47.48.49.50

47 1 0
                                    

တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း(၁၃*၁+၁၃*၂)(၄၇+၄၈)
" ထူးဆန်းရေဆေးလုံး "
°°°
" ပြိုင်ပွဲစတင် "

ပြိုင်ပွဲစတင်ကြောင်း ကြော်ငြာပြီတဲ့နောက် ဒိုင်ကချက်ချင်းဆိုသလို ကွင်းပြင်ကို ဆုတ်ခွာသွားပါတော့တယ်။ ပေ့ပေ့နဲ့ ရှုစန်းရှီ နှစ်ယောက်စလုံးကတော့ သူတို့ရဲ့ သိုင်းပညာ၀ိညာဥ်တွေကို ဆက်တိုက်ဆိုသလို ထုတ်လွှတ်လိုက်ကြပါပြီ။

၀ိညာဥ်လက်ရည်ယှဥ်တဲ့ နယ်မြေမှာ အော်ဟစ်သံတွေအားလုံးက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားပါတော့တယ်။ အားလုံးကတော့ လူနှစ်ယောက်ကိုသာ အာရုံစိုက်နေခဲ့ကြတယ်။ ကျောင်းတော်ရဲ့အပြင်နယ်မြေမှာ ကျော်ကြားတဲ့သူတွေ ဖြစ်တာကြောင့် ပေ့ပေ့နဲ့ ရှုစန်းရှီတို့ရဲ့ ပြိုင်ပွဲက လူတိုင်းကို လှုပ်ခတ်စေနိုင်တာ အမှန်ပါ။ တခြားကျောင်းတော်သားတွေလဲ တိုက်ခိုက်တဲ့ပွဲတွေကို ကြည့်ရတာ အင်မတန် စိတ်အားထက်သန်ကြပါတယ်။ ဒါ့အပြင် သူတို့အချင်းချင်းလဲ လောင်းကြေးထပ်လာခဲ့ကြပါပြီ။

ပေ့ပေ့ရဲ့ခန္ဓာကိုယ်မှာ အပြာရောင်လျှပ်စီးတန်းတွေက ၀င်ရောက်လို့လာပါတော့တယ်။ သူ့ရဲ့ညာဘက်လက်ကလဲ ချက်ချင်းဆိုသလို ခပ်မြန်မြန်ပဲ ကြီးမားလို့လာတယ်။ အပြာရောင်လျှပ်စီးတန်းတွေက သူ့ရဲ့ သိုင်းပညာ၀ိညာဥ်ကို ထုတ်ဖော်လိုက်ပါပြီ။

တခြားတစ်ဖက်မှာရှိနေခဲ့တဲ့ ရှုစန်းရှီကလဲ လုံး၀ကို အားမနည်းခဲ့ပါဘူး။ သူ့ခန္ဓာကိုယ်က နောက်တစ်ကြိမ် ကြီးမားကျယ်ပြန့်လို့ သွားခဲ့ရင်း သူ့ရဲ့ ကျောင်း၀တ်စုံကိုတောင်ဆန့်ထွက်လို့သွားစေခဲ့ပါတယ်။ အဲ့ဒီနောက် ကြီးမားတဲ့ လိပ်ခွံလိုဒိုင်းကာကြီးက နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါပြီ။ အဲ့ဒီဒိုင်းကာကြီးက သူ့ ညာဘက်လက်မှာရှိနေခဲ့တယ်။

သူတို့နှစ်ယောက် ဖြည်းဖြည်းချင်းနဲ့ ကွင်းပြင်ကို လျှောက်ပြီးပတ်နေခဲ့ကြပါတယ်။ သန်မာအားကောင်းတဲ့ ၀ိညာဥ်စွမ်းအားက နှစ်ယောက်စလုံးဆီကနေ ထွက်ပေါ်လို့နေခဲ့တယ်။ အပြာရောင်တစ်ခု အနက်ရောင်တစ်ခုက ပိုမို အားကောင်းလာနေခဲ့ပါပြီ။ နှစ်ယောက်ရဲ့ကွာခြားချက်ကိုလဲ ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်။

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now