Part 365
Sue Xing NwayDecember 03, 2022
Chapter 365(Extra-2)နာရီဝက်အကြာတွင် သူမ၏သဲအိမ်ဆောက်လုပ်ပြီးသွားသည်။ ရှောင်မန်က နဖူးပေါ်မှချွေးများကိုပွတ်သုတ်လိုက်ပြီး နံဘေးတွင်အိပ်နေသည့် ယွီချင်းရှီးကိုနှိုးလိုက်သည်။
"ထတော့...ရေပြန်ချိုးရအောင်...”
ထိုအချိန်တွင် နေကအနောက်ဘက်သို့ရောက်နေပြီဖြစ်ပြီး ဆည်းဆာအချိန်သို့ရောက်နေလေပြီ။ ပုစွန်ဆီရောင်နေဝန်းက တောင်တန်းများအကြားတွင် မေးတင်လျှက်ရှိသည်။
သိမ်မွေ့သောပင်လယ်လေညင်းက သူမကိုယ်ပေါ်သို့ဖြတ်တိုက်သွားသည့်အတွက် ကျန်းရှောင်မန် အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်လာသည်။
ညနေခင်းတွင် အသေးစားညစာစားပွဲရှိသောကြောင့် ထိုအတွက်ပြင်ဆင်ရဦးမှာပင်။
ယွီချင်းရှီက မထချင်ထချင်နှင့်နိုးလာခဲ့ပြီး ပင်လယ်ဘေးရှိဗီလာသို့ သူမနှင့်အတူတူပြန်ရန်ပြင်လိုက်သည်။
သူကဗီလာသို့မသွားခင် ကျန်းရှောင်မန်တနေ့ခင်းလုံးဆောက်နေခဲ့သည့် လက်ရာမြောက်သဲအိမ်ထံအကြည့်ရောက်သွားခဲ့၏။ ၎င်းက သူ့မျက်လုံးထဲတွင် X အက္ခရာပုံပေါ်နေသည်။
သဘာဝကျကျပင် ယွီချင်းရှီထိုအရာအား ထုတ်မပြောရဲချေ။
ဗီလာက ကမ်းခြေနှင့်သိပ်မဝေးသည့်အတွက် ခဏအကြာလမ်းလျှောက်ပြီးနောက် သူတို့နှစ်ဦးပြန်ရောက်သွားကြ၏။
ရှောင်မန်က ယခုလေးတင်ရေများနှင့်ကစားနေခဲ့သည့်အတွက် သူမလက်များကအိထွေးနေကာ အလွန်ကိုင်လို့ကောင်းလေသည်။ ယွီချင်းရှီ သူမ၏လက်ဖဝါးကို အကြိမ်အနည်းငယ်ညှစ်လိုက်မိ၏။
ကျန်းရှောင်မန်က နောက်လှည့်လာကာ သူ့ကိုစိုက်ကြည့်လိုက်သည်။
ယွီချင်းရှီက စနောက်သလိုပြုံးရင်း သူမလက်ဖဝါးလေးကို ထပ်ညှစ်လိုက်၏။
ကျန်းရှောင်မန်၏မျက်နှာနီရဲသွားသည်။ သူမက ယွီချင်းရှီ၏လက်ကိုလွှတ်လိုက်ကာ သဲအိမ်ဆောက်သည့် တန်ဆာပလာများကို သူ့လက်များအတွင်းထိုးထည့်လိုက်ပြီး သူမအခန်းတွင်းသို့ဝင်သွားလေသည်။
YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖