Part 367
Sue Xing NwayDecember 03, 2022
Chapter 367(Extra-4)ကျန်းရှောင်မန်လန့်သွားပြီး တစ်ခွန်းမှထပ်မံမဆိုရဲတော့ချေ။ သူမ၏လက်ချောင်းများကိုသာ လိမ်ယှက်ရင်းရှိုက်နေမိသည်။
ကျန်းရှင်းက ကလေးများကိုဆုံးမရန် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် သူ့ဂေါ်ဖီထုပ်ကလေးအတူးခံလိုက်ရသည့်ဒေါသက ရင်တွင်းတွင်ပို၍ကြီးမားလာသည်။
ဇာတာခွင်မလဲရသေးခင် တံတောင်ဆစ်ကအပြင်ဘက်ကွေးနှင့်ပြီပေါ့လေ...ရတယ်...ရတယ်...
သူတွေးလေလေ ပို၍စိတ်ဆိုးလာလေလေပင်။ သူက ခဏတွေးလိုက်ပြီးနောက် ခုချက်ချင်းဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ ကျန်းရှင်းက ယွီချင်းရှီအားညွှန်ပြကာ
"မင်း...ငါနဲ့လိုက်ခဲ့...”
ယွီချင်းရှီက အသံတိတ်ခေါင်းညိမ့်လိုက်သည်။
ကျန်းရှောင်မန်က ကျန်းရှင်း၏လက်မောင်းကိုဆွဲရင်း စတင်ငိုကြွေးလာသည်။
"ဦးဦး...သူ့ကိုမခေါ်ပါနဲ့...သမီးကိုခေါ်ပါ...သမီးကအရင်သူ့ကိုတွဲဖို့ပြောခဲ့တာပါ...”
"...”
ကျန်းရှင်းဒေါသအိုးပေါက်ကွဲသွားလေပြီ...။
ယွီချင်းရှီက တာဝန်ယူတတ်သောအမျိုးကောင်းသားတစ်ဦးဖြစ်သည့်အလျှောက် ကျန်းရှောင်မန်အပေါ်အရာအားလုံးပုံကျသွားမည်ကို ခွင့်မပြုနိုင်ပေ။
"ဦးဦး...ရှောင်မန်ကအပြစ်မရှိပါဘူး...ကျွန်တော့်ကိုပဲဆူပါ...”
ဒါသက်သက်သူ့ကိုရန်စနေတာမဟုတ်လား...
"တိတ်တိတ်နေကြစမ်း...”
ကျန်းရှင်းက နှာခေါင်းရှုံလိုက်သည်။
"ကောင်းပြီ...ငါမင်းနဲ့မပြောတော့ဘူး...ရှောင်မန်နဲ့ပဲပြောတော့မယ်...”
ဤသို့ဖြင့် ယွီချင်းရှီမောင်းထုတ်ခံလိုက်ရလေသည်။
ကျန်းရှင်းက အခန်းထဲတွင်ရှောင်မန်နှင့်အတူထိုင်ရင်း သူမကိုဘဝအကြောင်းသင်ကြားပေးရန် ပြင်ဆင်လိုက်သည်။ သို့သော် သူကိုယ်တိုင်က စီကာပတ်ကုံးမဆုံးမတတ်သည့် ယောက်ျားကြီးတစ်ဦးဖြစ်သည့်အတွက် ဘယ်ကစပြောရမှန်းမသိချေ။
KAMU SEDANG MEMBACA
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
Fiksi Umumအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖