Part 407
Sue Xing NwayDecember 03, 2022
Chapter 407(Extra-44)သူအရင်ကတည်းက ဤကလေးကိုသတိပြုမိနေခဲ့သည်။ မူလက သူမဆော့ရန်လာသည်ဟုထင်ခဲလ၍ အလွှတ်ပေးထားလိုက်သည်။ သူမထွက်သွားရန်သိပ်ကြာမည်မဟုတ်ဟု သူခံစားခဲ့ရသည်။ သို့သော် သူမက အချိန်အတော်ကြာ လာနေခဲ့မည်ဟု မထင်မှတ်ထားခဲ့၍ ဆရာထန်ကိုပင် လှုပ်ရှားသွားစေသည်။
ဆရာထန်ကပြောလိုက်သည်။
"ဒါဆို ခင်ဗျားကမသိဘူးပေါ့နော်... ဒါဆို ကျွန်တော်ပြောပြပါ့မယ်... ကလေးကိုမဆူပါနဲ့...."
ကျန်းဟွေ့မိန်၏ အမူအရာက အလွန်လေးနက်သွားကာ သူမလက်ဖဝါးများက ချွေးစို့လာ၍ တိတ်တိတ်လေးခိုးသုတ်လိုက်ရသည်။
"ရပါတယ်... ဆရာထန်ပြောပါ...."
ကျန်းယွဲ့က ငိုနေပြီဖြစ်သည်။
သူမက ကြောက်လွန်း၍ ဆရာထန်ပြောသည်ကိုမစောင့်ဘဲ သူမဘာသာအကုန်ထုတ်ပြောပြလိုက်သည်။
"တောင်းပန်ပါတယ် အမေ.... သမီး အမေ မသိဘဲ ကျောင်းကိုခိုးသွားနေခဲ့တာပါ...ဒါပေမဲ့ ကျောင်းအုပ်ကြီးတွေ့သွားလို့ သမီးကိုမောင်းထုတ်ခဲ့ပြီးပါပြီ.... တောင်းပန်ပါတယ် အမေ... ကျောင်းအုပ်ကြီးကပြောတယ် သမီးထပ်လာခဲ့ရင် သမီးတို့တစ်မိသားစုလုံးကိုပါ ရွာပြင်ထုတ်မယ်တဲ့... သမီး ရွာလူကြီးဆီသွားပြီး အပြစ်ဝန်ခံလိုက်ပါ့မယ်.... ဝူး ဝူး ဝူး ဝူး...."
ကလေးက သနားစဖွယ်ငိုယိုနေပြီး အလွန် သနားဖို့ကောင်းနေသည်။
ကျန်းဟွေ့မိန် အံ့အားသင့်သွားရသည်။ သူမ အချိန်အတော်ကြာမှ ပြန်သတိဝင်လာပြီး ကျန်းယွဲ့ပြောလိုက်သည့်အရာများကြောင့် ခေါင်းပင်ပူထူသွားရသည်။
"အမေ... သမီးထပ်မလုပ်ရဲတော့ပါဘူး... သမီးကိုအဝေးကိုမပို့လိုက်ပါနဲ့.... အနာဂတ်မှာပိုပြီးလိမ္မာပါ့မယ်... အရှေ့သွားဆို အနောက်မသွားတော့ပါဘူး...."
ကျန်းယွဲ့က အလွန်ကြောက်လန့်သွားပြီး ကလေးတစ်ယောက်လို ကျန်းဟွေ့မိန်၏လက်ကိုဆွဲကာ ငိုယိုတောင်းပန်နေလေသည်။
ကျန်းဟွေ့မိန်က ဆရာထန်၏စကားကိုနားထောင်ကာ ကလေးမလေး၏စကားကိုလည်းနားထောင်လိုက်သည်။ ဘာတွေဖြစ်နေလဲနားလည်ရန် အချိန်ခဏယူလိုက်ရပြီး အချိန်အတော်ကြာ စကားမပြောတော့ပေ။
YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖