Part 372
Sue Xing NwayDecember 03, 2022
Chapter 372(Extra-9)ယွီချင်းရှီ ဤကဲ့သို့နှိပ်စက်မှုမျိုး တစ်ခါမှမခံစားဖူး။ သူ့ခန္ဓာကိုယ်ထဲတွင် မီးတောင်များပွက်ပွက်ဆူနေသလိုရှိကာ အပြင်သို့ပေါက်ကွဲထွက်လာတော့မတတ်ပင်။
ဆယ်ကျော်သက်များက ကိုယ့်စိတ်ကိုယ်ထိန်းချုပ်နိုင်စွမ်းမရှိကြချေ။ ယခုအချိန်တွင် အန္တရာယ်ရှိသောအတွေးများမှာ လှောင်ချိုင့်မှလွတ်လာသောသားရဲကြီးကဲ့သို့ ပေါက်ကွဲထွက်လာကြသည်။
ယွီချင်းရှီ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွား၏။
ကျန်းရှောင်မန်၏အသားအရည်ကို သူပို၍ထိတွေ့ချင်သည်။
"ရှောင်မန်...” ယွီချင်းရှီအသံက တုန်ခါလျှက်။
"ငါ အဆင်မပြေဘူး...”
သူက ခေါင်းကိုအသာငုံ့မိုးရင်း သူမနဖူးလေးကိုအနမ်းခြွေလိုက်သည်။
ကျန်းရှောင်မန် ငိုချင်လာသည်။
သူမဦးခေါင်းသည်လည်း ဆီဖြင့်အကြော်ခံနေရသလို ပူထူနေပြီဖြစ်သည်။ သူမက ယွီချင်းရှီကို တွန်းလိုက်ရင်း
"အရင်ဆုံး စိတ်မလှုပ်ရှားနဲ့...ဖြေရှင်းလို့မရတဲ့ကိစ္စဆိုတာမရှိပါဘူး...”
ယွီချင်းရှီက စကားတစ်ခွန်းမှမပြောပဲ သူမ၏နှုတ်ခမ်းကိုသာ မြဲမြံစွာစိုက်ကြည့်နေမိသည်။သူ့ဦးနှောက်က ထိုနှုတ်ခမ်းလေးအားနမ်းလိုက်ရန် အဆက်မပြတ်တိုက်တွန်းနေ၏။
သူက ခေါင်းကိုငုံ့ကိုင်းလိုက်ရင်း နမ်းရန်ကြံရွယ်လိုက်စဥ် ကျန်းရှောင်မန် သူ့အားတွန်းထုတ်လိုက်၏။ သို့သော် ယွီချင်းရှီက လက်လျှော့မသွားပဲ ထပ်မံကြိုးစားလာသည်။ သူ့ခွန်အားမှာ ပုံမှန်ထက်သာလွန်နေသည့်အလျှောက် ကျန်းရှောင်မန် ရုန်းကန်ရန်မလွယ်ကူတော့ချေ။
သူမက သူ့အားခပ်ပြင်းပြင်းကန်လိုက်၏။
ယွီချင်းရှီ အကန်ခံလိုက်ရသဖြင့် ရှုံ့မဲ့သွားကာ သူမအား မကျေမချမ်းပြန်ကြည့်လာသည်။
"ငါ့နောက်လိုက်ခဲ့...”
ကျန်းရှောင်မန် သူ့မျက်ဝန်းများကိုမကြည့်ရဲချေ။ သူမက ယွီချင်းရှီ၏အခန်းသို့ဦးဆောင်ခေါ်သွားလိုက်ရင်း သူ့အားရေချိုးခန်းတွင်းသို့ တွန်းပို့လိုက်သည်။
YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖