တုနှိုင်းမဲ့ထန်မျိုးနွယ် အပိုင်း ၁၆၁+၁၆၂
အပိုင်း ၄၅•၃" မင်းအသက်ရှင်နေသေးတယ်လား "
°°°
" မင်းကတော့လေ ငါဒါကိုဘာပြောနိုင်ဦးမှာလဲ "ဖန်းယွီက သက်ပြင်းချနေခဲ့ပါတယ်။ အဲ့ဒီနောက် ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ရင်း ဟို့ယွိဟောင်ကို ဆွဲပြီမလိုက်တယ်။ ဒီကလေးက အရမ်းအတွေးလွန်တတ်တာအမှန်ပါပဲ။ ကျိုးယိ ဒေါသထွက်လွန်းလို့ ကျုံ့နေတဲ့မျက်မှောင်တွေလဲ အတော်လေးကို ပြေလျော့သွားခဲ့ပါပြီ။ ၀မ်သုန့်ရဲ့ ဒေါသတွေကသာ မပျောက်ကွယ်သေးတာပါ သူ့စိတ်ထဲမှာသူဘာသာသူတွေးနေခဲ့မိပါတယ်။ ဒီခွေးသားတော့ကလေ နောက်တစ်ခေါက်လိမ်နေပြန်ပြီ ဟို့ယွိဟောင်ရဲ့ အလိမ်အညာက ကျိုးယိနဲ့ ဖန်းယွီတို့ကို ဖြတ်သန်းအောင်မြင်နိုင်ခဲ့ပေမဲ့ ၀မ်သုန့်လိုမျိုး နေ့စဥ်နေ့တိုင်းသိုင်းပညာ၀ိညာဥ်ပေါင်းစည်းပြီ လေ့ကျင့်တဲ့သူကိုတော့ ဘယ်လိုမှလှည့်စားလို့မရနိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင် ကျောင်းတော်ကနေ ထွက်မသွားခင်နေ့အထိ သူတို့က ဆက်တိုက်ဆိုသလို လေ့ကျင့်နေခဲ့တာပါ။ သိုင်းပညာ၀ိညာဥ်သာတစ်ခုခုဖြစ်နေမယ်ဆိုရင် ၀မ်သုန့်အနေနဲ့ သေချာပေါက် အာရုံခံမိမှာဖြစ်ပါတယ်။ ဘာကြောင့် ဘာကိုမှမတွေ့မိရတာလဲ။
ဒီတစ်ကြိမ်မှာ ၀မ်သုန့်က ဟို့ယွိဟောင်ရဲ့အလိမ်အညာတွေကို မထုတ်ဖော်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ စိတ်ထဲမှာသာ သံသယတွေကို နှစ်မြုပ်ထားရမှာပါ။
" ဒါဆိုရင် မင်းအခုဘယ်လိုအခြေအနေရှိလဲ သိုင်းပညာ၀ိညာဥ်အက်ကွဲမဲ့ကိစ္စက ပျောက်ကွယ်သွားပြီလား "
ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။
ကျိုးယိလဲ မျက်မှောင်ပြန်ကြုတ်သွားခဲ့တယ်။
" ဒါကပြဿနာပဲ မင်းရောက်လာတာ နောက်ကျရုံတင်မက ဒုတိယ၀ိညာဥ်စက်ကွင်းတစ်ခုလဲ မရလာသေးဘူး..ကျောင်းတော်က "
" ဆရာကျိုး ကျွန်တော်ဒုတိယသိုင်းပညာ၀ိညာဥ်ကို ရလာခဲ့တယ် "
ကျိုးယိက တအံ့တဩရှိနေချိန်မှာ ဖန်းယွီက ဆက်ပြောပါတော့တယ်။

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
Viễn tưởngSoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။