chapter 350

540 40 1
                                    

Part 350
Sue Xing NwayNovember 28, 2022
Chapter 350

စာသင်ခန်းသို့ပြန်ရောက်ပြီးနောက် ကျန်းရှောင်မန် ယွီချင်းရှီ၏နေရာကို တစ်ချက်ကြည့်လိုက်ရာ သူ ထိုနေရာမှာမရှိသည်ကို တွေ့လိုက်ရ၏။

ယွီချင်းရှီကို ဆရာမက ရုံးခန်း ခေါ်သွားခဲ့သည်။

မကြာမီတွင် မြို့နယ်အဆင့် သင်္ချာပြိုင်ပွဲကို မြို့တွင်းရှိ အထက်တန်းကျောင်း အများအပြား ယှဉ်ပြိုင်ကြမည်ဖြစ်ရာ လျှို့ဝှက်ပြိုင်ဆိုင်မှု အတော်လေး ရှိသည်ဟု ဆရာမက ပြော၏။ ဤတစ်ကြိမ်တွင် သူက သင်္ချာစာမေးပွဲမှာ အမှတ်ပြည့် ရခဲ့သဖြင့်  ကျောင်းကသူ့ကို ဝင်ပြိုင်ခိုင်းမှာဖြစ်ပြီး  ဆက်လက်ကြိုးစားပြီး ကျောင်း၏ဂုဏ်ကျက်သရေကိုဆောင်နိုင်မည်ဟု မျှော်လင့်နေသည်။

ယွီချင်းရှီ  ခေါင်းညိတ်ပြီး နားလည်ကြောင်းပြကာ ဆရာရုံးခန်းမှ ထွက်လာခဲ့၏။

မူလက သူ အခြားတစ်နေရာက ကျန်းရှောင်မန်  ဖြစ်ရမည်ဟု မသိစိတ်က တွေးထားသော်လည်း သူမ မဟုတ်ခဲ့ပေ။  လျန့်စီယုက ငှက်ကျား၏အသိုက်ကို သိမ်းပိုက်ထားသူဖြစ်သည်။

စကားမစပ် ကျန်းရှောင်မန်၏ အဖြေလွှာက အကုန်ဖြေမထားပေ။

ယွီချင်းရှီ မျက်မှောင်ကြုတ်လိုက်သည်။ စာသင်ခန်းသို့ပြန်ရောက်ပြီးနောက်  သူမ သူ့ကို တစ်ခုခုဖုံးကွယ်ထားသည်ဟု ခံစားမိသဖြင့်  သူ ကျန်းရှောင်မန်ကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။

"ဘာလို့ ငါ့ကိုဒီလိုကြည့်နေတာလဲ...ဆရာက တစ်ခုခု ဖြစ်နေတယ်ပြောလိုက်လို့လား...."

ယွီချင်းရှီက  ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“ရက်နည်းနည်းကြာရင် သင်္ချာပြိုင်ပွဲတစ်ခုရှိလာမှာ...ငါ့ကို ဝင်ပြိုင်ပြီး ကျောင်းရဲ့ဂုဏ်ကျက်သရေဆောင်ဖို့ အသင့်ရှိနေခိုင်းတာ...."

"ဒါဆို နင်  ကြိုးစားရမယ်....."

ကျန်းရှောင်မန်က သူ့ကို အားပေးမှုကိုပြသရန်အလို့ငှာ သူ့ပုခုံးပေါ် လက်တင်လိုက်သည်။

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်Where stories live. Discover now