Part 336
Sue Xing NwayNovember 28, 2022
Chapter 336နေ့ခင်းဘက်တွင် ယွီချင်းရှီ သူ၏ဖတ်စာအုပ်အစုံအလင်ကို ရရှိခဲ့ပြီး ကျန်းရှောင်မန် နှင့်အတူတူ အတန်းမတက်နိုင်တော့ပေ။ စိတ်ထိခိုက်စွာဖြင့် သူ့နေရာသို့ ပြန်ဆုတ်ခွာပြီး ပြဋ္ဌာန်းစာအုပ်များကို ဖွင့်ကာ ကိုယ်ဘာကိုယ် အတန်းတက်လိုက်သည်။
အဓိကအချက်သည်ကား မသွားချင်သည့် ဆန္ဒကို မပြသနိုင်၍ပေ။
အာ...
နောက်ဆုံးတွင် ညနေ ကျောင်းဆင်းချိန်အထိ ဆက်နေခဲ့၏။
ယွီချင်းရှီ သူ့ကျောင်းလွယ်အိတ်တွေကို သိမ်းပြီး ကျန်းရှောင်မန် နောက်ကနေ တိတ်ဆိတ်စွာ စာသင်ခန်းအပြင်သို့ လိုက်ထွက်ခဲ့သည်။
သူက အလွန်တိတ်ဆိတ်နေပြီး သူ့ခြေသံကလည်း တိုးဖွနေခြင်းကြောင့် ကျန်းရှောင်မန် အချိန်တစ်ခုမျှ သတိမထားမိလိုက်ပေ။ ကျောင်းတံခါးက ထွက်လာပြီးနောက် သူမအနောက်မှာ အမြီးသေးသေးလေးတစ်ချောင်းရှိနေတာကို သူမ သိလိုက်ရ၏။
အမြီးလေးသည်ကား ယနေ့မှ ကျောင်းကိုပြောင်းလာသည့် ယွီချင်းရှီဖြစ်နေဆဲပင်။
အရင်တုန်းက နှစ်ယောက်သား တစ်ချိန်တည်း အတူတူဝင်ပြီး အတူတူထွက်ခဲ့ကြသည်။ ဤတစ်ကြိမ်၌ အခြေအနေက နည်းနည်းကွာခြား၏။
ကျန်းရှောင်မန် လမ်းဘေးမှာ ရပ်နေပြီး ဘယ်ညာ ကြည့်လိုက်ပေမဲ့ ယွီချင်းရှီကို လာကြိုရန် တာဝန်ယူထားသည့် ဒရိုင်ဘာနှင့်ကားကို မတွေ့ပါချေ။ သူမ ယွီချင်းရှီ ကိုကြည့်ကာ မေးလိုက်သည်။
"နင့်ရဲ့ဒရိုင်ဘာက ဘယ်မှာလဲ....."
ယွီချင်းရှီ ခေါင်းခါလိုက်၏။
ကျန်းရှောင်မန်က ထပ်မေးပြန်သည်။
" တစ်ယောက်တည်းရောက်လာတာလား...."
ယွီချင်းရှီ ခေါင်းညိတ်လိုက်၏။
"ဒါဆို နင့်မှာနေစရာနေရာမရှိဘူးပေါ့ ...."
ယွီချင်းရှီ ခေါင်းညိတ်လိုက်သည်။
"ဟေ့ နင့်ရဲ့အပြောင်းအရွှေ့က အရမ်းဖြစ်ကတတ်ဆန်းနိုင်တာပဲ ...ကြိုမစီစဉ်ထားဘူးလား...ငါဆို ဟိုးအရင်ကြီးကတည်းက ကြိုတင်ပြင်ဆင်ခဲ့တာ....."
YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖