တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၉၁
အပိုင်း ၅၆•၁ " ရတနာဂုဏ်ပြုလေလံပွဲ "
°°°
" ရတနာဂုဏ်ပြုလေလံပွဲက အတွင်းတပည့်သားတွေအတွက် ဒီနေ့ကျင်းပလိမ့်မယ်..ငါတို့ရဲ့လေလံပွဲက အတွင်းနယ်မြေရဲ့ အတွင်းတပည့်သားတွေကြုံရမဲ့လေလံပွဲလောက် မကောင်းပေမဲ့ ပစ္စည်းကောင်းတွေအများကြီးရှိတယ်တဲ့ ဥပမာအားဖြင့်ဆေးလုံးတွေ ဆေးပင်တွေနဲ့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ၀ိညာဥ်စက်ကွင်းတွေတောင်ရှိတယ်ဆိုပဲ ဒါ့အပြင် ၀ိညာဥ်လက်နက်တွေ သက်ဆိုင်နေတဲ့ ပစ္စည်းတွေထပ်ရှိတယ်လို့ပြောတယ်..ဒါ့အပြင် အားလုံးနီးပါးက အရည်အသွေးလဲအရမ်းကောင်းကြတယ်တဲ့ မင်းသွားမှာလား "ဟို့ယွိဟောင်က ရယ်မောလိုက်ပါတယ်။
" ငါမသွားဘူးလေ ငါမှာဘာသုံးစရာပိုက်ဆံရှိမှာလဲ အဲ့ဒီနေရာမှာ ပစ္စည်းကောင်းတွေပဲရှိပြီဆိုမှတော့ သေချာပေါက် စျေးကြီးမှာပေါ့ ငါအနေနဲ့ ဘာကောင်းမွန်တဲ့ပစ္စည်းကိုမှ မရနိုင်ဘူးဆိုရင် ကိုယ်တိုင်ပဲလုပ်ရမယ်လေ ဒါပေမယ့် ဒီအတိုင်းပိုက်ဆံမရှိပဲ သွားကြည့်တာက ကိုယ့်ကိုကိုယ် နှိပ့်စက်ရာမရောက်ဘူးလား "
၀မ်သုန့်ကတော့ ကျေနပ်သွားရင်း ပြန်ဖြေလိုက်ပါတယ်။
" မင်းဒါကိုမသိဘူးမှန်းငါထင်သားပဲ ငါတို့ရဲ့အစ်ကိုကြီးတွေ အားလုံးက ချမ်းသာနေတာမဟုတ်ဘူးလို့ ပြောခဲ့တယ်မလား ဒီလေလံပွဲက ဘာကိုဆိုလိုချင်တာလဲ နင်သိလား ငါတို့တွေအဲ့ဒီလေလံပွဲမှာ ပစ္စည်းတွေကို အမှတ်နဲ့၀ယ်နိုင်တယ်..ဒါကြောင့်သာ အဲ့ဒီလေလံပွဲက သာမန်ကျောင်းသားတွေအတွက် မဖွင့်တာ "
သိလိုစိတ်အပြည့်နဲ့ ဟို့ယွိဟောင်က မေးလိုက်ပါတယ်။
" အမှတ်နဲ့၀ယ်လို့ရတာလား "
၀မ်သုန့်က ပြောလာခဲ့ပါတယ်။
" ငါတို့ရဲ့ အဓိကအတွင်းတပည့်သားဆိုတဲ့ အဆင့်အတန်းတွေကို ဘာမှသွားပြီ အထင်မသေးလေနဲ့ ဒါ့အပြင် အတွင်းတပည့်သားဖြစ်လာပြီဆိုမှတော့ သေချာပေါက် အပြင်နယ်မြေကနေ ပြီးမြောက်အောင်မြင်နိုင်ချေကိုးဆယ်ရာခိုင်နှုန်းအထက်မှာရှိနေတယ်...ဒါ့အပြင် ကျောင်းသားတစ်ယောက်ချင်းဆီတိုင်းကလဲ ထူးချွန်ထက်မြက်တဲ့ပါရမီရှင်တွေ ဖြစ်တာကြောင့်မလို့ လိုချင်တဲ့သူအရမ်းကိုများတယ်...ငါတို့နိုင်ငံတော်ကဖြစ်စေ တခြားနိုင်ငံတော်တွေတင်မက ငါတို့ကိုလိုအပ်နေတဲ့ နေရာတွေက အများကြီးရှိတယ်...ဒါကြောင့်သာ အပြင်နယ်မြေကနေ ပြီးမြောက်အောင်မြင်ဖို့အတွက် ၀ိညာဥ်ဘိုးဘေးဖြစ်ဖို့လိုအပ်တာပဲ "

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
خيال (فانتازيا)Soul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။