းမှုအပြည့်နဲ့ ပြေးလာခဲ့ပါတယ်။ အရမ်းကိုဆာလောင်နေတဲ့ပုံစံနဲ့ သူမက မေးလာခဲ့တယ်။

" မောင်ငယ်လေး ဒီငါးကင်တွေကို နင်ရောင်းလား အရမ်းမွှေးတာပဲ ဘယ်လိုကင်ထားတာလဲ "

ဟို့ယွီဟောင်အနေနဲ့ မိန်းမချောတွေကို မမြင်ဖူးတာတော့မဟုတ်ပါဘူး။ သူတို့မြို့စားအိမ်တော်မှာဆိုရင် အစေခံတော်တော်များများက အတော်ကိုလှပကြပါတယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့အနားကို မကပ်ကြပါဘူး။ ဒါ့အပြင် သူ့အရှေ့မှာရှိတဲ့ မိန်းမပျိုလေးကတော့ မြင်ဖူးသမျှသူတွေထဲမှာ အချောဆုံးပါပဲ။ ခြောက်ပြစ်ကင်းပြီးပြည့်စုံနေရုံတင်မကပဲ ထူးခြားတဲ့အရှိန်အဝါတစ်မျိုးကိုလဲ ပိုင်ဆိုင်လို့ထားခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ မျက်နှာကတော့ နီရဲလို့သွားခဲ့ပါပြီး။

" နှစ်ယောက်စလုံးကို ဧည့်ခံချင်ပါတယ် "

ကောင်မလေးက ရယ်မောရင်းပြန်ဖြေလိုက်တယ်။

" မောင်ငယ်လေး အတော်လေးရှက်နေတဲ့ပုံပဲ ဒါဆိုရင် ငါလဲ ယဉ်ကျေးမနေတော့ဘူး "

သူမ ပြောပြီတဲ့နောက် ငါးကင်ကိုအရင်ဆုံးသွားဆွဲပါတော့တယ်။ သူမက ငါးကင်ကို အတော်လေးစားချင်နေပုံပါပဲ ဒါကြောင့် ချက်ချင်းဆိုသလို ပါးစပ်ထဲထည့်ပြီးပြီချင် ထအော်ပါတော့တယ်။

" ပူလိုက္တာ "

သူ့အနောက်ဖက်မှာရပ်နေခဲ့တဲ့ လူငယ်လေးကတော့ စိတ်ညစ်နေတဲ့ပုံစံနဲ့သာ အရှေ့ကိုလျှောက်လာပြီး ဟို့ယွိဟောင်ကို နှုတ်ဆက်ပါတယ်။ အဲ့ဒီနောက် ကောင်မလေးကို ပြောလိုက်တယ်။

" ရှောင်ယာ ဒီညီငယ်လေးကြည့်ရတာ အခုအချိန်ထိ မစားရသေးတဲ့ပုံပဲ အဲ့ဒါကိုမင်းက အရင်ယူစားနေပြီလား "

ရှောင်ယာကတော့ မျက်လုံးပြူးသွားရင်းနဲ့ ပြန်အော်ပါတော့တယ်။

"'ဘာဖြစ်လို့စောစောက မပြောလဲ "'

လူငယ်ကတော့ စိတ်ညစ်လက်ညစ်ပုံစံနဲ့သာ လက်မြောက်လို့ထားခဲ့ပါတယ်။

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now