chapter 347

549 40 1
                                    

Part 347
Sue Xing NwayNovember 28, 2022
Chapter 347

စနစ်သည် လှိုင်းတစ်ခုကို ခွဲခြမ်းစိတ်ဖြာပြီး ကောက်ချက်ချခဲ့သည်။

"ပိုင်ရှင်... စနစ်တစ်ခုက မင်းကို လုပ်ခဲ့တာ....."

စနစ်ကပြောလိုက်၏။

“ဒီစနစ်က ငါတို့ထင်ထားတာထက် ပိုကြောက်စရာကောင်းတယ်...မကောင်းတာတချို့ကို သတိရမိတယ်... ငါတို့ကြုံတွေ့နေရတာက ဒဏ္ဍာရီဆန်ဆန် မဟာစနစ်တစ်ခုဖြစ်နိုင်လောက်တယ်"....."

"ဘာမဟာစနစ်လဲ..."

“ပိုင်ရှင်က အမှတ်တွေရရှိဖို့ စနစ်ကထုတ်ပေးတဲ့တာဝန်တွေကို ပြီးမြောက်ဖို့လိုအပ်တယ်...ပြီးရင်အမှတ်တွေနဲ့စနစ်ကနေတစ်ဆင့် ကုန်သွယ်တယ်... ဒါပေမဲ့ စနစ်မှာ အကြွင်းမဲ့စွမ်းအားရှိနေတာတော့မဟုတ်ဘူး... စနစ်တိုင်းက  သူတို့ရဲ့တာဝန်တွေကို လုပ်ဆောင်ပြီး သက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကိုပဲ လဲလှယ်နိုင်တယ်...ဒီမဟာစနစ်က အမှတ်မပါဘဲ လဲလှယ်နိုင်တယ်...."

"??!!!"

ကျန်းရှောင်မန်၏ မျက်လုံးများ ပြူးကျယ်သွားကာ ရုတ်ချည်း  အဆင့်မြှင့်ရန် တွန်းအားတွေပြည့်လာသည်။

"စနစ်... ဦးဦး ထိပ်ဆုံးထိ အဆင့်မြှင့်ပြီးပြီလား... နောင်မှာ တစ်ခုခု တောင်းရင် အမှတ်တွေ မလိုတော့ဘူးလား...."

ဒါက မဟာစနစ်တွေရဲ့ဆွဲဆောင်မှုလား...

“…ဒါက အဓိက မဟုတ်ဘူး...”

စနစ် မျက်ရည်မကျဘဲ ငိုနေမိသည်။

"ဒဏ္ဍာရီတွေထဲမှာပဲ ဒီလိုမဟာစနစ်မျိုးကို ငါကြားဖူးတယ်...ပိုင်ရှင်က ပစ္စည်းတွေအတွက် အမှတ်နဲ့လဲစရာမလိုပေမဲ့   တိုက်ရိုက်ညီမျှတဲ့ အလဲအလှယ်မျိုးလိုတယ်...   ဥပမာ ကျန်းမာရေးအတွက် ကျန်းမာရေး...စည်းစိမ်ဥစ္စာကို အသုံးပြုပြီး စည်းစိမ်ဥစ္စာနဲ့ လဲလှယ်တာ... အသိပညာကို အသိပညာနဲ့ဖလှယ်တာမျိုးတွေ ....."

သို့သော် ဒြပ်ရှိ အရာများကို မည်သည့်အရာနှင့်မှ ဖန်တီး၍မရနိုင်သည့်အပြင် စနစ်သည်လည်း ဒြပ်များ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေကို လိုက်နာရမည်ဖြစ်ပေသည်။

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်Donde viven las historias. Descúbrelo ahora